သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ကိုရမ်ကျမ်းမီးရှို့မှုပါဝင်တဲ့ကန့်ကွက်ပွဲ ထိန်းချုပ်ဖို့ ဒိန်းမတ်ကြံဆ


ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen


ကိုရမ်ကျမ်းမီးရှို့မှုပါဝင်တဲ့ကန့်ကွက်ပွဲ ထိန်းချုပ်ဖို့ ဒိန်းမတ်ကြံဆ

ကိုရမ်ကျမ်းစာမီးရှို့ဖျက်ဆီးမှုနဲ့ပတ်သက်တဲ့ကန့်ကွက်ဆန္ဒပြမှုတွေကိုရပ်တန့်ဖို့ ဥပဒေနဲ့အညီ နည်းလမ်းရှာဖွေသွားမယ်လို့ ဒိန်းမတ်အစိုးရက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒိန်းမတ်နဲ့ဆွီဒင်နိုင်ငံတို့မှာ ကိုရမ်ကျမ်းစာကို မတော်မလျော်ပြုလုပ်မှုဖြစ်ရပ်တွေကြောင့် လုံခြုံရေးအရ စိုးရိမ်စရာတွေရှိလာတယ်ဆိုတာကို ထောက်ပြပြီး အခုလို ပြောဆိုလာာဖြစ်ပါတယ်။ ဒီကိစ္စအပေါ်ကန့်ကွက်မှုတွေကို အစွန်းရောက်တွေအသုံးချလာနိုင်တဲ့အတွက် ဒီနေရာမှာ အစိုးရအနေနဲ့ကြားဝင်သင့်သလားဆိုတာကို စူးစမ်းသွားမှာဖြစ်တယ်၊ လုံခြုံရေးအတွက် မဟုတ်သည့်တိုင်အောင် တခြားနိုင်ငံယဥ်ကျေးမှုနဲ့ဘာသာရေးတွေအပေါ် စော်ကားမှုတွေနဲ့ ဒိန်းမတ်နိုင်ငံအတွက် သိသာတဲ့ဆိုးပြစ်တွေပေါ်ထွန်းလာစေနိုင်မလားဆိုတာကို စူးစမ်းမှာဖြစ်တယ်လို့ နိုင်ငံခြားရေးရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒီလိုလုပ်တဲ့နေရာမှာလည်း ဖွဲ့စည်းပုံဥပဒေအရ အကာကွယ်ပေးထားတဲ့ လွတ်လပ်စွာဆန္ဒသဘောထားထုတ်ဖေါ်ခွင့် ဘောင်အတွင်းကသာ လုပ်ဆောင်ရလိမ့်မှာဖြစ်တယ်၊ ဒီလွတ်လပ်ခွင့်ဟာ ဒိန်းမတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုထားတဲ့ အရေးအကြီးဆုံး တန်ဖိုးထားမှုတွေဖြစ်တယ်လို့လည်း အလေးအနက် ဖော်ပြထားပါတယ်။ အစ္စလာမ်ကျမ်းစာကို မတော်တရော်ပြုလုပ်မှုတွေပါဝင်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေနဲ့ နော်ဒစ်နိုင်ငံနှစ်ခုဖြစ်တဲ့ ဒိန်းမတ်နဲ့ဆွီဒင်နိုင်ငံတို့ကြား သံတမန်ရေးတင်းမာမှုတွေ ဖြစ်ပွါးနေပါတယ်။

ဒီကန့်ကွက် ဆန္ဒပြမှုတွေကြောင့် ဒိန်းမတ်နိုင်ငံဟာ မတူကွဲပြားတဲ့ဘာသာရေး ယဥ်ကျေးမှုအစဥ်အလာတွေကိုစော်ကားဖို့ အခွင့်အလမ်းပေးထားတယ်လို့ အထင်ခံနေရတယ်၊ ဒီကိစ္စမှာ လှုံ့ဆော်သူတွေရှိနေပြီး ကြီးမားတဲ့အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG