သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Hampshire ပြည်နယ်က ဒီမိုကရက်တစ်ပါတီ လူထုတွေ့ဆုံပွဲ


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေကြတဲ့ ဟီလာရီ ကလင်တန်နဲ့ Bernie Sanders တို့ ဗုဒ္ဓဟူးနေ့ညက New Hampshire ပြည်နယ် Townhall ဆွေးနွေးပွဲ။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေကြတဲ့ ဟီလာရီ ကလင်တန်နဲ့ Bernie Sanders တို့ ဗုဒ္ဓဟူးနေ့ညက New Hampshire ပြည်နယ် Townhall ဆွေးနွေးပွဲ။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေကြတဲ့ ဟီလာရီ ကလင်တန်နဲ့ Bernie Sanders တို့ ဗုဒ္ဓဟူးနေ့ညက New Hampshire ပြည်နယ် Townhall ဆွေးနွေးပွဲမှာ ပါဝင်ကြပြီး သူတို့ရဲ့ မတူကွဲပြားတဲ့ အယူအဆတွေကို အဓိက ပြောဆိုသွားကြပါတယ်။

“ကျနော့်ကို လူတချို့က သဘောထားမတင်းမာတဲ့ moderate လို့ခေါ်ကြပြီး ကျနော်ဟာ အဲဒီလိုလူတဦး ဖြစ်တယ်ဆိုတာ ဂုဏ်ယူစွာပဲပြောပါမယ်၊ အဲဒါ သူပြောတာပါပဲ၊ ကျနော် ပြောနေတာက ခင်ဗျားဟာ ကိုယ့်ကိုယ်ကို တရက်မှာ အဲဒီလိုဖြစ်တယ်ပြောလိုက်၊ နောက်တရက်ကျတော့ တိုးတက်တဲ့ progressive ဝါဒီ ဖြစ်တယ်ပြောလိုက်နဲ့ ပြောလို့မရပါဘူး၊ ကျနော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတချို့ဟာ moderate တွေပါ။ ကျနော် သူတို့ကို ကြိုက်ပါတယ်။ ဒါပေမဲ့ moderate နဲ့ progressive နှစ်မျိုးလုံး ဖြစ်လို့မရပါဘူး၊ ဒီနှစ်ခုကမတူပါဘူး” လို့ Bernie Sanders က ဟီလာရီ ကလင်တန်ကို ရည်ရွယ်ပြောပါတယ်။

ဟီလာရီ ကလင်တန်ကလည်း အဲဒီအပေါ် ပြန်ချေပပါတယ်။

“အထက်လွှတ်တော်အမတ် Sanders က ဘယ်သူဟာ progressive ဖြစ်တယ် ဆိုတာ သတ်မှတ်တဲ့လူအဖြစ် သူ့ကိုယ်သူနေရာချတာကို ဒီနေ့ ကျမတော့ နည်းနည်း ရယ်ချင်မိပါတယ်၊ ဘာကြောင့် လည်းဆိုတော့ Twitter မှာ ပြောနေကြတာတွေ၊ သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ထုတ်ပြန်ချက်တွေအရဆိုရင် Barack Obama လည်း Progressive မဟုတ်၊ Joe Biden လည်း progressive မဟုတ်တော့ပါဘူး။ ကျမကတော့ ဒီကိစ္စကြောင့် စိတ်ကသိ ကအောက်အဖြစ်မခံတော့ပါဘူး။ ကျမရဲ့ရပ်တည်ချက်ကို ကျမသိတယ်၊ ကျမနဲ့ အတူရပ်တည်တာ ဘယ်သူတွေဆိုတာ ကျမသိ တယ်၊ ကျမ ဘာလုပ်ခဲ့တယ်ဆိုတာ ကျမသိပါတယ်။” လို့ မစ္စစ်ကလင်တန်က တုန့်ပြန်ပါတယ်။

New Hampshire ပြည်နယ် လူထုစစ်တမ်းတွေမှာ Sanders က ဦးဆောင်နေပေမဲ့ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းက အဲဒီမှာ အနိုင်ရဖူးတဲ့ ကလင်တန် ကို လျှော့ မတွက်ပါဘူး။ ရီပတ်ဘလီကန်ဘက်မှာတော့ Donald Trump နဲ့ တက္ကဆက်စ် အထက်လွှတ်တော်အမတ် Ted Cruz တို့အကြား အပြန်အလှန် တိုက်ခိုက်နေကြတာက ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော် အမတ် Marco Rubio အတွက် အားသာချက် ဖြစ်သွားစေနိုင်တဲ့အခြေအနေ ရှိနေပါတယ်။

XS
SM
MD
LG