Zawgyi/Unicode
ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ဘက္မွာ မေန႔ညေနက ေဒသခံကာကြယ္ေရးအဖြဲ႔နဲ႔ စစ္တပ္ၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ တိုက္ပြဲျဖစ္တဲ့အနီးတဝိုက္ ႐ြာ ၃ ႐ြာေလာက္က ေဒသခံေတြ ညတြင္းခ်င္းမွာပဲအိုးအိမ္စြန႔္ၿပီး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ ဒီးေမာ့ဆိုဘက္ကအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။
ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ကုန္းသားေက်း႐ြာအနီး ေက်ာက္ဆည္ကန္ မွာ စက္တင္ဘာလ ၂၃ ရက္ မေန႔ ညေန ၆ နာရီခြဲေလာက္က ကရင္နီတပ္မေတာ္ (KA) နဲ႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) ပူးေပါင္းအဖြဲ႕နဲ႔စစ္တပ္ၾကား တိုက္ပြဲျဖစ္ခဲ့ၿပီးတဲ့ေနာက္ ေဒသခံေတြ ထြက္ေျပး ပုန္းေရွာင္ေနတယ္လို႔ အနီးနားရြာသြားတဦးက ဗီြအိုေအကိုေျပာပါတယ္။
“တိုက္ပြဲနဲ႔ နီးတဲ့ ႐ြာေတြက ညမိုးခ်ဳပ္ႀကီး ေျပးလႊားတာေတြေတာ့ရွိတယ္ ညတုန္းက၊ ဒီတိုက္ပြဲက ႏွစ္ဦးႏွစ္ဘက္ ထိေတြ႔တဲ့အခါမွာ နည္းနည္းျပင္းထန္လာရင္ေတာ့ ဒီေက်း႐ြာကို ထိခိုက္ဖို႔ပဲရွိတယ္ဆိုေတာ့ လူေတြက ႐ြာထဲမွာ မေနရဲေတာ့ဘူး၊ စစ္ေကာင္စီဘက္ကလည္း သူတို႔ေနရာယူတဲ့အခါမွာ တေျဖးေျဖးနဲ႔ ဒီကုန္းသာ၊ ေသးဆူလယ္တို႔ ႐ြာဘက္ကို နည္းနည္းနီးလာေတာ့ အခ်ိန္မေ႐ြး လက္နက္ႀကီးက ႐ြာထဲကို က်ႏိုင္တဲ့အေျခအေနေပါ့ေနာ္၊ သူတို႔ကလည္း တိုက္ပြဲျဖစ္တိုင္းဆိုရင္ အၿမဲတမ္းလက္နက္ႀကီးနဲ႔ လွမ္းထုတာေတြ မ်ားေတာ့ အဲ့ဒါေတြကို ေၾကာက္ၾကတာေပါ့။”
႐ြာထဲ လက္နက္ႀကီးက်ည္က်လို႔ ေနအိမ္တခ်ိဳ႕ ပ်က္စီးခဲ့ၿပီး ကုန္းသာ႐ြာ၊ ေဒါငံခါး႐ြာနဲ႔ ေသးဆူလယ္႐ြာက ေဒသခံေတြ အကုန္လုံးနီးပါး ထြက္ေျပးေနတာပါ။
ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ကုန္းသာ႐ြာတဝိုက္မွာ စစ္တပ္က စက္တင္ဘာ ၂၂ ရက္ေန႔ ကတည္းက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ထိုးစစ္ဆင္လာၿပီး စက္တင္ဘာ ၂၃ ရက္ ညေနပိုင္းမွာ ေဒသခံကာကြယ္ေရးအဖြဲ႕နဲ႔ အျပန္အလွန္ ပစ္ခတ္ခဲ့တယ္လို႔ KNDF တပ္ရင္း (၆) တပ္စုမႉးတဦးက VOA ကို ေျပာပါတယ္။
“ၿပီးခဲ့တဲ့ရက္က သူတို႔က လက္နက္ႀကီး သုံး- ေလးလုံးေလာက္ အရင္ထုလာတယ္၊ ထုလာၿပီးေတာ့မွ မေန႔ည သူတု႔ိက ဒီဘက္မွာ ထိုးေဖာက္ဖို႔ သူတို႔လုပ္ေနတာေပါ့၊ ေနာက္အဲဒီမွာ က်ေနာ္တို႔အဖြဲ႔က နည္းနည္းပစ္ရတာေပါ့ေနာ္။ ခဏေလးပဲ ပစ္ရတယ္။ သူတို႔ျပန္ဆုတ္သြားတာ အဲ့ဒါမ်ိဳးေပ့ါေနာ္၊ သူတို႔က လာရင္ က်ေနာ္တု႔ိက နည္းနည္းအလွမ္းေဝးတာေပါ့ေနာ္။ က်ေနာ္တို႔ရွိမွန္း သူတို႔သိေတာ့ လက္နက္အရင္ပစ္တယ္ေပါ့။ ေနာက္ က်ေနာ္တို႔ဘက္ကလည္း ျပန္ပစ္။ အဲ့ဒါနဲ႔ သူတို႔ကလည္း ျပန္ဆုတ္သြားတာေပါ့ေနာ္။”
စစ္တပ္က လက္နက္ႀကီးေတြနဲ႔ အၿမဲတမ္း ပစ္ခတ္ထိုးစစ္ဆင္ေနတာလို႔လည္း အဲဒီ KNDF တပ္စုမႉးက ဆက္ေျပာပါတယ္။
ဒီးေမာ့ဆိုၿမိဳ႕နယ္က တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။
ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း စက္တင္ဘာ ၂၀ ရက္ေန႔ကလည္း တိုက္ပြဲျဖစ္ခဲ့သလို စက္တင္ဘာ ၂၁ ရက္ေန႔မွာေတာ့ အေရွ႕ဘက္ျခမ္း ၆ မိုင္ေက်း႐ြာအုပ္စုမွာ စစ္တပ္က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြက VOA ကို ေျပာထားပါတယ္။
စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေမလကတည္းက ကယားျပည္နယ္မွာ စစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔တို႔ မၾကာခဏ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ေနၾကတဲ့အတြက္ အိုးအိမ္စြန႔္ ထြက္ေျပးေနၾကရတဲ့ ျပည္တြင္းဒုကၡသည္ ေသာင္းနဲ႔ခ်ီ ရွိေနၿပီး ဒုကၡအမ်ိဳးမ်ိဳး ေရာက္ေနၾကရတာေၾကာင့္ ႏိုင္ငံေရးျပႆနာကို ညႇိႏႈိင္းေျဖရွင္းၾကဖို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္က ခရစ္ယာန္ဘာသာေရးဆရာတဦးက ပန္ၾကားပါတယ္။
“တပ္နဲ႔ ျပည္သူနဲ႔ အစိုးရနဲ႔ သုံးဖြဲ႔ပူးေပါင္းၿပီးေတာ့မွ အေကာင္းဆုံး ညႇိႏႈိင္းေစခ်င္တယ္၊ ၿပီးေတာ့မွတိုင္းျပည္ကိုလည္း ၿငိမ္းခ်မ္းေစခ်င္တယ္၊ အာဏာသိမ္းတဲ့အတြက္ေၾကာင့္ အာဏာကိုခ်ဳပ္ကိုင္ထားခ်င္တဲ့အတြက္ေၾကာင့္ အခ်ိန္တိုင္းလည္း ပင္စင္မယူခ်င္တဲ့အတြက္ေၾကာင့္ က်ေနာ္တု႔ိအမ်ားႀကီး ဆံုးရႈံးနစ္နာမႈေတြျဖစ္တယ္၊ က်ေနာ္တို႔ အနာဂတ္လူငယ္ေလးေတြလည္း အမ်ားႀကီးဆုံးရႈံးတယ္။ တိုင္းျပည္ကိုခ်စ္ၿပီးေတာ့မွ တိုင္းျပည္ကို တိုးတက္ေအာင္ ျပဳၾကမယ့္လူငယ္ေတြ လူငယ္ေတြလည္း အမ်ားႀကီးပါသြားတဲ့အခါမွာ တအားႏွေမ်ာတယ္၊ အဲ့ဒါေၾကာင့္ အာဏာကိုအျမန္ဆုံးလႊဲအပ္ေစခ်င္တယ္၊ ၿပီးလို႔ရွိရင္ ျပည္သူနဲ႔ ပူေပါင္းေစခ်င္တယ္။”
လက္ရွိ ေဒါငံခါးေက်း႐ြာအုပ္စုဘက္မွာ စစ္တပ္က အင္အားအမ်ားအျပားဝင္လာၿပီး နယ္ေျမရွင္းလင္းေရးလုပ္ေနသလို ေဒသခံေတြလည္း နီးစပ္ရာ ေက်း႐ြာနဲ႔ ေတာေတာင္ေတြထဲမွာ ပုန္းေရွာင္ေနၾကရတယ္လုိ႔ ေဒသခံေတြကေျပာပါတယ္။
---------
Unicode
ဒီးမော့ဆိုမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ တိုက်ပွဲဖြစ်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဘက်မှာ မနေ့ညနေက ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့အနီးတဝိုက် ရွာ ၃ ရွာလောက်က ဒေသခံတွေ ညတွင်းချင်းမှာပဲအိုးအိမ်စွန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီးမော့ဆိုဘက်ကအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသားကျေးရွာအနီး ကျောက်ဆည်ကန် မှာ စက်တင်ဘာလ ၂၃ ရက် မနေ့ ညနေ ၆ နာရီခွဲလောက်က ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့နဲ့စစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ဒေသခံတွေ ထွက်ပြေး ပုန်းရှောင်နေတယ်လို့ အနီးနားရွာသွားတဦးက ဗွီအိုအေကိုပြောပါတယ်။
“တိုက်ပွဲနဲ့ နီးတဲ့ ရွာတွေက ညမိုးချုပ်ကြီး ပြေးလွှားတာတွေတော့ရှိတယ် ညတုန်းက၊ ဒီတိုက်ပွဲက နှစ်ဦးနှစ်ဘက် ထိတွေ့တဲ့အခါမှာ နည်းနည်းပြင်းထန်လာရင်တော့ ဒီကျေးရွာကို ထိခိုက်ဖို့ပဲရှိတယ်ဆိုတော့ လူတွေက ရွာထဲမှာ မနေရဲတော့ဘူး၊ စစ်ကောင်စီဘက်ကလည်း သူတို့နေရာယူတဲ့အခါမှာ တဖြေးဖြေးနဲ့ ဒီကုန်းသာ၊ သေးဆူလယ်တို့ ရွာဘက်ကို နည်းနည်းနီးလာတော့ အချိန်မရွေး လက်နက်ကြီးက ရွာထဲကို ကျနိုင်တဲ့အခြေအနေပေါ့နော်၊ သူတို့ကလည်း တိုက်ပွဲဖြစ်တိုင်းဆိုရင် အမြဲတမ်းလက်နက်ကြီးနဲ့ လှမ်းထုတာတွေ များတော့ အဲ့ဒါတွေကို ကြောက်ကြတာပေါ့။”
ရွာထဲ လက်နက်ကြီးကျည်ကျလို့ နေအိမ်တချို့ ပျက်စီးခဲ့ပြီး ကုန်းသာရွာ၊ ဒေါငံခါးရွာနဲ့ သေးဆူလယ်ရွာက ဒေသခံတွေ အကုန်လုံးနီးပါး ထွက်ပြေးနေတာပါ။
ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာတဝိုက်မှာ စစ်တပ်က စက်တင်ဘာ ၂၂ ရက်နေ့ ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ထိုးစစ်ဆင်လာပြီး စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ KNDF တပ်ရင်း (၆) တပ်စုမှူးတဦးက VOA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ရက်က သူတို့က လက်နက်ကြီး သုံး- လေးလုံးလောက် အရင်ထုလာတယ်၊ ထုလာပြီးတော့မှ မနေ့ည သူတု့ိက ဒီဘက်မှာ ထိုးဖောက်ဖို့ သူတို့လုပ်နေတာပေါ့၊ နောက်အဲဒီမှာ ကျနော်တို့အဖွဲ့က နည်းနည်းပစ်ရတာပေါ့နော်။ ခဏလေးပဲ ပစ်ရတယ်။ သူတို့ပြန်ဆုတ်သွားတာ အဲ့ဒါမျိုးပေ့ါနော်၊ သူတို့က လာရင် ကျနော်တု့ိက နည်းနည်းအလှမ်းဝေးတာပေါ့နော်။ ကျနော်တို့ရှိမှန်း သူတို့သိတော့ လက်နက်အရင်ပစ်တယ်ပေါ့။ နောက် ကျနော်တို့ဘက်ကလည်း ပြန်ပစ်။ အဲ့ဒါနဲ့ သူတို့ကလည်း ပြန်ဆုတ်သွားတာပေါ့နော်။”
စစ်တပ်က လက်နက်ကြီးတွေနဲ့ အမြဲတမ်း ပစ်ခတ်ထိုးစစ်ဆင်နေတာလို့လည်း အဲဒီ KNDF တပ်စုမှူးက ဆက်ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
ဒီးမော့ဆိုမြို့နယ်တွင်း စက်တင်ဘာ ၂၀ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့သလို စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ အရှေ့ဘက်ခြမ်း ၆ မိုင်ကျေးရွာအုပ်စုမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကတည်းက ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ မကြာခဏ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြတဲ့အတွက် အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ ပြည်တွင်းဒုက္ခသည် သောင်းနဲ့ချီ ရှိနေပြီး ဒုက္ခအမျိုးမျိုး ရောက်နေကြရတာကြောင့် နိုင်ငံရေးပြဿနာကို ညှိနှိုင်းဖြေရှင်းကြဖို့ ဒီးမော့ဆိုမြို့နယ်က ခရစ်ယာန်ဘာသာရေးဆရာတဦးက ပန်ကြားပါတယ်။
“တပ်နဲ့ ပြည်သူနဲ့ အစိုးရနဲ့ သုံးဖွဲ့ပူးပေါင်းပြီးတော့မှ အကောင်းဆုံး ညှိနှိုင်းစေချင်တယ်၊ ပြီးတော့မှတိုင်းပြည်ကိုလည်း ငြိမ်းချမ်းစေချင်တယ်၊ အာဏာသိမ်းတဲ့အတွက်ကြောင့် အာဏာကိုချုပ်ကိုင်ထားချင်တဲ့အတွက်ကြောင့် အချိန်တိုင်းလည်း ပင်စင်မယူချင်တဲ့အတွက်ကြောင့် ကျနော်တု့ိအများကြီး ဆုံးရှုံးနစ်နာမှုတွေဖြစ်တယ်၊ ကျနော်တို့ အနာဂတ်လူငယ်လေးတွေလည်း အများကြီးဆုံးရှုံးတယ်။ တိုင်းပြည်ကိုချစ်ပြီးတော့မှ တိုင်းပြည်ကို တိုးတက်အောင် ပြုကြမယ့်လူငယ်တွေ လူငယ်တွေလည်း အများကြီးပါသွားတဲ့အခါမှာ တအားနှမျောတယ်၊ အဲ့ဒါကြောင့် အာဏာကိုအမြန်ဆုံးလွှဲအပ်စေချင်တယ်၊ ပြီးလို့ရှိရင် ပြည်သူနဲ့ ပူပေါင်းစေချင်တယ်။”
လက်ရှိ ဒေါငံခါးကျေးရွာအုပ်စုဘက်မှာ စစ်တပ်က အင်အားအများအပြားဝင်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေသလို ဒေသခံတွေလည်း နီးစပ်ရာ ကျေးရွာနဲ့ တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဒီးမော့ဆို #ဗွီအိုအေမြန်မာပိုင်း