သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် သံအမတ် ရခိုင်ပြည်ရောက်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ရခိုင်ဒေသ ဒုက္ခသည်များကို သွားရောက် တွေ့ဆုံခဲ့စဉ်။ (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell ရခိုင်ဒေသ ဒုက္ခသည်များကို သွားရောက် တွေ့ဆုံခဲ့စဉ်။ (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်နဲ့ သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။ ဒီကနေ့ နေလယ်ပိုင်းကတော့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို မနေ့တုန်းကတော့ စစ်တွေမြို့ပေါ်က မူစလင်တွေ ရှိရာ ရပ်ကွက်တွေနဲ့ မူစလင် ဒုက္ခသည် စခန်းတွေကို သွားရောက် ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရခိုင်အရေးနဲ့ပတ်သက်လို့ သမ္မတက ဖွဲ့စည်း ပေးထားတဲ့ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်အချို့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေကြပါတယ်။ OIC လို့ခေါ်တဲ့ ကမ္ဘာ့ မူစလင် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ရခိုင်ဒေသမှာဖြစ်ခဲ့တဲ့ အခြေအနေ အချက်အလက် စုစည်းစုံစမ်းရေး အဖွဲ့တဖွဲ့ကို အခုရက်ပိုင်းအတွင်း စေလွှတ်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုတွေ အတန်ငယ် အေးဆေးသွားပြီဆိုပေမဲ့ အကြမ်းဖက်မှုတွေ ဖြစ်တာကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဒုက္ခသည်တွေ အရေးကိစ္စက မပြီးသေးပါဘူး။ နိုင်ငံတွင်း လူမှုကူညီရေး အဖွဲ့တွေရော နိုင်ငံတကာကပါ ဒုက္ခသည်တွေ အကူအညီ ပေးရေးတွေကို ဆက်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ ရခိုင်အရေးနဲ့ပတ်သက်လို့ ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် မန္တလေးမှာ ဖြစ်ခဲ့ပါသေးတယ်။ ဆရာတော်ဦးဝီရသူ ဦးဆောင်တဲ့ သံဃာတော်တွေဟာ သမ္မတရဲ့ ရခိုင်အရေး ရပ်တည်မှုအပေါ်မှာ ထောက်ခံတဲ့အနေနဲ့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။
XS
SM
MD
LG