သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျလေယာဉ် ကိုယ်ထည်ပိုင်း ဆယ်ယူရေးစတင်


ပျက်ကျသွားတဲ့ AirAsia လေယာဉ်ကိုယ်ထည်နားမှာ နောက်ထပ်တွေ့ရတဲ့ အလောင်းလေးလောင်းကို ရေငုပ်သမားတွေ ဆယ်ယူခဲ့စဉ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)
ပျက်ကျသွားတဲ့ AirAsia လေယာဉ်ကိုယ်ထည်နားမှာ နောက်ထပ်တွေ့ရတဲ့ အလောင်းလေးလောင်းကို ရေငုပ်သမားတွေ ဆယ်ယူခဲ့စဉ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၅)

ဂျားဗားပင်လယ်ထဲမှာ ပျက်ကျခဲ့တဲ့ Air Asia လေကြောင်းလိုင်းလေယာဉ်ကို ဆယ်ယူဖို့ ပြင်ဆင်နေကြချိန်မှာပဲ ပင်လယ်ကြမ်းပြင်ကနေ နောက်ထပ် အလောင်း ၄ လောင်းကို ရေငုပ်သမားတွေ ဆယ်ယူနိုင်ခဲ့ပါတယ်။

ရေပေါ်ပစ္စည်းတွေသုံးပြီး လေယာဉ်ကိုထည်ကို ဆယ်ယူဖို့ စတင်လုပ်နေကြချိန်မှာပဲ ရေမျက်နှာပြင်အောက် မီတာ ၃၀ လောက်မှာပျက်ကျနေတဲ့ လေယာဉ်ကိုယ်ထည်နားမှာ အလောင်းတွေကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ရေစီးကြမ်းနေတဲ့အတွက် သောကြာနေ့မတိုင်ခင်အထိ လေယာဉ်ကိုယ်ထည် အတွင်းပိုင်းထဲကို ရေငုပ်သမားတွေ မဝင်ရောက်နိုင်ခဲ့ကြပါဘူး။

အထဲမှာ ထိုင်ခုံခါးပတ် ပတ်လျက်နဲ့ သေဆုံးနေကြသူ အလောင်း ၆ လောင်းကိုလည်း သောကြာနေ့က တေ့ွရှိခဲ့ကြပါတယ်။ AirAsia လေကြောင်းလိုင်း လေယာဉ်အမှတ် ၈၅၀၁၊ အင်ဒိုနီးရှားကနေ စင်ကာပူကိုအသွားပျက်ကျသွားစဉ်က လေယာဉ်အမှုထမ်းနဲ့ ခရီးသည်ပေါင်း ၁၆၂ ယောက်ပါသွားပြီး
အခုချိန်အထိ အလောင်း ၆၉ လောင်းပဲ ပြန်ဆယ်ရရှိထားပါတယ်။

XS
SM
MD
LG