သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာများနေရပ်ပြန်ရေး အခက်အခဲဖြေရှင်းပေးဖို့ အစိုးရကို သံတမန်တွေ တိုက်တွန်း


ဖေဖော်ဝါရီ ၁၅ ရက်နေ့က နိုင်ငံတကာ သံတမန်များ ရခိုင်ပြည်နယ်ကို သွားရောက်စဉ် (Prof Win Myat Aye)
ဖေဖော်ဝါရီ ၁၅ ရက်နေ့က နိုင်ငံတကာ သံတမန်များ ရခိုင်ပြည်နယ်ကို သွားရောက်စဉ် (Prof Win Myat Aye)

ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေဘေးမသီ ရန်မခ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဆန္ဒနဲ့အညီ ဌာနေပြန်နိုင်ရေး အတွက် လုံခြုံရေး အပါအဝင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မြန်မာ အစိုးရဘက်က ဖြေရှင်း ဆောင်ရွက်ဖို့ နိုင်ငံတကာ သံတမန်အဖွ့ဲက တိုက်တွန်းလိုက်ပါတယ်။

ရခိုင် အကြံပေး ကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာပါ အကြံပြုချက်တွေ အတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင် စားသောက်ခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံသားဖြစ်ရေး တရားဝင် နေထိုင်ခွင့် အနေအထားမျိုးကို မြန်မာ အစိုးရ ဘက်က ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း သံတမန် ကိုယ်စားလှယ် အဖွဲ့က တိုက်တွန်းတာပါ။

ရိုဟင်ဂျာတွေ ဌာနေပြန်လာနိုင်ရေး မြန်မာ အစိုးရဘက်က နေရာထိုင်ခင်း ပြင်ဆင်ထားတာတွေကို နိုင်ငံတကာ သံတမန် အဖွဲ့က ကွင်းဆင်း လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသတွင်း ပိုပြီး ဝင်ရောက်ခွင့် ဟာဆိုရင်လည်း လက်တွေ့ အခြေအနေတွေကို ပိုပြီး နားလည်နိုင်စေမှာ ဖြစ်သလို ဌာနေပြန်ရေး လုပ်ငန်းတွေကိုလည်း ထောက်ပံ့ခွင့်ရမှာဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ကူမှုတွေ ကိုလည်း ဖြည့်တင်းခွင့် ရစေမှာဖြစ်တယ်လို့ သံတမန် အဖွဲ့က ပြောဆိုထားပါတယ်။

သြစတေးလျ၊ ချက် ၊ ဒိန်းမတ်၊ ဥရောပ သမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူဇီလန်၊ နော်ဝေ၊ ဆွီဒင်၊ တူရကီ နဲ့ အမေရိကန် သံတမန်တွေ မြန်မာ အစိုးရ အစီအစဉ်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည် ပြန်လည် လက်ခံရေး ပြင်ဆင်ထားတာတွေကို မကြာခင် ရက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG