မြန်မာနဲ့ နိုင်ငံတကာမှာ စစ်ပွဲတွေပြင်းထန်နေတာဟာ ၂၀၂၃ ခုနှစ်ရဲ့ ထူးခြားမှုတခု ဖြစ်ပါတယ်။ စစ်ပွဲတွေအတွင်း အရပ်သားပြည်သူတွေကို အကာအကွယ်ပေးထားတဲ့ လူသားချင်းစာနာထောက်ထားမှု နိုင်ငံတကာဥပဒေဟာ ၂၀၂၃ ခုနှစ် လူ့အခွင့်အရေးအတွက် အရေးကြီးတဲ့ ဥပဒေတခုဖြစ်တဲ့အကြောင်း ဦးတင်မောင်သန်းက သုံးသပ်တင်ပြထားပါတယ်။