သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ


တရုတ်ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ
please wait

No media source currently available

0:00 0:11:53 0:00

အနောက် နိုင်ငံတွေရဲ့ ဒီမိုကရေစီ နဲ့ အပြိုင် တရုပ် နိုင်ငံကလည်း သူ့ ရဲ့ စနစ် က ဒီမိုကရေစီ စနစ် လို့ ဆိုလိုက်ပါတယ်။ သူ့ ဒီမိုကရေစီ စနစ် က အလုပ် ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။ တရုပ် ပြည်သူလူထု ကကော ဘယ်လို သဘောထားကြပါသလဲ။ ဦးတင်မောင်သန်းက ဒေါက်တာတင့်ဆွေနဲ့ ဆွေးနွေးထားပါတယ်။

(zawgyi)
တရုတ်ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူး လို့ ဒေါက်တာ တင့်ဆွေ က သုံးသပ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယူထားပြီး၊ သူ့ ရဲ့ ဒီမိုကရေစီစနစ်ကလည်း ကွန်မြူနစ်ပါတီကို စိန်ခေါ်နိုင်တဲ့ စနစ်မျိုး မဟုတ်ပါဘူး။ စိန်ခေါ်သူ ဟာ ရန်သူ ဖြစ်နိုင်ပြီး၊ ပစ္စည်းမဲ့ အာဏာရှင် စနစ် သဘောတရား ကနေ ဆင်းသက်လာတဲ့ ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ် မှာ အဖိနှိပ်ခံရနိုင်ပါတယ်။ (မိမိ ကို ထောက်ခံတဲ့) ပြည်သူလူထုအတွက် ဒီမိုကရေစီစနစ် ကို ကျင့်သုံးပြီး ရန်သူ (ကွန်မြူနစ်ပါတီ ကို ဆန့်ကျင်သူ) အပေါ မှာ အာဏာရှင် စနစ် ကို ကျင့်သုံးတဲ့ ပြည်သူ့ ဒီမိုကရေစီ အာဏာရှင်စနစ် ဖြစ်ပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ဖြစ်စဉ်တိုင်း မှာ (ကွန်မြူနစ်ပါတီ ဦးဆောင်မှု ကို စိန် မခေါ်သမျှ) ပြည်သူလူထု ရဲ့ သဘောထား ပါဝင်အောင် အုပ်ချုပ်မှု သဘောအရ ပြည်သူရွေးကောက်နိုင်သူတွေ ပါဝင်အောင် စီစဉ်ထားတာလည်း ရှိပါတယ်။ ဒါ ကို ဖြစ်စဉ်တစ်ခုလုံး ဒီမိုကရေစီ (whole process democracy) လို့ နိုင်ငံတော်ကောင်စီ က ထုတ်ပြန်တဲ့ စာတမ်းမှာ ပြောထားတာပါ။ တရုတ်ဟာ အနောက်တိုင်း က ပြောတဲ့ ဒီမိုကရေစီစနစ် ကို ပြောင်းလဲဖို့ အကြောင်း မမြင်ဘူး လို့ ဒေါက်တာ တင့်ဆွေ က သုံးသပ်ပါတယ်။
(unicode)
XS
SM
MD
LG