ZAWGYI/UNICODE အၾကမ္းဖက္မႈေတြတိုးလာေနတဲ့ အာဖဂန္နစၥတန္ႏိုင္ငံမွာ အစိုးရနဲ႔ တာလီဘန္တို႔ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲျပန္စႏိုင္ေအာင္ တြန္းအားေပးတဲ့ အေနနဲ႔ ႏိုင္ငံတကာေဆြးေႏြးပြဲ ၂ ခုကို Qatar ႏိုင္ငံမြာ စတင္က်င္းပေနပါၿပီ။ ေျမျပင္စစ္ဆင္ေရးေတြ တိုးလုပ္လာတဲ့တာလီဘန္တို႔က ႏိုင္ငံေျမာက္ပိုင္း Kunduz ျပည္နယ္ၿမိဳ႕ေတာ္ကို သိမ္းပိုက္လိုက္ခ်ိန္မွာပဲ သံတမန္ေရးနည္းလမ္းနဲ႔ ဝိုင္းဝန္းေျဖရွင္းဖို႔ ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။ အခုလိုအၾကမ္းဖက္မႈေတြတိုးလာတဲ့အေပၚ စိုးရိမ္ေၾကာင္း အေမရိကန္ ပင္တဂြန္စစ္ဌာနနခ်ဳပ္ေျပာခြင့္ရသူ John Kirgy ကေျပာဆိုခဲ့သလို တာလီဘန္ေတြကို ရင္ဆိုင္မလားဆိုတာ အာဖဂန္ေခါင္းေဆာင္မႈအေပၚ မူတည္ေနတယ္လို႔ေျပာပါတယ္။
ဒါဟာ အာဖဂန္စစ္အင္အားေတြျဖစ္သလို သူတို႔ပိုင္ျပည္နယ္ၿမိဳ႕ေတာ္ေတြျဖစ္ပါတယ္။ အကာအကြယ္ေပးရမွာလည္ သူတို႔ျပည္သူေတြပါ။ ဒီေနရာမွာ ေခါင္းေဆာင္ေတြဘက္က ပြင့္ပြင့္လင္းလင္းရွိၾကမလားဆိုတာ သူတို႔အေပၚမွာ အမွန္တကယ္မူတည္ေနပါတယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ေျပာခြင့္ရသူ John Kirby တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ ကေျပာဆိုသြားပါတယ္။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ဆက္လုပ္ဖို႔ဆိုရင္ အာဖဂန္သမၼတ Ashraf Ghani အရင္ႏုတ္ထြက္ေပးရမယ္ဆိုၿပီး တာလီဘန္တို႔ကေတာင္းဆိုထားေပမယ့္ သမၼတ Ghani ကေတာ့ တိုင္းျပည္ရဲ႕ဖြဲ႕စည္းပုံ ဥပေဒနဲ႔ ကိုက္ညီမႈမရွိတဲ့ဘယ္လိုေတာင္းဆိုမႈမ်ိဳးကိုမဆို မလိုက္ေလ်ာႏိုင္ဘူးလို႔ ေျပာပါတယ္။ ႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြတိုးလာတာဟာ အေမရိကန္တပ္ဖြဲ႕ေတြ အလ်င္အျမန္႐ုပ္သိမ္းသြားတာေၾကာင့္ျဖစ္တယ္ဆိုၿပီး သမၼတ Ghani ကအာဖဂန္လႊတ္ေတာ္မွာ တနလၤာေန႔က ျပစ္တင္ ေျပာဆိုခဲ့ပါတယ္။ အာဖဂန္ဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ Zalmay Khalilzad ဟာ ႐ုရွား၊ တ႐ုတ္နဲ႔ ပါကစၥတန္က အာဖဂန္ဆိုင္ရာ အထူးကိုယ္စားလွယ္ေတြနဲ႔ ဗုဒၶဟူးေန႔က်ရင္ Qata ႏိုင္ငံ Doha ၿမိဳ႕မွာ ေတြ႕ဆုံမွာ ျဖစ္ေၾကာင္း ဒီ ၄ ႏိုင္ငံရဲ႕ သံတမန္အသိုင္းဝိုင္းက VOA ကိုေျပာပါတယ္။
UNICODE
အကြမ်းဖက်မှုတွေတိုးလာနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်စနိုင်အောင် တွန်းအားပေးတဲ့ အနေနဲ့ နိုင်ငံတကာဆွေးနွေးပွဲ ၂ ခုကို Qatar နိုင်ငံမွာ စတင်ကျင်းပနေပါပြီ။ မြေပြင်စစ်ဆင်ရေးတွေ တိုးလုပ်လာတဲ့တာလီဘန်တို့က နိုင်ငံမြောက်ပိုင်း Kunduz ပြည်နယ်မြို့တော်ကို သိမ်းပိုက်လိုက်ချိန်မှာပဲ သံတမန်ရေးနည်းလမ်းနဲ့ ဝိုင်းဝန်းဖြေရှင်းဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ အခုလိုအကြမ်းဖက်မှုတွေတိုးလာတဲ့အပေါ် စိုးရိမ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနနချုပ်ပြောခွင့်ရသူ John Kirgy ကပြောဆိုခဲ့သလို တာလီဘန်တွေကို ရင်ဆိုင်မလားဆိုတာ အာဖဂန်ခေါင်းဆောင်မှုအပေါ် မူတည်နေတယ်လို့ပြောပါတယ်။
ဒါဟာ အာဖဂန်စစ်အင်အားတွေဖြစ်သလို သူတို့ပိုင်ပြည်နယ်မြို့တော်တွေဖြစ်ပါတယ်။ အကာအကွယ်ပေးရမှာလည် သူတို့ပြည်သူတွေပါ။ ဒီနေရာမှာ ခေါင်းဆောင်တွေဘက်က ပွင့်ပွင့်လင်းလင်းရှိကြမလားဆိုတာ သူတို့အပေါ်မှာ အမှန်တကယ်မူတည်နေပါတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရသူ John Kirby တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ကပြောဆိုသွားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လုပ်ဖို့ဆိုရင် အာဖဂန်သမ္မတ Ashraf Ghani အရင်နုတ်ထွက်ပေးရမယ်ဆိုပြီး တာလီဘန်တို့ကတောင်းဆိုထားပေမယ့် သမ္မတ Ghani ကတော့ တိုင်းပြည်ရဲ့ဖွဲ့စည်းပုံ ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့ဘယ်လိုတောင်းဆိုမှုမျိုးကိုမဆို မလိုက်လျောနိုင်ဘူးလို့ ပြောပါတယ်။ နိုင်ငံတွင်း အကြမ်းဖက်မှုတွေတိုးလာတာဟာ အမေရိကန်တပ်ဖွဲ့တွေ အလျင်အမြန်ရုပ်သိမ်းသွားတာကြောင့်ဖြစ်တယ်ဆိုပြီး သမ္မတ Ghani ကအာဖဂန်လွှတ်တော်မှာ တနင်္လာနေ့က ပြစ်တင် ပြောဆိုခဲ့ပါတယ်။ အာဖဂန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad ဟာ ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်က အာဖဂန်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ ဗုဒ္ဓဟူးနေ့ကျရင် Qata နိုင်ငံ Doha မြို့မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း ဒီ ၄ နိုင်ငံရဲ့ သံတမန်အသိုင်းဝိုင်းက VOA ကိုပြောပါတယ်။