သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမအသုတ်ပြန်ပို့မည့် ဒုက္ခသည်စာရင်း ဘင်္ဂလားဒေ့ရှ်ပြုစု

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများ
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများ

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် M Shahidul Haque ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ကိစ္စကို လာမယ့် ကြာသပတေးနေ့ ရိုဟင်ဂျာ အရေးဆိုင်ရာ NTF အမျိုးသားတပ်ဖွဲ့ရဲ့ ၁၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ အသေးစိတ်ဆွေးနွေးဖို့ ရှိပြီး ပထမဆုံး ပြန်ပို့မယ့် အသုတ်အတွက် ပြုစုထားတဲ့ စာရင်းဟာ လူတသိန်းရှိမယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၈ သိန်းခွဲရဲ့ ကိုယ်ရေး အချက်အလက်တွေ နဲ့ တကွ အမည်စာရင်းကို ပြုစုထားပြီး ဖြစ်ပြီး အဲဒီထဲက လူတသိန်းစာရင်းကို ပထမသုတ် အနေနဲ့ ပေးအပ်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိရဲ့ ပြောကြားချက်ကို ကိုးကားဖေါ်ပြထားပါတယ်။ မြန်မာဘက်က စစ်ဆေးပြီး စာရင်း ပြန်ပို့ပေး ရင် နောက်တသုတ် စာရင်းကို ပေးအပ်မယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကြား ဒုက္ခသည် ပြန်ပို့ရေး ဆိုင်ရာ သဘောတူညီချက် အရ ဘင်္ဂလားဒေ့ရှ် ဘက်ကို ၂၀၁၆ ခုနှစ် နောက်ပိုင်း ဝင်လာသူတွေကိုသာ တရားဝင် ပြန်ပို့ရေး လက်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြန်လည် လက်ခံမယ့် နယ်ခြားဒေသ နေရာ၊ ပြန်လာတဲ့ ဒုက္ခစည်တွေ ထားမယ့် စခန်းတွေနဲ့ မြန်မာနိုင်ငံထဲ ပြန်လာရင် ဘယ်မှာ နေမယ် ဆိုတာကအစ အသေးစိတ်ကို စီစဉ်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ပိုင်း ဘင်္ဂလားဒေ့ရှိဘက် ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေ မတိုင်ခင် ဘင်္ဂလားဒေ့ရှ် ဘက်မှာ ရောက်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည်က ၃ သိန်းလောက် ရှိပါတယ်။

ပထမအသုတ်ပြန်ပို့မည့် ဒုက္ခသည်စာရင်း ဘင်္ဂလားဒေ့ရှ်ပြုစု
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG