ေနျပည္ေတာ္က စစ္ေၾကာေရးစခန္းတခုမွာ (၁၈) ရက္ၾကာခဲ့တဲ့ အခ်ိန္ဟာ အ႐ွင္လတ္လတ္ ငရဲျပည္ေရာက္ေနသလားအထိ ခံစားခဲ့ရေၾကာင္း၊ ၂၀၂၂ ႏိုဝင္ဘာလမွာ လြတ္ၿငိမ္းခ်မ္းသာနဲ႔ ရမည္းသင္းေထာင္က လြတ္ေျမာက္လာတဲ့ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္လည္းျဖစ္၊ ေဒၚေအာင္ဆန္းစုၾကည္ကို အနီးကပ္ အကူအညီေပးခဲ့သူလည္းျဖစ္တဲ့ ကိုေက်ာ္ေဌးဦးက ဗြီအိုေအကို ေျပာပါတယ္။
အၾကမ္းဖက္ဥပေဒပုဒ္မ ၅၂ (က) နဲ႔ ေထာင္ဒဏ္ (၇) ႏွစ္ ခ်မွတ္ခံခဲ့ရေပမယ့္ အေမရိကန္ႏိုင္ငံသားျဖစ္တဲ့အတြက္ ေထာင္ထဲမွာ ရက္ေပါင္း (၄၂၀) ေက်ာ္ေနခဲ့ရၿပီးေနာက္ပိုင္း လြတ္ေျမာက္လာခဲ့သူ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းခ်ိန္မွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အတြက္ လိုအပ္တဲ့ စားနပ္ရိကၡာေတြကို ကိုေက်ာ္ေဌးဦးက ေပးပို႔ခဲ့တာပါ။ မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။
ေျဖ ။ ။ က်ေနာ္က ေဒၚေအာင္ဆန္းစုၾကည္ေဘးနားမွာ ေနတယ္ဆိုတာက low profile နဲ႔ ေနခဲ့တာပါ။ က်ေနာ္ အေမရိကကေန ျပန္သြားေတာ့ ၂၀၁၇ - အဲဒီေတာက္ေလွ်ာက္မွာလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ လေရာင္ေတာစီမံကိန္းမွာ က်ေနာ္က အနီးကပ္ႀကီးၾကပ္လုပ္ကိုင္ရပါတယ္။ လုပ္ရတဲ့အခါၾကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ကလည္း ဘယ္ေလာက္အထိ ရွင္းရွင္းလင္းလင္း မူဝါဒခ်မွတ္ထားသလဲဆိုရင္ အစိုးရနဲ႔ မပတ္သက္တဲ့ အဖြဲ႔အစည္းျဖစ္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ့္ကို ေျပာတဲ့ေနရာမွာလည္း (၁) NLD နဲ႔ မထိဆက္နဲ႔။ (၂) အစိုးရဝန္ႀကီးေတြနဲ႔ မထိဆက္နဲ႔။ တိုင္းျပည္ရဲ ႔ တကယ့္စက္ယႏၱရားေတြ လည္ပတ္ေနတဲ့ အခြင့္အာဏာကို မသံုးရဘူးဆိုတာကို တိတိက်က် ညႊန္ၾကားပါတယ္။ က်ေနာ္တိုိ႔ NGO အဖြဲ႔မွာ လုပ္တဲ့အတြက္ ဒီလိုဟာမ်ဳိး က်ေနာ္က ပညာရွင္တေယာက္အေနနဲ႔ပဲ လေရာင္ေတာ စိုက္ပ်ဳိးေရးစီမံကိန္္းမွာ လုပ္ခဲ့ရပါတယ္။ အဲဒီအခါၾကေတာ့ က်ေနာ္ကိုယ္တုိင္လည္း ဒီမွာလုပ္ေနတယ္ဆိုတာ က်ေနာ့္ရဲ ႔ အရင္းနီွးဆံုး သူငယ္ခ်င္းေတြေတာင္ မသိပါဘူး။ က်ေနာ္ အဲဒီလိုမ်ဳိး ေနခဲ့တယ္။ ေနခဲ့တဲ့အတြက္လည္း စစ္ေထာက္လွမ္းေရးေတြ၊ စအဖေတြက မ်က္စိေမွာက္ခဲ့တယ္။ ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ ေနာက္ဆံုး ဘယ္သူမွ အျပင္မွာ လုပ္ေပးရမယ့္လူ မက်န္တဲ့အခ်ိန္ၾကေတာ့ က်ေနာ္ ေဒၚေအာင္ဆန္းစုၾကည္ကို ပံုမွန္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လူငယ္ (၈) ေယာက္ အဖမ္းခံရပါတယ္။
အဲဒီေတာ့ သူတုိ႔ရဲ ႔ စားဝတ္ေနေရးအတြက္ စအဖကတဆင့္ ေဒၚေအာင္ဆန္းစုၾကည္ ဘာေတြလိုလဲ - ေဆးဝါးကအစ သူတုိ႔ခြင့္ျပဳခ်က္နဲ႔ တပတ္ကိုတခါ ေရွ ႔ေနကေနတဆင့္ ေပးရပါတယ္။ ေပးရတဲ့အခါၾကေတာ့ တျဖည္းျဖည္းနဲ႔ သူတုိ႔ရဲ ႔ ရုပ္လံုးေတြ ေပၚလာတာေပါ့။ ပထမပိုင္းကေတာ့ သူတို႔က ေဒၚေအာင္ဆန္းစုၾကည္ကို ရမလားဆိုၿပီးေတာ့ ညိွႏိႈင္းတာေတြ၊ ေဆြးေႏြးတာေတြ ရတဲ့နည္းနဲ႔ ဆက္သြယ္ၾကတယ္။ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္က တုိင္းျပည္နဲ႔ ျပည္သူလူထုေပးထားတဲ့ mandate ေပၚမွာ မေဖာက္ျပန္ဘူး။ အလြဲသံုးစားမလုပ္ဘူး။ အဲဒီအတြက္လည္း စစ္အာဏာရွင္ေတြက အလြန္မတန္ ေဒါသထြက္ၾကတယ္။ ေနာက္ပိတ္ဆံုးအခ်ိန္မွာ က်ေနာ့္ကို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ စကားေျပာဆိုလို႔ဆိုၿပီးေတာ့ အေၾကာင္းျပခ်က္နဲ႔ (၉) လပိုင္း (၁၃) ရက္ေန႔မွာ လဖမ္းပါတယ္။
ေမး ။ ။ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထိန္းသိမ္းလိုက္္တဲ့အခ်ိန္္မွာ ကိုေက်ာ္ေဌးဦးက ေထာက္ပို႔လုပ္ေပးရတယ္ဆိုေတာ့ အဲဒီ့ရဲ ႔ အေတြ႔အႀကံဳကို ေျပာျပေပးပါအံုးရွင့္။
ေျဖ ။ ။ ေဒၚေအာင္ဆန္းစုၾကည္ဆီကို ပစၥည္းပို႔တဲ့ေနရာမွာ ေဒၚေအာင္ဆန္းစုၾကည္ဆီက လိုတဲ့ပစၥည္း စာရြက္ထြက္လာတယ္။ ထြက္လာတာက ဘယ္လိုပံုစံနဲ႔ ထြက္လာသလဲဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို အနီးကပ္ထားတဲ့ စအဖေတြ၊ အၾကမ္းဖက္တိုက္ဖ်က္ေရးအဖြဲ႔က ေဒၚေအာင္ဆန္းစုၾကည္ကို အနီးကပ္ထိန္းတယ္။ ၿပီးေတာ့ စအဖက ထိန္းတယ္။ အဲဒီလို ႏွစ္ဆင့္တက္လာၿပီးေတာ့မွ SB ဆီကို ေရာက္တယ္။ SB ဆီကေန ၿမိဳ ႔နယ္ရဲမွဴးဆီကို ေရာက္တယ္။ ၿမိဳ ႔နယ္ရဲမွဴးကမွ ေရွ ႔ေနကိုေျပာတယ္။ ေရွ ႔ေနကမွ က်ေနာ့္ကိုတဆင့္ေျပာတယ္။ အဲဒီလို တရားဝင္အဆင့္ဆင့္ ျဖတ္လာတဲ့စာရင္း။ ၿပီးရင္ သူတုိ႔လိုအပ္တဲ့ - ဥပမာ ၾကက္သြန္၊ အာလူး၊ ဆန္၊ ဆီ လိုတဲ့ အေျခခံစားကုန္ - ခရမ္းခ်ဥ္သီး၊ ခ်ဥ္ေပါင္ရြက္၊ မွ်စ္ - သူတုိ႔လိုတဲ့ စာရင္းေလးေတြကအစ။ တပတ္ကို ပစၥည္း (၂၅) မ်ဳိး - (၂၆) မ်ဳိး ပါတယ္။ အဲဒီလိုဟာမ်ဳိးကို က်ေနာ္က ဝယ္ေပးရတယ္။ ဝယ္ေပးၿပီးရင္ ေစာေစာကေျပာတဲ့ အမွတ္ (၁) ၿမိဳ ႔မရဲစခန္းကို သြားပို႔ရတယ္။ ပို႔ၿပီးရင္ အမွတ္ (၁) ၿမိဳ ႔မရဲစခန္းက စခန္းမွဴး ကိုသိန္းေဌး (သံုးပြင့္) က ပစၥည္းေတြကို စစ္တယ္။ စစ္ၿပီးရင္ သူက ဓါတ္ပံုရိုက္တယ္။ သူ႔ရံုးအဖြဲ႔က လူေတြက ထပ္ရိုက္တယ္။ က်ေနာ္ေရးတဲ့ပစၥည္း မွန္ကန္တယ္ဆိုတာကို သူတုိ႔က စစ္ၿပီးေတာ့ ေစာင့္ၾကည့္ခိုင္းတယ္။ SB က ေကာင္ လူယူၿပီဆိုမွ - အကိုရၿပီ သြားေတာ့ဆိုေတာ့မွ SB ကို ပစၥည္းေပးတာကို က်ေနာ္က ရံုးခန္းေနာက္ဘက္ကေန ၾကည့္ရတယ္။ SB က လူ လာသယ္သြားၿပီဆိုရင္ က်ေနာ့္တာဝန္ၿပီးၿပီ။ အဲဒီမွ က်ေနာ္က ရဲစခန္းထဲကေန ျပန္ထြက္တယ္။
ေမး ။ ။ အဲဒီေတာ့ အစပိုင္းတုန္းက ကိုေက်ာ္ေဌးဦး ကို သူတုုိ႔က ေဒၚေအာင္ဆန္းစုၾကည္အတြက္ ပစၥည္းေတြကို ပံ့ပိုးေပးဖုိ႔ သူတုိ႔ တရားဝင္ခြင့္ျပဳထားတယ္။ သူတုိ႔လည္း သိေနသားနဲ႔ သူတုိ႔ ကိုေက်ာ္ေဌးဦး ကို ဖမ္းဆီးတဲ့အခါမွာ အဓိကအေၾကာင္းရင္းက ဘာေၾကာင့္လဲလို႔ သိရပါသလဲရွင့္။
ေျဖ ။ ။ အဓိကအေၾကာင္းရင္းကေတာ့ သူတုိ႔ official ေျပာတာကေတာ့ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းနဲ႔ က်ေနာ္နဲ႔ စကားေျပာလို႔ဆိုၿပီး အေၾကာင္းျပပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ပို႔လို႔၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ ေဝယ်ာဝစၥေတြ လုပ္ေပးလို႔ဆိုတဲ့ အေၾကာင္းကေတာ့ တရားရံုးမွာ မတင္ပါဘူး။ အဲဒါနဲ႔လည္း မဆြဲပါဘူး။ ေထာက္လွမ္းေရးမွာေတာ့ ညွဥ္းပန္းႏိွပ္စက္ေမးတာေတာ့ က်ေနာ္ကို CIA လို႔ စြပ္စြဲတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဆီကို လာၿပီးေတာ့ အေမရိကန္နဲ႔ သတင္းပို႔ေနတယ္ဆိုၿပီးေတာ့ အဲဒီလိုမ်ဳိး က်ေနာ့္ကို ညွဥ္းပန္းႏိွပ္စက္ပါတယ္။
ေမး ။ ။ စစ္ေၾကာေရးကာလအတြင္းမွာ ဘယ္လိုရင္ဆိုင္ခဲ့ရပါသလဲရွင့္။
ေျဖ ။ ။ စစ္ေၾကာေရးမွာ အားလံုး (၁၈) ရက္ ေနရပါတယ္။ ေတာ္ေတာ္ကို မိုက္မိုက္ရိုင္းရိုင္း လူမဆန္စြာေတြ လုပ္ပါတယ္။ က်ေနာ့္ကို mentally, physically ေတာ္ေတာ္ေလး ညွဥ္းပန္းႏိွပ္စက္ပါတယ္။ အဲဒီမွာ က်ေနာ့္ သြားေလးေခ်ာင္းစလံုး မရိွေတာ့ပါဘူး။ အဲဒါ ထိုး ညွဥ္းပန္းႏိွပ္စက္ခံရတာ။ ဒီဘယ္ဘက္ သြားေလးေခ်ာင္းက ေထာက္လွမ္းေရးမွာ ျပဳတ္တာ။ ညာဘက္ခ်ဳိးေစာင္းမွာ ေခါင္းေပါက္ပါတယ္။ ဒါကေတာ့ က်ေနာ့္ကို ညွဥ္းပန္းႏိွပ္စက္တာ။ ပထမ (၅) ရက္ဆိုရင္ ထမင္းတနပ္ပဲ ေကၽြးပါတယ္။ စစ္ေၾကာေရးထိုင္ခံုမွာ (၇) ရက္ (၂၄) နာရီ၊ အဂၤေတေပၚမွာ အိပ္ခဲ့ရပါတယ္။ ေနာက္ က်ေနာ့္ကို အေမရိကန္ႏုိင္ငံသားမွန္း သိသြားတဲ့အခ်ိန္ၾကေတာ့ ဆက္ဆံေရးေျပာင္းသြားပါတယ္။ အားလံုး ေထာက္လွမ္းေရး စစ္ေၾကာေရးမွာ (၁၈) ရက္ ေနခဲ့ရပါတယ္။ ညွဥ္းပန္းႏိွပ္စက္တာေတြကေတာ့ ေတာ္ေတာ့ကို ဆိုးပါတယ္။ အဲဒီမွာ စိတ္ပိုင္းဆုိင္ရာကို ၿခိမ္းေျခာက္တဲ့ဟာေတြ၊ စားပြဲခံုေပၚမွာ လက္ပစ္ဗံုးခ်ၿပီးေတာ့၊ ေသနတ္ခ်ၿပီးေတာ့၊ က်ည္ဆံခ်ၿပီးေတာ့ - မင္းေကာင္းေကာင္းေျဖ - မေျဖရင္ ပစ္သတ္လိုက္လို႔ရတယ္။ မင္းကို ပစ္သတ္လုိက္ရင္ ငါတုိ႔ ရာထူးေတာင္ တုိးအံုးမယ္။ အဲဒီလိုမ်ဳိးအထိ ညွဥ္းပန္းႏိွပ္စက္တယ္။ မင္းထြက္ေျပးလို႔ ငါတုိ႔ ပစ္သတ္လိုက္တယ္ - အဲဒီလိုမ်ဳိး လိမ္ၿပီးေတာ့ ေျပာမယ္ဆိုတဲ့ ပံုစံနဲ႔ကို ၿခိမ္းေျခာက္ၾကတယ္။ ၿပီးရင္ သူတုိ႔မွာ Video Files ေတြ ရိွပါတယ္။ အဲဒီ Video Files ေတြ ျပပါတယ္။ ဘယ္လို ညွဥ္းပန္းႏိွပ္စက္ထားတယ္ဆုိတာေတြ။ လူတေယာက္ရဲ ႔ ပါးစပ္ထဲကို အက္ဆစ္လိုထည့္ၿပီး အျမဳပ္ေတြထြက္ၿပီး ေလာင္ကၽြမ္းေနတဲ့ပံု ျပတယ္။ ၿပီးရင္ ဝါးခၽြန္နဲ႔ ထိုးေနတဲ့၊ စစ္ဖိနပ္နဲ႔ နင္းေနတဲ့ ပံုေတြကို ျပပါတယ္။ မင္းလားကြ NLD, မင္းလားကြ ငနီေၾကာင္ အဲဒီလို တေယာက္က စစ္ဖိနပ္နဲ႔ နင္းေနတာ။ ၾကည့္ေတာ့ အရပ္ဝတ္စံုနဲ႔ပါ။ ဖိနပ္ကေတာ့ Jungle Boots ေတာစီးဖိနပ္ ေခၚတာေပါ့။ အဲဒီလိုဖိနပ္နဲ႔ လည္ပင္းကို နင္းေနတဲ့ပံု။ အဲဒီလိုပံုေတြ က်ေနာ့္ကို ျပပါတယ္။ အဲဒါေတြျပၿပီးေတာ့ ၿခိမ္းေျခာက္တာေပါ့။ အဲဒီေလာက္အထိလုပ္တယ္။ မင္းေကာင္းေကာင္းေျဖ။ အထူးသျဖင့္ က်ေနာ့္ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဘယ္လိုပတ္သက္လဲ။ ေဒၚေအာင္ဆန္းစုၾကည္ကို မင္း ဘာလို႔ ဒီလိုလုပ္ေပးေနသလဲ။ ဒါက က်ေနာ္က ေဒၚေအာင္ဆန္းစုၾကည္လို ရိုးရိုးသားသား၊ ယဥ္ယဥ္ေက်းေက်း ေခၚတာ။ သူတုိ႔က ေအာင္ဆန္းစုၾကည္၊ စုၾကည္ ေတာ္ေတာ္ကို မိုက္မိုက္ရိုင္းရိုင္း - အခုအခ်ိန္အထိ ေဒၚေအာင္ဆန္းစုၾကည္အေပၚ သူတုိ႔ အၿငိဳးအေတးနဲ႔ ဆက္ဆံေနတုန္းပါ။
ေမး ။ ။ စစ္ေၾကာေရးကာလ ရက္ (၂၀) နီးပါး စစ္ေဆးၿပီးတဲ့အခါၾကေတာ့ ကိုေက်ာ္ေဌးဦး ကို ဘာဆက္လုပ္လဲရွင့္။
ေျဖ ။ ။ က်ေနာ့္ကို စက္တင္ဘာလ (၃၀) ရက္ေန႔မွာ အမွတ္ (၁) ၿမိဳ ႔မရဲစခန္းကို ေခၚသြားပါတယ္။ အဲဒီမွာလည္း စစ္ေၾကာေရးစခန္းက ထြက္တဲ့အခ်ိန္မွာ မ်က္လံုးကို ပိတ္ထားၿပီးေတာ့ ကားေပၚတက္ခါနီး ဘာေျပာလဲဆိုေတာ့ - မ်က္လံုးပိတ္ထားၿပီးတဲ့အခ်ိန္မွာ တပ္မွဴးဆိုတဲ့ေကာင္တေကာင္ ေရာက္လာပါတယ္။ တပ္မွဴး ခဏစကားေျပာမယ္ဆိုၿပီးေတာ့ - အဲဒီလူကေတာ့ နည္းနည္းယဥ္ေက်းပါတယ္ - ခင္မ်ား ေကာင္းေကာင္းေန၊ ခင္မ်ား ေကာင္းေကာင္းမေနဘဲနဲ႔ က်ယ္က်ယ္ေလာင္ေလာင္ ေျပာမယ္ဆိုရင္ အႏွစ္ (၂၀) က်သြားမယ္။ ခင္မ်ား ပါးစပ္ပိတ္ထား။ မလိုအပ္ဘဲနဲ႔ ေလွ်ာက္မေျပာနဲ႔။ အဲဒီလိုေျပာတာနဲ႔ ခင္မ်ား ဒုကၡေရာက္ၿပီဆိုတာ မွတ္ပါလုိ႔ က်ေနာ့္ကို ကားေပၚတင္လိုက္ပါတယ္။ အဲဒီ Van ကားေပၚမွာ က်ေနာ့္ေဘးနားမွာ ႏွစ္ေယာက္ထိုင္တယ္။ လက္ထိပ္ခတ္ထားတယ္။ ေရွ ႔က ႏွစ္ေယာက္ပါတယ္။ က်ေနာ့္ကို ေခၚသြားတယ္။ မိနစ္ (၂၀) ေလာက္ ၾကာတယ္။ အဲဒီေထာက္လွမ္းေရးစခန္းကေန။ ေနာက္ေတာ့ ျပန္သိတယ္။ သူတုိ႔ က်ေနာ့္ကိုထားတဲ့ ေနရာက ဂ်ီေဒါင္ကန္ - စစ္ေၾကာေရးမွာလုိ႔ သိရတယ္။ ေနာက္ အမွတ္ (၁) ၿမိဳ ႔မရဲစခန္းကို ေရာက္တယ္။ အမွတ္ (၁) ၿမိဳ ႔မရဲစခန္းဆိုတာက က်ေနာ္ အပတ္တိုင္းသြားၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ပစၥည္းပို႔ေပးေနတဲ့ ရဲစခန္း။ အဲဒီ့ ရဲစခန္းေရာက္ေတာ့ ေန႔လယ္ တစ္နာရီခြဲ ႏွစ္နာရီေလာက္ၾကေတာ့ ဥတၱရ အထူးရံုးကဆိုၿပီးေတာ့ Video Conferencing နဲ႔ က်ေနာ့္ကို ပုဒ္မ (၅၂ - က) နဲ႔ တရားစြဲပါတယ္ဆိုၿပီးေတာ့ ေျပာပါတယ္။ အဲဒီမွ က်ေနာ္ ေရွ ႔ေန ငွားရပါတယ္။ ေနာက္ ေနျပည္ေတာ္ေထာင္ ေရာက္တဲ့အခ်ိန္မွာ ေျခခ်င္းခတ္တယ္။ ေနာက္ က်ေနာ့္ကို (၁၈) ရက္လံုးလံုး အဲဒီ Q ေဆာင္မွာ ေနရပါတယ္။ အဲဒီ Q ေဆာင္မွာလည္း ေနျပည္ေတာ္အခ်ဳပ္ေထာင္ရဲ ႔ Q ေဆာင္ဆိုတာက ေထာင္ရဲ ႔ေရွ ႔မွာ အရင္ထားတယ္။ အဲဒီမွာ က်ေနာ္တို႔ ထပ္ၿပီးေတာ့ ညွဥ္းပန္းႏိွပ္စက္ခံရတယ္။ ရဲက သံုးရက္တိတိ က်ေနာ္တို႔ကို ညွဥ္းပန္းႏိွပ္စက္တယ္။ ညတိုင္းလိုလို သာမန္အက်ဥ္းသားေတြက က်ေနာ့္ကို ထိုးခိုင္းတယ္။ ထိုးစမ္း - အဲဒီေနာက္က ထိုင္ေနတဲ့ေကာင္ကို။ သူက သူ႔ကိုယ္သူ ႏုိင္ငံျခားသားဆိုၿပီးေတာ့ ျဖစ္ခ်င္တဲ့ေကာင္။ အေမေက်ာ္ ေဒြးေဒၚလြမ္းတဲ့ေကာင္ ဆိုၿပီးေတာ့ က်ေနာ့္ကို ေဆာင့္ကန္တယ္။ ထိုးၾကတယ္။ သြားတေခ်ာင္းက အဲဒီမွာ ျပဳတ္တယ္။ ေထာက္လွမ္းေရးမွာေတာ့ သြားသံုးေခ်ာင္း ျပဳတ္တယ္။ ေလးေခ်ာင္း ဆံုးရွံဳးခဲ့ရတယ္။ ခႏၶာကိုယ္မွာေတာ့ ဒဏ္ရာေတြက အဲဒီအခ်ိန္တုန္းက ေတာ္ေတာ္ေလးဆုိးတယ္။ ၿပီးေတာ့ အဂၤေတေပၚမွာ အိပ္ရတယ္။
ေမး ။ ။ အဲဒီေတာ့ ကိုေက်ာ္ေဌးဦး ကို သူတုိ႔ ေထာင္ထဲမွာထားၿပီးတဲ့ေနာက္ပိုင္း ျပန္မလႊတ္ခင္အခ်ိန္္အထိ ေထာင္တြင္းျဖတ္သန္းရတဲ့ အေနအထား ဘယ္လုိရိွပါသလဲရွင့္။
ေျဖ ။ ။ က်ေနာ္ ေနျပည္ေတာ္အခ်ဳပ္ေထာင္မွာ အားလံုး (၇) လ ေနရပါတယ္။ တရားရံုးမွာ အမႈတည္ေဆာက္တဲ့အခါမွာ သူတုိ႔ဘက္က ဘယ္လိုမွကို အဆင္မေျပဘူး။ ခ်ဆိုလို႔သာ ခ်တာ။ တရားသူႀကီးမကေတာင္ ေတာင္းပန္ပါတယ္ - ဦးေက်ာ္ေဌးဦရယ္ က်မတုိ႔လည္း ဘယ္လိုမွကို မျဖစ္လုိ႔ အျမင့္ဆံုးေထာင္ဒဏ္ (၇) ႏွစ္ ခ်လိုက္ပါတယ္။ ေထာင္ထဲမွာ ေနရတဲ့အခ်ိန္မွာလည္း ေတာ္ေတာ္ကို ဆိုးပါတယ္။ ေနျပည္ေတာ္အခ်ဳပ္ေထာင္က လံုးဝမေကာင္းဘူး။ ေရကအစ ဝယ္ေသာက္ရတယ္။ အခုအခ်ိန္အထိလည္း အက်ဥ္းသားေတြမွာ ေသာက္ေရသန္႔ ေကာင္းေကာင္း မရပါဘူး။ ခ်ဳိးေရဆိုလည္း ေတာ္ေတာ္ဆုိးပါတယ္။ ေနာက္ပိတ္ဆံုး ေထာင္မွဴးႏွစ္ပြင့္ ေက်ာ္သူရဆုိရင္ ေတာ္ေတာ္ကို ဖိႏိွပ္တယ္။ ႏိွပ္စက္တယ္။ ရတဲ့နည္းနဲ႔ကို ညစ္ပတ္ေကာက္က်စ္တယ္။ ဘယ္ေတာ့မွ သူတို႔ေတြက ဥပေဒလည္း မေလးစားဘူး။ လူေတြကို လူလို႔လည္း မထင္ဘူး။ သူဆိုရင္ ဂုဏ္ယူစြာနဲ႔ ေျပာေနေသးတယ္ - ခင္မ်ားတုိ႔လို အက်ဥ္းသားေတြ - ပထမတုန္းက မင္းနဲ႔ငါနဲ႔ ေျပာတာ - ေနာက္ပိုင္းၾကမွ က်ေနာ့္ကိ အေမရိကန္သံရံုးက အဆက္အသြယ္ရၿပီ၊ သံရံုးနဲ႔ တပတ္တခါ ေျပာရတဲ့အခ်ိန္ၾကမွ သူက က်ေနာ့္စားပြဲေရွ ႔ လာထုိင္တယ္။ အၿမဲတမ္း က်ေနာ္ စကားတခြန္း မွားမလားဆိုတာကို အၿမဲတမ္းေစာင့္ၾကည့္တယ္။ ၿပီးရင္ သူေျပာတဲ့ စကားအတိုင္းေျပာရရင္ - အက်ဥ္းသားေတြကို မိန္းက်င္း ရိွတယ္။ မိန္းက်ဥ္းကေန ေလာက္ေလးခြနဲ႔ အဲဒီလိုပစ္ၿပီးေတာ့ကို ႏိွမ္းနင္းတာ။ ေသနတ္မရိွလို႔ ေသနတ္ရိွလို႔က ပစ္ေတာင္ ပစ္မယ္ဆိုတဲ့ အယူအဆနဲ႔ကို ေျပာတယ္။ ေတာ္ေတာ္ကို ဆိုးတယ္။ ထမင္းေကၽြးတာကေတာ့ က်ေနာ္တုိ႔ ၈၈ နဲ႔ ႏိႈင္းယွဥ္ရင္ေတာ့ ထမင္းေလးေတြ ေကာင္းလာတယ္။ အသားေလးရက္ ေကၽြးတယ္။ ဒါကေတာ့ ေဒၚေအာင္ဆန္းစုၾကည္လက္ထက္က လုပ္ခဲ့တဲ့ ျပဳျပင္ေျပာင္းလဲေရးထဲမွာ တခုေပါ့။ အရင္တုန္းကေတာ့ အသားတစ္ရက္ပဲ ေကၽြးတယ္။ အခုဆိုရင္ ေလးရက္ ေကၽြးပါတယ္။
မအင္ၾကင္းႏိုင္ ။ ။ ေနာက္တပတ္မွာလည္း ႏုိင္ငံေရးအက်ဥ္းသားေဟာင္း ကိုေက်ာ္ေဌးဦးနဲ႔ ေမးျမန္းထားတဲ့ ဒုတိယပိုင္းကို ဆက္လက္ထုတ္လႊင့္ဖို႔ ရိွပါတယ္။
=== Unicode ===
နေပြည်တော်က စစ်ကြောရေးစခန်းတခုမှာ (၁၈) ရက်ကြာခဲ့တဲ့ အချိန်ဟာ အရှင်လတ်လတ် ငရဲပြည်ရောက်နေသလားအထိ ခံစားခဲ့ရကြောင်း၊ ၂၀၂၂ နိုဝင်ဘာလမှာ လွတ်ငြိမ်းချမ်းသာနဲ့ ရမည်းသင်းထောင်က လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် အကူအညီပေးခဲ့သူလည်းဖြစ်တဲ့ ကိုကျော်ဌေးဦးက ဗွီအိုအေကို ပြောပါတယ်။
အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရပေမယ့် အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက် ထောင်ထဲမှာ ရက်ပေါင်း (၄၂၀) ကျော်နေခဲ့ရပြီးနောက်ပိုင်း လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကိုကျော်ဌေးဦးက ပေးပို့ခဲ့တာပါ။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဖြေ ။ ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ နေတယ်ဆိုတာက low profile နဲ့ နေခဲ့တာပါ။ ကျနော် အမေရိကကနေ ပြန်သွားတော့ ၂၀၁၇ - အဲဒီတောက်လျှောက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လရောင်တောစီမံကိန်းမှာ ကျနော်က အနီးကပ်ကြီးကြပ်လုပ်ကိုင်ရပါတယ်။ လုပ်ရတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဘယ်လောက်အထိ ရှင်းရှင်းလင်းလင်း မူဝါဒချမှတ်ထားသလဲဆိုရင် အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော့်ကို ပြောတဲ့နေရာမှာလည်း (၁) NLD နဲ့ မထိဆက်နဲ့။ (၂) အစိုးရဝန်ကြီးတွေနဲ့ မထိဆက်နဲ့။ တိုင်းပြည်ရဲ့ တကယ့်စက်ယန္တရားတွေ လည်ပတ်နေတဲ့ အခွင့်အာဏာကို မသုံးရဘူးဆိုတာကို တိတိကျကျ ညွှန်ကြားပါတယ်။ ကျနော်တိို့ NGO အဖွဲ့မှာ လုပ်တဲ့အတွက် ဒီလိုဟာမျိုး ကျနော်က ပညာရှင်တယောက်အနေနဲ့ပဲ လရောင်တော စိုက်ပျိုးရေးစီမံကိန်းမှာ လုပ်ခဲ့ရပါတယ်။ အဲဒီအခါကြတော့ ကျနော်ကိုယ်တိုင်လည်း ဒီမှာလုပ်နေတယ်ဆိုတာ ကျနော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေတောင် မသိပါဘူး။ ကျနော် အဲဒီလိုမျိုး နေခဲ့တယ်။ နေခဲ့တဲ့အတွက်လည်း စစ်ထောက်လှမ်းရေးတွေ၊ စအဖတွေက မျက်စိမှောက်ခဲ့တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး ဘယ်သူမှ အပြင်မှာ လုပ်ပေးရမယ့်လူ မကျန်တဲ့အချိန်ကြတော့ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် (၈) ယောက် အဖမ်းခံရပါတယ်။
အဲဒီတော့ သူတို့ရဲ့ စားဝတ်နေရေးအတွက် စအဖကတဆင့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေလိုလဲ - ဆေးဝါးကအစ သူတို့ခွင့်ပြုချက်နဲ့ တပတ်ကိုတခါ ရှေ့နေကနေတဆင့် ပေးရပါတယ်။ ပေးရတဲ့အခါကြတော့ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ရုပ်လုံးတွေ ပေါ်လာတာပေါ့။ ပထမပိုင်းကတော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ရမလားဆိုပြီးတော့ ညှိနှိုင်းတာတွေ၊ ဆွေးနွေးတာတွေ ရတဲ့နည်းနဲ့ ဆက်သွယ်ကြတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ ပြည်သူလူထုပေးထားတဲ့ mandate ပေါ်မှာ မဖောက်ပြန်ဘူး။ အလွဲသုံးစားမလုပ်ဘူး။ အဲဒီအတွက်လည်း စစ်အာဏာရှင်တွေက အလွန်မတန် ဒေါသထွက်ကြတယ်။ နောက်ပိတ်ဆုံးအချိန်မှာ ကျနော့်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စကားပြောဆိုလို့ဆိုပြီးတော့ အကြောင်းပြချက်နဲ့ (၉) လပိုင်း (၁၃) ရက်နေ့မှာ လဖမ်းပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အချိန်မှာ ကိုကျော်ဌေးဦးက ထောက်ပို့လုပ်ပေးရတယ်ဆိုတော့ အဲဒီ့ရဲ့ အတွေ့အကြုံကို ပြောပြပေးပါအုံးရှင့်။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပစ္စည်းပို့တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက လိုတဲ့ပစ္စည်း စာရွက်ထွက်လာတယ်။ ထွက်လာတာက ဘယ်လိုပုံစံနဲ့ ထွက်လာသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ထားတဲ့ စအဖတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်ထိန်းတယ်။ ပြီးတော့ စအဖက ထိန်းတယ်။ အဲဒီလို နှစ်ဆင့်တက်လာပြီးတော့မှ SB ဆီကို ရောက်တယ်။ SB ဆီကနေ မြို့နယ်ရဲမှူးဆီကို ရောက်တယ်။ မြို့နယ်ရဲမှူးကမှ ရှေ့နေကိုပြောတယ်။ ရှေ့နေကမှ ကျနော့်ကိုတဆင့်ပြောတယ်။ အဲဒီလို တရားဝင်အဆင့်ဆင့် ဖြတ်လာတဲ့စာရင်း။ ပြီးရင် သူတို့လိုအပ်တဲ့ - ဥပမာ ကြက်သွန်၊ အာလူး၊ ဆန်၊ ဆီ လိုတဲ့ အခြေခံစားကုန် - ခရမ်းချဉ်သီး၊ ချဉ်ပေါင်ရွက်၊ မျှစ် - သူတို့လိုတဲ့ စာရင်းလေးတွေကအစ။ တပတ်ကို ပစ္စည်း (၂၅) မျိုး - (၂၆) မျိုး ပါတယ်။ အဲဒီလိုဟာမျိုးကို ကျနော်က ဝယ်ပေးရတယ်။ ဝယ်ပေးပြီးရင် စောစောကပြောတဲ့ အမှတ် (၁) မြို့မရဲစခန်းကို သွားပို့ရတယ်။ ပို့ပြီးရင် အမှတ် (၁) မြို့မရဲစခန်းက စခန်းမှူး ကိုသိန်းဌေး (သုံးပွင့်) က ပစ္စည်းတွေကို စစ်တယ်။ စစ်ပြီးရင် သူက ဓါတ်ပုံရိုက်တယ်။ သူ့ရုံးအဖွဲ့က လူတွေက ထပ်ရိုက်တယ်။ ကျနော်ရေးတဲ့ပစ္စည်း မှန်ကန်တယ်ဆိုတာကို သူတို့က စစ်ပြီးတော့ စောင့်ကြည့်ခိုင်းတယ်။ SB က ကောင် လူယူပြီဆိုမှ - အကိုရပြီ သွားတော့ဆိုတော့မှ SB ကို ပစ္စည်းပေးတာကို ကျနော်က ရုံးခန်းနောက်ဘက်ကနေ ကြည့်ရတယ်။ SB က လူ လာသယ်သွားပြီဆိုရင် ကျနော့်တာဝန်ပြီးပြီ။ အဲဒီမှ ကျနော်က ရဲစခန်းထဲကနေ ပြန်ထွက်တယ်။
မေး ။ ။ အဲဒီတော့ အစပိုင်းတုန်းက ကိုကျော်ဌေးဦး ကို သူတို့က ဒေါ်အောင်ဆန်းစုကြည်အတွက် ပစ္စည်းတွေကို ပံ့ပိုးပေးဖို့ သူတို့ တရားဝင်ခွင့်ပြုထားတယ်။ သူတို့လည်း သိနေသားနဲ့ သူတို့ ကိုကျော်ဌေးဦး ကို ဖမ်းဆီးတဲ့အခါမှာ အဓိကအကြောင်းရင်းက ဘာကြောင့်လဲလို့ သိရပါသလဲရှင့်။
ဖြေ ။ ။ အဓိကအကြောင်းရင်းကတော့ သူတို့ official ပြောတာကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ကျနော်နဲ့ စကားပြောလို့ဆိုပြီး အကြောင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပို့လို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးလို့ဆိုတဲ့ အကြောင်းကတော့ တရားရုံးမှာ မတင်ပါဘူး။ အဲဒါနဲ့လည်း မဆွဲပါဘူး။ ထောက်လှမ်းရေးမှာတော့ ညှဉ်းပန်းနှိပ်စက်မေးတာတော့ ကျနော်ကို CIA လို့ စွပ်စွဲတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကို လာပြီးတော့ အမေရိကန်နဲ့ သတင်းပို့နေတယ်ဆိုပြီးတော့ အဲဒီလိုမျိုး ကျနော့်ကို ညှဉ်းပန်းနှိပ်စက်ပါတယ်။
မေး ။ ။ စစ်ကြောရေးကာလအတွင်းမှာ ဘယ်လိုရင်ဆိုင်ခဲ့ရပါသလဲရှင့်။
ဖြေ ။ ။ စစ်ကြောရေးမှာ အားလုံး (၁၈) ရက် နေရပါတယ်။ တော်တော်ကို မိုက်မိုက်ရိုင်းရိုင်း လူမဆန်စွာတွေ လုပ်ပါတယ်။ ကျနော့်ကို mentally, physically တော်တော်လေး ညှဉ်းပန်းနှိပ်စက်ပါတယ်။ အဲဒီမှာ ကျနော့် သွားလေးချောင်းစလုံး မရှိတော့ပါဘူး။ အဲဒါ ထိုး ညှဉ်းပန်းနှိပ်စက်ခံရတာ။ ဒီဘယ်ဘက် သွားလေးချောင်းက ထောက်လှမ်းရေးမှာ ပြုတ်တာ။ ညာဘက်ချိုးစောင်းမှာ ခေါင်းပေါက်ပါတယ်။ ဒါကတော့ ကျနော့်ကို ညှဉ်းပန်းနှိပ်စက်တာ။ ပထမ (၅) ရက်ဆိုရင် ထမင်းတနပ်ပဲ ကျွေးပါတယ်။ စစ်ကြောရေးထိုင်ခုံမှာ (၇) ရက် (၂၄) နာရီ၊ အင်္ဂတေပေါ်မှာ အိပ်ခဲ့ရပါတယ်။ နောက် ကျနော့်ကို အမေရိကန်နိုင်ငံသားမှန်း သိသွားတဲ့အချိန်ကြတော့ ဆက်ဆံရေးပြောင်းသွားပါတယ်။ အားလုံး ထောက်လှမ်းရေး စစ်ကြောရေးမှာ (၁၈) ရက် နေခဲ့ရပါတယ်။ ညှဉ်းပန်းနှိပ်စက်တာတွေကတော့ တော်တော့ကို ဆိုးပါတယ်။ အဲဒီမှာ စိတ်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်တဲ့ဟာတွေ၊ စားပွဲခုံပေါ်မှာ လက်ပစ်ဗုံးချပြီးတော့၊ သေနတ်ချပြီးတော့၊ ကျည်ဆံချပြီးတော့ - မင်းကောင်းကောင်းဖြေ - မဖြေရင် ပစ်သတ်လိုက်လို့ရတယ်။ မင်းကို ပစ်သတ်လိုက်ရင် ငါတို့ ရာထူးတောင် တိုးအုံးမယ်။ အဲဒီလိုမျိုးအထိ ညှဉ်းပန်းနှိပ်စက်တယ်။ မင်းထွက်ပြေးလို့ ငါတို့ ပစ်သတ်လိုက်တယ် - အဲဒီလိုမျိုး လိမ်ပြီးတော့ ပြောမယ်ဆိုတဲ့ ပုံစံနဲ့ကို ခြိမ်းခြောက်ကြတယ်။ ပြီးရင် သူတို့မှာ Video Files တွေ ရှိပါတယ်။ အဲဒီ Video Files တွေ ပြပါတယ်။ ဘယ်လို ညှဉ်းပန်းနှိပ်စက်ထားတယ်ဆိုတာတွေ။ လူတယောက်ရဲ့ ပါးစပ်ထဲကို အက်ဆစ်လိုထည့်ပြီး အမြုပ်တွေထွက်ပြီး လောင်ကျွမ်းနေတဲ့ပုံ ပြတယ်။ ပြီးရင် ဝါးချွန်နဲ့ ထိုးနေတဲ့၊ စစ်ဖိနပ်နဲ့ နင်းနေတဲ့ ပုံတွေကို ပြပါတယ်။ မင်းလားကွ NLD, မင်းလားကွ ငနီကြောင် အဲဒီလို တယောက်က စစ်ဖိနပ်နဲ့ နင်းနေတာ။ ကြည့်တော့ အရပ်ဝတ်စုံနဲ့ပါ။ ဖိနပ်ကတော့ Jungle Boots တောစီးဖိနပ် ခေါ်တာပေါ့။ အဲဒီလိုဖိနပ်နဲ့ လည်ပင်းကို နင်းနေတဲ့ပုံ။ အဲဒီလိုပုံတွေ ကျနော့်ကို ပြပါတယ်။ အဲဒါတွေပြပြီးတော့ ခြိမ်းခြောက်တာပေါ့။ အဲဒီလောက်အထိလုပ်တယ်။ မင်းကောင်းကောင်းဖြေ။ အထူးသဖြင့် ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လိုပတ်သက်လဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မင်း ဘာလို့ ဒီလိုလုပ်ပေးနေသလဲ။ ဒါက ကျနော်က ဒေါ်အောင်ဆန်းစုကြည်လို ရိုးရိုးသားသား၊ ယဉ်ယဉ်ကျေးကျေး ခေါ်တာ။ သူတို့က အောင်ဆန်းစုကြည်၊ စုကြည် တော်တော်ကို မိုက်မိုက်ရိုင်းရိုင်း - အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့ အငြိုးအတေးနဲ့ ဆက်ဆံနေတုန်းပါ။
မေး ။ ။ စစ်ကြောရေးကာလ ရက် (၂၀) နီးပါး စစ်ဆေးပြီးတဲ့အခါကြတော့ ကိုကျော်ဌေးဦး ကို ဘာဆက်လုပ်လဲရှင့်။
ဖြေ ။ ။ ကျနော့်ကို စက်တင်ဘာလ (၃၀) ရက်နေ့မှာ အမှတ် (၁) မြို့မရဲစခန်းကို ခေါ်သွားပါတယ်။ အဲဒီမှာလည်း စစ်ကြောရေးစခန်းက ထွက်တဲ့အချိန်မှာ မျက်လုံးကို ပိတ်ထားပြီးတော့ ကားပေါ်တက်ခါနီး ဘာပြောလဲဆိုတော့ - မျက်လုံးပိတ်ထားပြီးတဲ့အချိန်မှာ တပ်မှူးဆိုတဲ့ကောင်တကောင် ရောက်လာပါတယ်။ တပ်မှူး ခဏစကားပြောမယ်ဆိုပြီးတော့ - အဲဒီလူကတော့ နည်းနည်းယဉ်ကျေးပါတယ် - ခင်များ ကောင်းကောင်းနေ၊ ခင်များ ကောင်းကောင်းမနေဘဲနဲ့ ကျယ်ကျယ်လောင်လောင် ပြောမယ်ဆိုရင် အနှစ် (၂၀) ကျသွားမယ်။ ခင်များ ပါးစပ်ပိတ်ထား။ မလိုအပ်ဘဲနဲ့ လျှောက်မပြောနဲ့။ အဲဒီလိုပြောတာနဲ့ ခင်များ ဒုက္ခရောက်ပြီဆိုတာ မှတ်ပါလို့ ကျနော့်ကို ကားပေါ်တင်လိုက်ပါတယ်။ အဲဒီ Van ကားပေါ်မှာ ကျနော့်ဘေးနားမှာ နှစ်ယောက်ထိုင်တယ်။ လက်ထိပ်ခတ်ထားတယ်။ ရှေ့က နှစ်ယောက်ပါတယ်။ ကျနော့်ကို ခေါ်သွားတယ်။ မိနစ် (၂၀) လောက် ကြာတယ်။ အဲဒီထောက်လှမ်းရေးစခန်းကနေ။ နောက်တော့ ပြန်သိတယ်။ သူတို့ ကျနော့်ကိုထားတဲ့ နေရာက ဂျီဒေါင်ကန် - စစ်ကြောရေးမှာလို့ သိရတယ်။ နောက် အမှတ် (၁) မြို့မရဲစခန်းကို ရောက်တယ်။ အမှတ် (၁) မြို့မရဲစခန်းဆိုတာက ကျနော် အပတ်တိုင်းသွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပစ္စည်းပို့ပေးနေတဲ့ ရဲစခန်း။ အဲဒီ့ ရဲစခန်းရောက်တော့ နေ့လယ် တစ်နာရီခွဲ နှစ်နာရီလောက်ကြတော့ ဥတ္တရ အထူးရုံးကဆိုပြီးတော့ Video Conferencing နဲ့ ကျနော့်ကို ပုဒ်မ (၅၂ - က) နဲ့ တရားစွဲပါတယ်ဆိုပြီးတော့ ပြောပါတယ်။ အဲဒီမှ ကျနော် ရှေ့နေ ငှားရပါတယ်။ နောက် နေပြည်တော်ထောင် ရောက်တဲ့အချိန်မှာ ခြေချင်းခတ်တယ်။ နောက် ကျနော့်ကို (၁၈) ရက်လုံးလုံး အဲဒီ Q ဆောင်မှာ နေရပါတယ်။ အဲဒီ Q ဆောင်မှာလည်း နေပြည်တော်အချုပ်ထောင်ရဲ့ Q ဆောင်ဆိုတာက ထောင်ရဲ့ရှေ့မှာ အရင်ထားတယ်။ အဲဒီမှာ ကျနော်တို့ ထပ်ပြီးတော့ ညှဉ်းပန်းနှိပ်စက်ခံရတယ်။ ရဲက သုံးရက်တိတိ ကျနော်တို့ကို ညှဉ်းပန်းနှိပ်စက်တယ်။ ညတိုင်းလိုလို သာမန်အကျဉ်းသားတွေက ကျနော့်ကို ထိုးခိုင်းတယ်။ ထိုးစမ်း - အဲဒီနောက်က ထိုင်နေတဲ့ကောင်ကို။ သူက သူ့ကိုယ်သူ နိုင်ငံခြားသားဆိုပြီးတော့ ဖြစ်ချင်တဲ့ကောင်။ အမေကျော် ဒွေးဒေါ်လွမ်းတဲ့ကောင် ဆိုပြီးတော့ ကျနော့်ကို ဆောင့်ကန်တယ်။ ထိုးကြတယ်။ သွားတချောင်းက အဲဒီမှာ ပြုတ်တယ်။ ထောက်လှမ်းရေးမှာတော့ သွားသုံးချောင်း ပြုတ်တယ်။ လေးချောင်း ဆုံးရှုံးခဲ့ရတယ်။ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာတွေက အဲဒီအချိန်တုန်းက တော်တော်လေးဆိုးတယ်။ ပြီးတော့ အင်္ဂတေပေါ်မှာ အိပ်ရတယ်။
မေး ။ ။ အဲဒီတော့ ကိုကျော်ဌေးဦး ကို သူတို့ ထောင်ထဲမှာထားပြီးတဲ့နောက်ပိုင်း ပြန်မလွှတ်ခင်အချိန်အထိ ထောင်တွင်းဖြတ်သန်းရတဲ့ အနေအထား ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ ကျနော် နေပြည်တော်အချုပ်ထောင်မှာ အားလုံး (၇) လ နေရပါတယ်။ တရားရုံးမှာ အမှုတည်ဆောက်တဲ့အခါမှာ သူတို့ဘက်က ဘယ်လိုမှကို အဆင်မပြေဘူး။ ချဆိုလို့သာ ချတာ။ တရားသူကြီးမကတောင် တောင်းပန်ပါတယ် - ဦးကျော်ဌေးဦရယ် ကျမတို့လည်း ဘယ်လိုမှကို မဖြစ်လို့ အမြင့်ဆုံးထောင်ဒဏ် (၇) နှစ် ချလိုက်ပါတယ်။ ထောင်ထဲမှာ နေရတဲ့အချိန်မှာလည်း တော်တော်ကို ဆိုးပါတယ်။ နေပြည်တော်အချုပ်ထောင်က လုံးဝမကောင်းဘူး။ ရေကအစ ဝယ်သောက်ရတယ်။ အခုအချိန်အထိလည်း အကျဉ်းသားတွေမှာ သောက်ရေသန့် ကောင်းကောင်း မရပါဘူး။ ချိုးရေဆိုလည်း တော်တော်ဆိုးပါတယ်။ နောက်ပိတ်ဆုံး ထောင်မှူးနှစ်ပွင့် ကျော်သူရဆိုရင် တော်တော်ကို ဖိနှိပ်တယ်။ နှိပ်စက်တယ်။ ရတဲ့နည်းနဲ့ကို ညစ်ပတ်ကောက်ကျစ်တယ်။ ဘယ်တော့မှ သူတို့တွေက ဥပဒေလည်း မလေးစားဘူး။ လူတွေကို လူလို့လည်း မထင်ဘူး။ သူဆိုရင် ဂုဏ်ယူစွာနဲ့ ပြောနေသေးတယ် - ခင်များတို့လို အကျဉ်းသားတွေ - ပထမတုန်းက မင်းနဲ့ငါနဲ့ ပြောတာ - နောက်ပိုင်းကြမှ ကျနော့်ကိ အမေရိကန်သံရုံးက အဆက်အသွယ်ရပြီ၊ သံရုံးနဲ့ တပတ်တခါ ပြောရတဲ့အချိန်ကြမှ သူက ကျနော့်စားပွဲရှေ့ လာထိုင်တယ်။ အမြဲတမ်း ကျနော် စကားတခွန်း မှားမလားဆိုတာကို အမြဲတမ်းစောင့်ကြည့်တယ်။ ပြီးရင် သူပြောတဲ့ စကားအတိုင်းပြောရရင် - အကျဉ်းသားတွေကို မိန်းကျင်း ရှိတယ်။ မိန်းကျဉ်းကနေ လောက်လေးခွနဲ့ အဲဒီလိုပစ်ပြီးတော့ကို နှိမ်းနင်းတာ။ သေနတ်မရှိလို့ သေနတ်ရှိလို့က ပစ်တောင် ပစ်မယ်ဆိုတဲ့ အယူအဆနဲ့ကို ပြောတယ်။ တော်တော်ကို ဆိုးတယ်။ ထမင်းကျွေးတာကတော့ ကျနော်တို့ ၈၈ နဲ့ နှိုင်းယှဉ်ရင်တော့ ထမင်းလေးတွေ ကောင်းလာတယ်။ အသားလေးရက် ကျွေးတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးထဲမှာ တခုပေါ့။ အရင်တုန်းကတော့ အသားတစ်ရက်ပဲ ကျွေးတယ်။ အခုဆိုရင် လေးရက် ကျွေးပါတယ်။
မအင်ကြင်းနိုင် ။ ။ နောက်တပတ်မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဌေးဦးနဲ့ မေးမြန်းထားတဲ့ ဒုတိယပိုင်းကို ဆက်လက်ထုတ်လွှင့်ဖို့ ရှိပါတယ်။