ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ဖို့ရှိတဲ့ မဲဆွယ် စည်းရုံးရေး ညွန်ကြားချက် နဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီတွေနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်တို့ ဒီကနေ့ အကြိတ် အနယ်ဆွေးနွေး ခဲ့ကြပေမဲ့ သဘောတူညီချက်မရပဲ ပြီးဆုံး သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို တလတကြိမ်ပြုလုပ်ပေးဖို့ နိုင်ငံရေးပါတီတွေ ဘက်က တင်ပြထားတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကပြောပြမှာပါ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ့် မဲဆွယ်စည်းရုံးရေး ညွန်ကြားချက်ဟာ ဥပဒေနဲ့ မညီတဲ့အပြင် ထုတ်ခဲ့ရင်လည်း ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေပြု အာဏာကို ထိခိုက်ရာရောက်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
" ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီးတော့ ဘယ်ဥပဒေမှာပါ အခွင့်အာဏာပေး မထားဘူး။ ဒါကြောင့် တရားမဝင်ဘူး။ နောက်တစ်ချက်က အကယ်လို့ လုပ်ခဲ့ရင် ဥပဒေသဘောအရ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ရယူသုံးစွဲတာဖြစ်မယ်။"
ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့ ပြောဆို ချက်တွေ ထဲမှာ ပါတီ ကိုယ်စားလှယ်လောင်းတွေပဲ သူတို့ရဲ့ မဲဆန္ဒနယ်မြေမှာ ဟောပြောစည်းရုံးခွင့်ရှိတယ်၊ အခြားသူတွေ မပြောပါစေနဲ့ ဆိုတာမျိုးနဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကို ကန့်သတ် ထားတယ်လို့ ပြည်တွင်းနိုင်ငံရေးလေ့လာသူတွေက ထောက်ပြထားတာပါ။
ဒါကြောင့်ဒီဆွေးနွေးပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဘက်က ဘယ်လို တုန့်ပြန်ချက်တွေရှိသလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့-
"အန်ကယ်တို့ အခုတင်ပြတာနဲ့ပတ်သက်ပြီးတော့ အခုအချိန်အထိ ဘာမှ ပြန်လည်ပြောကြားတာ မရှိသေးဘူး။"
မေး။ ။ အဲ့ဒီ့တော့ အန်ကယ်ကိုယ်တိုင် ဒီအစည်းအဝေးကို တက်ရောက်တဲ့ အခါကျတော့ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေဘက်က အပြန်အလှန် ဆွေးနွေးမှုတွေကို ကြည့်ရင် အန်ကယ် ဘယ်လိုသုံးသပ်မိလဲရှင့်။
"အဲဒီ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မဲဆွယ်စည်းရုံးခြင်းနဲ့ပတ်သက်ပြီးတော့ အန်ကယ်တို့က အန်ကယ်တို့ ဥပဒေအမြင်ကို ပြောတယ်။ ကျန်တဲ့သူတွေကလည်း သူ့အမြင်နဲ့သူ ဒါကို လက်မခံတဲ့ အမြင်ရှိတဲ့ နိုင်ငံရေးပါတီတွေ အများကြီးတွေ့ရတယ်။"
မေး။ ။ အဲ့ဒီ့တော့ အန်ကယ်တို့ နိုင်ငံရေးပါတီတွေဘက်ကလည်း ဒီအချက်တွေဟာ ဥပဒေကြောင်း အရမှာလဲ မရှိဘူးလို့ ထောက်ပြနိုင်တဲ့အခါမှာ ဒီလိုရွေးကောက်ပွဲ ရော တကယ်တမ်း ဖြစ်လာနိုင်ပါ့မလား။
"ဒီကြေညာချက်က မထုတ်လည်း ရွေးကောက်ပွဲက လုပ်လို့ရနေတာပဲ။ တကယ်လို့ အဲ့ဒီ့အတိုင်း လုပ်ခဲ့မယ်ဆိုရင်လည်း လက်ခံဖို့မရှိဘူး။ အဲ့ မလုပ်ဘူးဆိုရင်တော့ သာမာန်အတိုင်း၊ အရင်အတိုင်း ရွေးကောက်ပွဲက သူ့ဘာသာသူ ရှောရှောရူရူ သွားနေမှာပဲ။"
အခုလိုမျိုး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ ကို တစ်လတစ်ကြိမ် ပြုလုပ်ပေးဖို့ သူ့အနေနဲ့ အဆိုပြုထားတယ်လို့လည်း ဦးဉာဏ်ဝင်းကပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်နဲ့ ပတ်သက်လို့ အတိအကျ ထုတ်ပြန်ပေးဖို့ နိုင်ငံရေးပါတီတွေက မျှော်လင့်ထားကြပေမယ့် ဒီနေ့ဆွေးနွေးပွဲ မှာလည်း ၂၀၁၄ခုနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပဖို့ လျာထားတယ် လို့ပဲ ကော်မရှင်ဘက်ကတုန့်ပြန်ပြောဆိုခဲ့တယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့ ဆွေးနွေးပွဲ မှာ နိုင်ငံရေးပါတီ(၄၀)ကျော်က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။