သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Detroit မြို့ ဒေဝါလီခံဖို့ လျှောက်ထား


အလုပ်အကိုင်ရှားပါးသွားတဲ့ ဒက်ထရွိုက်မြို့ရဲ့ ယိုယွင်းနေသော မြင်ကွင်းတစ်ခု။
အလုပ်အကိုင်ရှားပါးသွားတဲ့ ဒက်ထရွိုက်မြို့ရဲ့ ယိုယွင်းနေသော မြင်ကွင်းတစ်ခု။
တချိန်က အမေရိကန် စက်မှုအင်အားကြီးမားတဲ့မြို့ ဖြစ်ခဲ့တဲ့ ဒက်ထရွိုက်မြို့ဟာ အခုတော့ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ဒေဝါလီခံဖို့ လျှောက်ထားတဲ့ အကြီးဆုံး မြို့တော် ဖြစ်လာခဲ့ပါပြီ။

ဒီလိုဖြစ်ရတာကတော့ လူဦးရေလျှော့ပါးလာမှုနဲ့ မော်တော်ကား ထုတ်လုပ်လုပ်ရေးလုပ်ငန်းတွေ တုံ့ဆိုင်းဆိုင်းဖြစ်လာတဲ့ အခြေအနေတွေကြောင့်ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်က တိုင်းပြည်ရဲ့အရှိန်ကောင်းနေတဲ့ မော်တော်ကား ထုတ်လုပ်ရေးမြို့ကြီး ဖြစ်ခဲ့ပါတယ်။ လူဦးရေ ၁.၈ သန်းရှိပြီး မော်တော်ကား တပ်ဆင်တဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်ကြပြီး ရတဲ့ဝင်ငွေနဲ့ လူအများစုဟာ လူလတ်တန်းစားတွေ ဖြစ်ကြပါတယ်။

ပြည်နယ်ကနေ ငှားရမ်းထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲက ပြည်ထောင်စု ဒေဝါလီခံမှုဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်တဲ့ တရားရုံးကို ကြာသာပတေးနေ့မှာ လျှောက်ထားလိုက်ချိန်မှာ ဒိထရွိုက် မြို့မှာ လူဦးရေ ၇ သိန်းလောက်ပဲ ရှိပါတော့တယ်။ အနီးအနားပတ်ဝန်းကျင် တဝိုက် ဟာဆိုရင်လည်း ခြောက်ကပ်နေသလို လူမနေတဲ့အိမ်တွေကလည်း အများအပြားဖြစ်နေပါတယ်။
ဒေဝါလီခံဖို့လျှောက်ထားလိုက်တဲ့အတွက် တရားရုံးအနေနဲ့ မြို့တော်နဲ့ အကြွေးရှင်တွေ ကြားဝင်ကာကွယ်မှု ပေးရမှာ ဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်လိုပ်တဲ့အတွက် ဒက်ထရွိုက်မြို့အနေနဲ့ အသစ်တဖန်ပြန်ပြီး စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မြို့တော်ဝန် Dave Bing ကပြောပါတယ်။ မြို့တော်ရဲ့ ရသုံးဘတ်ဂျက် ငွေစာရင်းမှာ ဒေါ်လာ သန်းပေါင်း ၃၀၀ ကျော် လိုငွေပြနေတဲ့ အခက်အခဲကြုံနေရသလို၊ နှစ်ရှည်တင်နေတဲ့ ကြွေးမြီကလည်း ဒေါ်လာသန်းပေါင်း ၁၈,၀၀၀ ထက်မနည်း ရှိနေတာပါ။
XS
SM
MD
LG