သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး နိုင်ငံတကာဆွေးနွေး


ဆီးရီးယားနိုင်ငံရဲ့ အစိုးရနဲ့ အချိန်အတော်ကြာ ဖင့်လာခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပနိုင်ဖို့အတွက် ထပ်ကြိုးပမ်းတဲ့အနေနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့မှာ တွေ့ဆုံ စည်းဝေးနေကြပေမဲ့ အခက်အခဲတွေတော့ ရှိနေသေးတယ်လို့ သံတမာန်တွေက ပြောပါတယ်။

ဆီးရီးယားမိတ်ဆွေ နိုင်ငံများအဖွဲ့ဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက ထိပ်တန်း သံအရာရှိတွေ ဆီးရီးယားအတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးနေကြတာ
ဖြစ်ပါတယ်။

ဆီးရီးယား ပဋိပက္ခ ကြာရှည်လာလေ ပိုပြီး ဂိုဏ်းကွဲမှုတွေ ကြီးလာလေ ဖြစ်တယ်လို့ ဆီးရီးယား မိတ်ဆွေနိုင်ငံများအဖွဲ့ရဲ့ တခြား အဓိကအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ မပြုလုပ်ခင်မှာဘဲ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague ပြောသွားခဲ့ပါတယ်။

အတိုက်အခံ ဘက်ပေါင်းစုံက ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါသင့်တယ်လို့ အင်္ဂလန်က ရေဒီယိုလိုင်းတခုနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။ အတိုက်အခံဘက်မှာက အဖွဲ့မျိုးစုံ ကွဲနေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စီစဉ်ဖို့ ခက်ခဲပြီး ဘယ်သူတွေက ဘယ်လို သဘောတူညီချက်တွေနဲ့ တက်ရောက်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ သဘောမတူရင် ဒီအဆိုပြုထားတဲ့ ငြိမ်းချမ်းရေး ညီလာခံကို သပိတ်မှောက်မယ်လို့ အတိုက်အခံ ခေါင်းဆောင်က ခြိမ်းခြောက်ထားတာပါ။ မစ္စတာ al-Assad ကလည်း သူ့သက်တမ်းကုန်ဆုံးတဲ့ ၂၀၁၄ အထိ ဆက်ပြီး ရှိနေမယ်၊ နောက်ထပ်လည်း ရွေးကောက်ပွဲ ဝင်ရင် ဝင်ဦးမယ်လို့ အသေအချာ ပြောနေတာပါ။
XS
SM
MD
LG