သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး Desmond Tutu ဆေးရုံတက်


အနားယူသွားပြီဖြစ်တဲ့ တောင်အာဖရိနိုင်ငံက ဘုန်းတော်ကြီး Desmond Tutu ဟာ သူ့မှာ ခံစားနေရတဲ့ ကူးစက်ရောဂါ မပျောက်နိုင်ဘဲ ဖြစ်နေတဲ့အတွက် Cape Town ဆေးရုံကို တင်လိုက်ရပါတယ်။

ဘုန်းတော်ကြီးတူးတူးအနေနဲ့ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း ဆေးရုံကနေ ပြန် ဆင်းလာနိုင်မယ်လို့ မျှော်လင့်ကြောင်း သမီးဖြစ်သူ Mpho Tutu က အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘုန်းတော်ကြီးတူးတူးဟာ ဆီးကျိတ်ကင်ဆာကို နှစ်ပေါင်းများစွာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားအုပ်ချုပ်မှုကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့နေရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ဘုန်းတော်ကြီးတူးတူးဟာ ၁၉၈၄ ခုနှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရတာပါ။ သူ အဲဒီလို နိုဘဲလ်ငြိမ်းချမ်းရေးဆုရပြီး ၁၀ နှစ်အကြာမှာ အဲဒီ အသားအရောင် ခွဲခြားအုပ်ချုပ်မှု အဆုံးသတ်သွားခဲ့ပါတယ်။

သူ့အနေနဲ့ လူထုအကြား သွားလာလှုပ်ရှားမှုတွေကနေ အနားယူတော့မယ်လို့ ၂၀၁၁ ခုနှစ်မှာ ကြေညာခဲ့ပြီးတဲ့နောက် ကမ္ဘာ့နေရာ အများအပြားကို ခရီးထွက်ခဲ့ပြီး အများပြည်သူရှေ့ စကားပြောတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG