သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဒီမိုကေရစီေရး အာရွအေရးပါမႈ


ကမာၻ႔ဒီမိုကေရစီေရး အာရွအေရးပါမႈ
please wait

No media source currently available

0:00 0:11:48 0:00

ဒီမိုကေရစီ စနစ္ နဲ႔ အာဏာရွင္ စနစ္ တိုက္ပြဲ မွာ အာရွ ဟာ အခရာ က်တဲ့ စစ္ေျမျပင္ ျဖစ္တယ္လို႔ အာရွ ခရီးစဥ္ မွာ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္ က ေျပာလိုက္ပါတယ္။ ဘာေၾကာင့္ အာရွ ျဖစ္ရသလဲ။ ျမန္မာ့ ဒီမိုကေရစီ လႈပ္ရွားမႈကေကာ ဘယ္လို အခန္းက႑ က ပါသလဲ။

ဒီမိုကေရစီ စနစ္ နဲ႔ အာဏာရွင္ စနစ္ တိုက္ပြဲ မွာ အာရွ ဟာ အခရာ က်တဲ့ စစ္ေျမျပင္ ျဖစ္တယ္လို႔ အာရွ ခရီးစဥ္ မွာ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္ က ေျပာလိုက္ပါတယ္။ ဘာေၾကာင့္ အာရွ ျဖစ္ရသလဲ။ ျမန္မာ့ ဒီမိုကေရစီ လႈပ္ရွားမႈကေကာ ဘယ္လို အခန္းက႑ က ပါသလဲ။ တ႐ုပ္ ႏိုင္ငံ ကလည္း သူ႔ စနစ္ က ဒီမိုကေရစီ စနစ္ ျဖစ္တယ္လို႔ ေျပာတာ ဟုတ္ပါသလား။ ဒီ​ တိုက္ပြဲ မွာ ဘာအခ်က္ က အဆုံးအျဖတ္ ေပးမလဲ အစရွိတဲ့ ေမးခြန္းေတြ ကို ဦးတင္ေမာင္သန္း က ပါေမာကၡ ဦးထြန္းျမင့္ နဲ႔ ေဆြးေႏြးတင္ျပထားပါတယ္။

အက်ဥ္းခ်ဳပ္

ဂ်ိဳးဘိုင္ဒင္ ေျပာသလို၊ စနစ္ ၂ ရပ္ တိုက္ပြဲမွာ အာရွ က အခရာ က်တယ္လို႔ ပါေမာကၡ ဦးထြန္းျမင့္ကလည္း ျမင္ပါတယ္။ အာရွ မွာ အာဏာရွင္ စနစ္ က ဆက္လက္ တည္ရွိေနေသးတဲ့အျပင္ လူဦးေရ၊ စီးပြါးေရး ဖြံၿဖိဳးတိုးတက္မႈ နဲ႔ လူ႔ယဥ္ေက်းမႈ စနစ္သေဘာအရ အာရွ က အခရာ က်ရတာပါ။

ျမန္မာ့ ဒီမိုကေရစီ လႈပ္ရွားမႈ က အာရွ ဒီမိုကေရစီ တိုက္ပြဲ မွာ အေရးႀကီးလွတယ္လို႔ ဦးထြန္းျမင့္ က ဆိုပါတယ္။ အေမရိကန္ ကလည္း အတိုင္းထက္အလြန္ အေရးႀကီးတယ္လို႔ သေဘာထားတာပါ။ ၂၀၂၀ မွာ လူထု က အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ကို ေပးခဲ့တဲ့ မဲ ဟာ အာရွ ဘယ္ႏိုင္ငံကမွ လိုက္မမီေသးတဲ့ ရာႏႈန္း ျဖစ္ပါတယ္လို႔ ပါေမာကၡ ဦးထြန္းျမင့္ က ေျပာပါတယ္။ ဒီမိုကေရစီ မွာ လူထု ဆႏၵ က အဓိက ျဖစ္တာမို႔ အာရွ ရဲ႕ တိုက္ပြဲမွာ အေရးႀကီးပါတယ္။

တ႐ုပ္ က သူ႔ စနစ္ ဟာ ဒီမိုကေရစီ လို႔ ေျပာဆိုေပမဲ့၊ တ႐ုပ္ ကြန္ျမဴနစ္ ပါတီ က ခ်ေပးတဲ့ သူ ကိုပဲ ေ႐ြးရတာမို႔ ဟန္ေဆာင္ထားတဲ့ ေ႐ြးေကာက္ပြဲ နဲ႔ အာဏာရွင္ စနစ္သာ ျဖစ္ပါတယ္။ ဒီမိုကေရစီ လို႔ ေျပာတဲ့အခါ လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲေတြ နဲ႔ သာမက လူ႔အခြင့္အေရး နဲ႔လည္း တိုင္းတာရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္ေအးေခတ္ ၿပီးဆုံးသြားကတည္းက အမ်ိဳးသားေရး လကၡဏာ ဗဟိုထားတဲ့ ႏိုင္ငံေရး ကေန လူ႔အခြင့္အေရး ဗဟိုျပဳတဲ့ ႏိုင္ငံေရး ကို ကူးေျပာင္းသြားခဲ့ၿပီ ျဖစ္တယ္။ ဒီ အကူးအေျပာင္းအတိုင္း လိုက္ႏိုင္မွ ႏိုင္ငံေတြ မွာ အနာဂတ္ ရွိမွာ ျဖစ္တယ္လို႔ ပါေမာကၡ ဦးထြန္းျမင့္ က ေဆြးေႏြးသြားပါတယ္။ ေပးပါမယ္။

ဒီမိုကရေစီ စနစ် နဲ့ အာဏာရှင် စနစ် တိုက်ပွဲ မှာ အာရှ ဟာ အခရာ ကျတဲ့ စစ်မြေပြင် ဖြစ်တယ်လို့ အာရှ ခရီးစဉ် မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ပြောလိုက်ပါတယ်။ ဘာကြောင့် အာရှ ဖြစ်ရသလဲ။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကကော ဘယ်လို အခန်းကဏ္ဍ က ပါသလဲ။ တရုပ် နိုင်ငံ ကလည်း သူ့ စနစ် က ဒီမိုကရေစီ စနစ် ဖြစ်တယ်လို့ ပြောတာ ဟုတ်ပါသလား။ ဒီ တိုက်ပွဲ မှာ ဘာအချက် က အဆုံးအဖြတ် ပေးမလဲ အစရှိတဲ့ မေးခွန်းတွေ ကို ဦးတင်မောင်သန်း က ပါမောက္ခ ဦးထွန်းမြင့် နဲ့ ဆွေးနွေးတင်ပြထားပါတယ်။

အကျဉ်းချုပ်

ဂျိုးဘိုင်ဒင် ပြောသလို၊ စနစ် ၂ ရပ် တိုက်ပွဲမှာ အာရှ က အခရာ ကျတယ်လို့ ပါမောက္ခ ဦးထွန်းမြင့်ကလည်း မြင်ပါတယ်။ အာရှ မှာ အာဏာရှင် စနစ် က ဆက်လက် တည်ရှိနေသေးတဲ့အပြင် လူဦးရေ၊ စီးပွါးရေး ဖွံဖြိုးတိုးတက်မှု နဲ့ လူ့ယဉ်ကျေးမှု စနစ်သဘောအရ အာရှ က အခရာ ကျရတာပါ။

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု က အာရှ ဒီမိုကရေစီ တိုက်ပွဲ မှာ အရေးကြီးလှတယ်လို့ ဦးထွန်းမြင့် က ဆိုပါတယ်။ အမေရိကန် ကလည်း အတိုင်းထက်အလွန် အရေးကြီးတယ်လို့ သဘောထားတာပါ။ ၂၀၂၀ မှာ လူထု က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို ပေးခဲ့တဲ့ မဲ ဟာ အာရှ ဘယ်နိုင်ငံကမှ လိုက်မမီသေးတဲ့ ရာနှုန်း ဖြစ်ပါတယ်လို့ ပါမောက္ခ ဦးထွန်းမြင့် က ပြောပါတယ်။ ဒီမိုကရေစီ မှာ လူထု ဆန္ဒ က အဓိက ဖြစ်တာမို့ အာရှ ရဲ့ တိုက်ပွဲမှာ အရေးကြီးပါတယ်။

တရုပ် က သူ့ စနစ် ဟာ ဒီမိုကရေစီ လို့ ပြောဆိုပေမဲ့၊ တရုပ် ကွန်မြူနစ် ပါတီ က ချပေးတဲ့ သူ ကိုပဲ ရွေးရတာမို့ ဟန်ဆောင်ထားတဲ့ ရွေးကောက်ပွဲ နဲ့ အာဏာရှင် စနစ်သာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လို့ ပြောတဲ့အခါ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ နဲ့ သာမက လူ့အခွင့်အရေး နဲ့လည်း တိုင်းတာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အေးခေတ် ပြီးဆုံးသွားကတည်းက အမျိုးသားရေး လက္ခဏာ ဗဟိုထားတဲ့ နိုင်ငံရေး ကနေ လူ့အခွင့်အရေး ဗဟိုပြုတဲ့ နိုင်ငံရေး ကို ကူးပြောင်းသွားခဲ့ပြီ ဖြစ်တယ်။ ဒီ အကူးအပြောင်းအတိုင်း လိုက်နိုင်မှ နိုင်ငံတွေ မှာ အနာဂတ် ရှိမှာ ဖြစ်တယ်လို့ ပါမောက္ခ ဦးထွန်းမြင့် က ဆွေးနွေးသွားပါတယ်။ ပေးပါမယ်။

XS
SM
MD
LG