သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က မူးယစ်စက်ရုံဖျက်သိမ်းဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို


စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိစဉ်
စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကူးသန်း ရောင်းဝယ် မှုတွေရဲ့ ဒဏ်ကို ခံနေရတဲ့အတွက် မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ ယာဘမူး ယစ်ဆေးဝါး ထုတ်လုပ်တဲ့ နေရာတွေကို ဖျက်ဆီးပေးဖို့ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က အောက်တိုဘာလ ၂၉ ရက်နေ့မှာ မြန်မာအစိုး ရကို တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်က သတင်းမီဒီယာ တွေ မှာ ရေးသား ဖော်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်ခြင်း မရှိပေမယ့် လည်း သူ့နိုင်ငံအတွင်းက ပြည်သူ ပြည်သားတွေအနေနဲ့ အိမ်နီး ချင်း နိုင်ငံဘက် ကနေ နယ်စပ်ဖြတ်ကျော် မူးယစ် မောင်ခိုမှုတွေရဲ့ဒဏ်ကို ခံနေကြရတယ်လို့ သီရိလင်္ကာနိုင်ငံမှာ ကျင်းပနေတဲ့ အိန္ဒိယသမုဒ္ဒယာ ဝန်းကျင် နိုင်ငံတွေ က ပြည် ထဲရေးဝန်ကြီးတွေရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ပြည် ထဲရေးဝန်ကြီးက အဲဒီလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မူးယစ် မှောင်ခိုတွေဟာ ယာဘ မူးယစ်ဆေးဝါးတွေကို မြန်မာနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်တကောင်းဒေသကို ဖြတ်ကျော် သယ်ဆောင်လာ ကြတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ သုံးစွဲမှုတွေနဲ့ပတ်သက်လို့ လုံး၀ လက်မခံ တဲ့ ပေါ်လစီကို ချမှတ်ကျင့်သုံးနေကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှေ့တောင်ပိုင်း မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ Taknaf ဒေသကနေ မူးယစ်ဆေးဝါးတွေကို အဓိက တင်သွင်းခြင်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်၊ Comoros ၊ အိန္ဒိယ ၊ အီရန်၊ Madagascar ၊ မိုဇမ်ဘစ်၊ Seashells နဲ့ တန်ဇန်းနီးယားနိုင်ငံတို့ဟာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ဒီ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံကို ကျင်းပနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG