သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း ငါးနာရီတိုက္ပြဲျဖစ္ပြား


ဒီးေမာ့ဆို စစ္ေဘးဒုကၡသည္စခန္းက ေဒသခံအခ်ဳိ႕။ (ဓာတ္ပုံ - ကရင္နီလူငယ္အဖြဲ႔)

ကယားျပည္နယ္ ဒီးေမာ့ဆိုျမိဳ႕နဲ ့ ဖရူဆိုျမိဳ့နယ္ေတြမွာ စစ္တပ္နဲ ့ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြအၾကား တိုက္ပြဲေတြျဖစ္ပြားလ်က္ရွိျပီး နွစ္ဘက္အက်ဆံုးေတြရွိေနသလို ေဒသခံရြာေတြလည္း ေဘးလြတ္ရာထြက္ေျပးေနၾကရပါတယ္။

Zawgyi/Unicode

ကယားျပည္နယ္ ဒီးေမာ့ဆိုျမိဳ႕နဲ ့ ဖရူဆိုျမိဳ့နယ္ေတြမွာ စစ္တပ္နဲ ့ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြအၾကား တိုက္ပြဲေတြျဖစ္ပြားလ်က္ရွိျပီး နွစ္ဘက္အက်ဆံုးေတြရွိေနသလို ေဒသခံရြာေတြလည္း ေဘးလြတ္ရာထြက္ေျပးေနၾကရပါတယ္။

ဒီးေမာ့ဆိုျမိဳ ့နယ္ထဲက ေဒါပိုးစီးရြာအနီးမွာ ငါးနာရီၾကာတိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္ျပီး စစ္ေကာင္စီဘက္က စစ္အင္အားအမ်ားအျပားနဲ ့လက္နက္ၾကီးေတြအသံုးျပဳျပီး တိုက္ခဲ့ျပီး နွစ္ဘက္စလံုးထိခိုက္မႈေတြရွိတယ္လို ့KNDF တာဝန္ရွိသူတဦးကဆိုပါတယ္။ ေလာေလာဆယ္ေတာ့ ထိခိုက္ဒဏ္ရာရွိတဲ့လူကို ေဆး႐ုံးေတာ့ အျမန္ဆံုးပို႔ထားတယ္လို ့KNDF က ဗီြအိုေအကို ေျပာပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႔ေတြဟာ အရပ္ဝတ္နဲ႔ ေက်းရြာေတြရဲ႕ ေနအိမ္အတြင္းကေန ပုန္းခိုတိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့သလို ရြာသားေတြရဲ႕ေနအိမ္ေတြကို ေဖာက္ထြင္း ဖ်က္ဆီးတာေတြ လုပ္ေနတယ္လို႔လည္း KNDF သတင္းနဲ႔ ျပန္ျကားေရးဌာနက ထုတ္ျပန္ပါတယ္။

စစ္ေကာင္စီပစ္လိုက္တဲ့ လက္နက္ႀကီးေတြေၾကာင့္ ကုန္းသာရြာအတြင္း က်ေရာက္လို႔ ေဒသခံေတြ ထိခိုက္ဒဏ္ရာရွိသူရွိသလို ေနအိမ္တခ်ဳိ႕လည္း ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

ဒါအျပင္ မေန႔ညပိုင္းက လြိဳင္ေကာ္ၿမိဳ႕နယ္ ေရနီကန္ေက်းရြာမွာလည္း ပစ္ခတ္မႈတခ်ဳိ႕ရွိခဲ့ၿပီး ရပ္ကြက္ေနသူေတြ က်ည္ထိမွန္ဒဏ္ရာရွိသူရွိသလို ေနအိမ္ပ်က္စီးမႈလည္း ရွိတယ္လို႔ ေျပာပါတယ္။

ဒီအေတာအတြင္း စစ္ကိုင္းတိုင္း ကနီျမိဳ့နယ္၊ ယင္းမာပင္ျမိဳ့နယ္နဲ႔ပုလဲျမိဳ ့နယ္ေတြမွာလည္း အင္တာနက္ေတြျဖတ္ေတာက္ထားျပီး စစ္အင္အားေတြတိုးျမွင့္ခ်လာေနတာေၾကာင့္ ကနီျမိဳ့နယ္ ခ်င္းတြင္းအေရွ ့ဘက္ကမ္းက ေက်းရြာေတာ္ေတာ္မ်ားမ်ား ေနရပ္စြန္ ့ခြာ ထြက္ေျပးေနၾကရပါတယ္။

ေဖေဖာ္ဝါရီလတြင္း စစ္တပ္က အာဏာသိမ္းဖယ္ရွားျခင္းခံခဲ့ NLD အစိုးရကဖြဲ ့စည္းထားတဲ့ အမ်ိဴးသားညီညြတ္ေရးအစိုးရ NUG က ခုခံတြန္းလွန္စစ္ေၾကညာၿပီးေနာက္ပိုင္း နိုင္ငံတဝွမ္းတိုက္ပြဲမ်ားခပ္စိပ္စိပ္ျဖစ္ပြားလာေနျပီး အိုးအိမ္စြန္ ့ခြာမႈေတြ အေျမာက္အမ်ား ေပၚေပါက္လာတာျဖစ္ပါတယ္။

---------

တိုက္႐ိုက္ လင့္ခ္


Unicode

ဒီးမော့ဆိုမြို့နယ်တွင်း ငါးနာရီတိုက်ပွဲဖြစ်ပွား

ကယားပြည်နယ် ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်အကျဆုံးတွေရှိနေသလို ဒေသခံရွာတွေလည်း ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက ဒေါပိုးစီးရွာအနီးမှာ ငါးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က စစ်အင်အားအများအပြားနဲ့လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခဲ့ပြီး နှစ်ဘက်စလုံးထိခိုက်မှုတွေရှိတယ်လို့KNDF တာဝန်ရှိသူတဦးကဆိုပါတယ်။ လောလောဆယ်တော့ ထိခိုက်ဒဏ်ရာရှိတဲ့လူကို ဆေးရုံးတော့ အမြန်ဆုံးပို့ထားတယ်လို့KNDF က ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်ဝတ်နဲ့ ကျေးရွာတွေရဲ့ နေအိမ်အတွင်းကနေ ပုန်းခိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ရွာသားတွေရဲ့နေအိမ်တွေကို ဖောက်ထွင်း ဖျက်ဆီးတာတွေ လုပ်နေတယ်လို့လည်း KNDF သတင်းနဲ့ ပြန်ျကားရေးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ကုန်းသာရွာအတွင်း ကျရောက်လို့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရှိသူရှိသလို နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် မနေ့ညပိုင်းက လွိုင်ကော်မြို့နယ် ရေနီကန်ကျေးရွာမှာလည်း ပစ်ခတ်မှုတချို့ရှိခဲ့ပြီး ရပ်ကွက်နေသူတွေ ကျည်ထိမှန်ဒဏ်ရာရှိသူရှိသလို နေအိမ်ပျက်စီးမှုလည်း ရှိတယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နဲ့ပုလဲမြို့နယ်တွေမှာလည်း အင်တာနက်တွေဖြတ်တောက်ထားပြီး စစ်အင်အားတွေတိုးမြှင့်ချလာနေတာကြောင့် ကနီမြို့နယ် ချင်းတွင်းအရှေ့ဘက်ကမ်းက ကျေးရွာတော်တော်များများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ဖေဖော်ဝါရီလတွင်း စစ်တပ်က အာဏာသိမ်းဖယ်ရှားခြင်းခံခဲ့ NLD အစိုးရကဖွဲ့စည်းထားတဲ့ အမျိူးသားညီညွတ်ရေးအစိုးရ NUG က ခုခံတွန်းလှန်စစ်ကြေညာပြီးနောက်ပိုင်း နိုင်ငံတဝှမ်းတိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားလာနေပြီး အိုးအိမ်စွန့်ခွာမှုတွေ အမြောက်အများ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

#MyanmarViolence #MyanmarMilitaryCoup #KNDF #VOABurmese#ဒီးမော့ဆို#လွိုင်ကော်၊ရေနီကန်#အင်တာနက်#ယင်းမာပင်၊ပုလဲ၊ဖရူဆို

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG