သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒု-နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် သွားမည်


 Deputy Secretary of State William J. Burns
Deputy Secretary of State William J. Burns
အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး William Burns ဟာ အောက်တိုဘာလ ၁၇ ရက်
လာမယ့် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ မစ္စတာ ဘန်း(စ) ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေကိုရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကိုပါတွေ့ဆုံဖို့ ရှိတယ်လို့ ကြာသပတေးနေ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဌာနပြောခွင့်ရ Victoria Nuland ကပြောပါတယ်။

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဘန်း(စ)ဟာ အောက်တိုဘာလ ၁၃ရက် စနေနေ့မှာ အာရှဒေသ ၅နိုင်ငံ ခရီးကို စတင်မှာဖြစ်ပြီး ပထမဦးဆုံး ဂျပန်နိုင်ငံကို သွားရောက်မှာပါ။ ဂျပန်နိုင်ငံမှာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးအပါအဝင် အကြီးတန်း အရာရှိတွေနဲ့ ဒေသတွင်း ကိစ္စရပ်တွေကို ဆွေးနွေးပြီး တနင်္လာနေ့မှာ တောင်ကိုရီးယား နိုင်ငံ ကိုသွားရောက်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကို မလာခင် တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်သလို မြန်မာနိုင်ငံကအပြန် ကြာသပတေးနေ့မှာတော့ အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ကို သွားရောက်ပြီး နှစ်နိုင်ငံ စီးပွါးရေး၊ လုံခြုံရေး နဲ့ ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိပါတယ်။
XS
SM
MD
LG