သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အထက္လႊတ္ေတာ္မွာ ဒီမိုကရက္ပါတီ လူမ်ားစုအျဖစ္နဲ႔ ဆက္ရွိေနမည္


Sen. Catherine Cortez Masto, D-Nev., left, reacts alongside Nevada Gov. Steve Sisolak during an election night party hosted by the Nevada Democratic Party, Nov. 8, 2022, in Las Vegas.

ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ အေမရိကန္သမၼတသက္တမ္းဝက္ ေ႐ြးေကာက္ပြဲမွာ ရလဒ္ထြက္မလာေသးတဲ့ မဲစာရင္းေတြ ဆက္လက္ေရတြက္ေနတာမွာ Nevada ျပည္နယ္က လက္ရွိ ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ Catherine Cortez Masto ျပန္လည္ အေ႐ြးခံရေၾကာင္း မေန႔ တနဂၤေႏြေန႔ညက အတည္ျပလိုက္တာေၾကာင့္ ဒီမိုကရက္ေတြ အထက္လႊတ္ေတာ္မွာ လူမ်ားစုအျဖစ္နဲ႔ ဆက္ရွိေနဖို႔ ေသခ်ာသြားၿပီ ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္မွာ အမတ္ေနရာ စုစုေပါင္း ၁၀၀ ရွိတဲ့အထဲက ဒီမိုကရက္ေတြက လက္ရွိအခ်ိန္ထိ အမတ္ေနရာ ၅၀ ရရွိထားၿပီးျဖစ္တာေၾကာင့္ ဒုသမၼတရဲ႕ မဲနဲ႔ေပါင္းလိုက္ရင္ အရင္ေ႐ြးေကာက္ပြဲ မတိုင္ခင္ကအတိုင္း ၅၁ ေနရာ ဆက္ရွိေနမွာ ျဖစ္ပါတယ္။ တကယ္လို႔ ဒီဇင္ဘာ ၆ ရက္ေန႔မွာ တေက်ာ့ျပန္က်င္းပဖို႔ရွိတဲ့ Georgia ျပည္နယ္ အထက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္က ထပ္အႏိုင္ရမယ္ဆိုရင္ေတာ့ ဒုသမၼတရဲ႕ မဲမလိုဘဲ ၅၁ ေနရာ ရွိေနမွာ ျဖစ္ပါတယ္။

တိုင္းျပည္စီးပြားက်ဆင္းၿပီး ေငြေၾကးေဖာင္းပြမႈလည္း ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း အဆိုး႐ြားဆုံးအေျခအေနရွိတဲ့အခ်ိန္ ေလာင္စာဆီအပါအဝင္ ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈေတြ အႀကီးဆုံးျဖစ္ေနတဲ့ Nevada ျပည္နယ္ရဲ႕ အထက္လႊတ္ေတာ္အမတ္ တဦးအေနနဲ႔ ဒီေ႐ြးေကာက္ပြဲမွာ ရႈံးႏိုင္ေျခအမ်ားဆုံးရွိသူတဦးအျဖစ္ အမ်ားစုက ခန႔္မွန္းထားတဲ့ၾကားက မဲေရတြက္မႈေတြ ေႏွာင့္ေႏွးၾကန႔္ၾကာေနတာေၾကာင့္ ရလဒ္ကို ရက္အတန္ၾကာေစာင့္ၿပီးမွာ အခုလို မေမွ်ာ္လင့္ဘဲ အႏိုင္ရလိုက္တာ ျဖစ္ပါတယ္။

အထက္လႊတ္ေတာ္မွာ ဒီမိုကရက္ပါတီက လူမ်ားစုအျဖစ္ ဆက္ရွိေနမွာျဖစ္တဲ့အတြက္ သမၼတ Joe Biden ရဲ႕ ႏိုင္ငံေရးအရ လုပ္ေဆာင္လိုတဲ့ အစီအစဥ္ေတြ ပိုၿပီးအဆင္ေျပ ေခ်ာေမြ႕ေစမယ္လို႔ ႏိုင္ငံေရးသုံးသပ္သူေတြက ခန႔္မွန္းေျပာဆိုေနၾကပါတယ္။

ေအာက္လႊတ္ေတာ္မဲရလဒ္ေတြ တခ်ိဳ႕ေဒသေတြမွာ ဆက္ေရတြက္ေနဆဲျဖစ္တာေၾကာင့္ ရလဒ္အကုန္လုံးကို မသိရႏိုင္ေသးေပမယ့္ လက္ရွိ အေျခအေနအထိ ရီပတ္ဘလီကန္ပါတီက အသာစီးရဖို႔ ေသခ်ာသေလာက္ ရွိေနတယ္လို႔ ခန႔္မွန္းေျပာဆိုေနၾကပါတယ္။

===== Unicode =====

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲမှာ ရလဒ်ထွက်မလာသေးတဲ့ မဲစာရင်းတွေ ဆက်လက်ရေတွက်နေတာမှာ Nevada ပြည်နယ်က လက်ရှိ ဒီမိုကရက် အထက်လွှတ်တော်အမတ် Catherine Cortez Masto ပြန်လည် အရွေးခံရကြောင်း မနေ့ တနင်္ဂနွေနေ့ညက အတည်ပြလိုက်တာကြောင့် ဒီမိုကရက်တွေ အထက်လွှတ်တော်မှာ လူများစုအဖြစ်နဲ့ ဆက်ရှိနေဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ အမတ်နေရာ စုစုပေါင်း ၁၀၀ ရှိတဲ့အထဲက ဒီမိုကရက်တွေက လက်ရှိအချိန်ထိ အမတ်နေရာ ၅၀ ရရှိထားပြီးဖြစ်တာကြောင့် ဒုသမ္မတရဲ့ မဲနဲ့ပေါင်းလိုက်ရင် အရင်ရွေးကောက်ပွဲ မတိုင်ခင်ကအတိုင်း ၅၁ နေရာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့မှာ တကျော့ပြန်ကျင်းပဖို့ရှိတဲ့ Georgia ပြည်နယ် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ဒီမိုကရက်က ထပ်အနိုင်ရမယ်ဆိုရင်တော့ ဒုသမ္မတရဲ့ မဲမလိုဘဲ ၅၁ နေရာ ရှိနေမှာ ဖြစ်ပါတယ်။

တိုင်းပြည်စီးပွားကျဆင်းပြီး ငွေကြေးဖောင်းပွမှုလည်း နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံးအခြေအနေရှိတဲ့အချိန် လောင်စာဆီအပါအဝင် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ အကြီးဆုံးဖြစ်နေတဲ့ Nevada ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် တဦးအနေနဲ့ ဒီရွေးကောက်ပွဲမှာ ရှုံးနိုင်ခြေအများဆုံးရှိသူတဦးအဖြစ် အများစုက ခန့်မှန်းထားတဲ့ကြားက မဲရေတွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတာကြောင့် ရလဒ်ကို ရက်အတန်ကြာစောင့်ပြီးမှာ အခုလို မမျှော်လင့်ဘဲ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ ဒီမိုကရက်ပါတီက လူများစုအဖြစ် ဆက်ရှိနေမှာဖြစ်တဲ့အတွက် သမ္မတ Joe Biden ရဲ့ နိုင်ငံရေးအရ လုပ်ဆောင်လိုတဲ့ အစီအစဉ်တွေ ပိုပြီးအဆင်ပြေ ချောမွေ့စေမယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

အောက်လွှတ်တော်မဲရလဒ်တွေ တချို့ဒေသတွေမှာ ဆက်ရေတွက်နေဆဲဖြစ်တာကြောင့် ရလဒ်အကုန်လုံးကို မသိရနိုင်သေးပေမယ့် လက်ရှိ အခြေအနေအထိ ရီပတ်ဘလီကန်ပါတီက အသာစီးရဖို့ သေချာသလောက် ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

XS
SM
MD
LG