သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမှာ လေပြင်းမုန်တိုင်းကြောင့် အနည်းဆုံး ၉ ဦးသေ


Russia Storm
Russia Storm

ရုရှားနိုင်ငံအလယ်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ကြောင်း ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

စနေနေ့က မုန်တိုင်းတိုက်ခတ်ချိန်မှာ သေဆုံးသူရှစ်ဦးဟာ Mari-El ဒေသက Yalchik ရေကန်အနီးတဝိုက် ခေတ္တစခန်းချနေတဲ့ ကမ္ဘာလှည့် ခရီးသွားအုပ်စုထဲမှာ ပါနေသူတွေ ဖြစ်တယ်လို့ အရေးပေါ်ဝန်ကြီးဌာနက ဆိုပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသွားအုပ်စု တဲထိုးစခန်းချနေတဲ့ လူသူအရောက်အပေါက်နည်းတဲ့ကမ်းခြေ အပါအဝင် ရေကန်ကြီးတဝိုက်မှာ သစ်ပင်အတော်များများ လဲကျခဲ့တယ်လို့ ဒေသဆိုင်ရာခေါင်းဆောင် Yuri Zaitsev က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဒါအပြင် Volga Federal ခရိုင်တဝှမ်း လေပြင်းမုန်တိုင်းကြောင့် လူပေါင်း ၇၆ ဦး ဒဏ်ရာရပြီး အိမ်တွေ ထောင်နဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့တယ်လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG