သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုနိုင်ငံခြားရေးဝန်ကြီး Blinken မြန်မာပြည်လာမည်


အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သူ့ရဲ့အရှေ့တောင်အာရှ ခရီးစဉ်ကို မနေ့က စနေနေ့မှာ စတင်လိုက်ပြီး မြန်မာနိုင်ငံကို မေလ ၂၁ နဲ့ ၂၂ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့်အရာရှိတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစပျိုးအဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မနေ့က မေလ ၁၆ ရက်နေ့မှာတော့ မစ္စတာ ဘလင်ကန်ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ရောက်နေပြီး ဗီယက်နမ် အဆင့်မြင့်အစိုးရအရာရှိတွေ၊ လူမှုအဖွဲ့အစည်းကလူတွေနဲ့ တွေ့ဆုံပါတယ်။

မေလ ၁၉ ရက်နေ့မှာ ဟိုချီမင်းမြို့ကိုသွားရောက်မှာဖြစ်ပါတယ်။ ဝန်ကြီးဟာ မေလ ၂၀ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို သွားရောက်ဖို့ရှိနေပြီး အစိုးရအဆင့်မြင့်တာဝန်ရှိသူတွေ၊ အာဆီယံအသင်း အမြဲတမ်းကိုယ်စားလှယ်တွေအပြင် အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံမှာပါ။ ဝန်ကြီး ဘလင်ကန်ဟာ ဒေသတွင်းက လူငယ်ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီ လူမှုအသင်းအဖွဲ့ဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆို ဆွေးနွေးမှာဖြစ်ပါတယ်။

XS
SM
MD
LG