သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး ခေါင်းဆောင် Desmond Tutu ကွယ်လွန်


ဘုန်းတော်ကြီး Desmond Tutu. (ဧပြီ ၂၀၊ ၂၀၁၆)
ဘုန်းတော်ကြီး Desmond Tutu. (ဧပြီ ၂၀၊ ၂၀၁၆)

(Zawgyi / Unicode)

တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားခဲ့သူ တဦးဖြစ်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး Desmond Tutu ဟာ အသက် ၉၀ အရွယ်မှာ အခု တနင်္ဂနွေနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

“ဘုန်းတော်ကြီး Desmond Tutu ဟာ သူမတူတဲ့ တိုင်းချစ်ပြည်ချစ်တဦးပါ။ အသားအရောင်ခွဲခြားမှုက လွတ်မြောက်လာတဲ့ တောင်အာဖရိကနိုင်ငံအဖြစ် အမွေချပေးခဲ့တဲ့ ပြောင်မြောက်တဲ့ မျိုးဆက်တခုကို နှုတ်ဆက်ခြင်းဖြစ်တာမို့ သူကွယ်လွန်မှုအပေါ် တတိုင်းတပြည်လုံး ဝမ်းနည်းရပါတယ်။” လို့ တောင်အာဖရိကသမ္မတ Cyril Ramaphosa က ပြောပါတယ်။

ဘုန်းတော်ကြီး Desmond Tutu ဟာ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေးအတွင်း သူ့ရဲ့ အကြမ်းမဖက် လှုပ်ရှားမှုကြောင့် ၁၉၈၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် Nelson Mandela နဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ မိတ်ဆွေ ရဲဘော်ရဲဘက်တွေ ဖြစ်ပါတယ်။

နောင် ၁၀ နှစ်အကြာမှာလည်း တောင်အာဖရိကရဲ့ တချိန်က ရက်စက်မှုတွေကို ပြန်လည်ဖော်ထုတ်ဖို့ ဖွဲ့စည်းတဲ့ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်မှာ သူဟာ ဥက္ကဋ္ဌတာဝန် ယူခဲ့ပါတယ်။

တောင်အာဖရိကရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုလည်း အစဉ်တစိုက် ထောက်ခံအားပေးခဲ့ပြီး ရိုဟင်ဂျာတွေ အရေးမှာလည်း နှုတ်ဆိတ်မနေကြဖို့ တိုက်တွန်းခဲ့သူပါ။

ဘုန်းတော်ကြီး Desmond Tutu ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ဆီးကျိတ်ကင်ဆာရောဂါ စတင်ခံစားလာခဲ့ရပြီး မကွယ်လွန်ခင် နှစ်တွေမှာလည်း ဆေးရုံ မကြာခဏ တက်ရောက်ကုသတာတွေ ရှိခဲ့ပါတယ်။

သူဟာ တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်းမြို့ Oasis Frail Care Center မှာ ငြိမ်းချမ်းစွာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး ခေါင်းဆောင် Desmond Tutu ကွယ်လွန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG