မြန်မာအပါအဝင် ကမာ္ဘတဝှမ်းက မတူကွဲပြားတဲ့ လူမျိုးစုတွေ လာရောက်အခြေချ နေထိုင်ကြတဲ့ အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေး ပွတ်တိုက်မှုတွေ၊ အခုနောက်ပိုင်း ပိုပြီးတွေ့လာရပါတယ်။ ဒီအပေါ်မှာ အာရှနွယ်ဖွားတယောက်ရဲ့ အတွေ့အကြုံကို Colby တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ရည်မွန်သူ ကို ဆက်သွယ်မေးမြန်းပြီး၊ ဒီတပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမာ္ဘ အစီအစဉ်မှာ ဦးတင်မောင်သန်းက တင်ဆက်ထားပါတယ်။