သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Djokovic Wimbledon ၃ ကြိမ်မြောက် ဗိုလ်စွဲ


Serbia နိုင်ငံက ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား Novak Djokovic ဟာ Wimbledon တင်းနစ်ပြိုင်ပွဲကို ဗိုလ်စွဲပြီး၊ Wimbledon ဖလားကို ၃ ကြိမ်မြောက် အနိုင်ရသွားပါတယ်။ လန်ဒန်မှာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အမျိုးသားတဦးချင်း ဖိုင်နယ်မှာ ကမ္ဘာ့နံပါတ် ၁ Djokovic က ချန်ပီယံ ၇ ကြိမ်ဖြစ်ဖူးတဲ့ ကမ္ဘာ့အဆင့် ၂ Roger Federer ကို ၇-၆၊ ၆-၇၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရပြီး ၂ နှစ် ဆက်တိုက် ဗိုလ်စွဲသွားခဲ့တာပါ။

“Djokovic ဟာ တကယ်အရေးကြီးတဲ့အချိန်မှာ ပိုကောင်းပါတယ်။ သူ့အနေနဲ့ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့်လည်း Djokovic က အမှားအယွင်း လုံးဝမရှိခဲ့ဘူးလို့” Federer က ပွဲအပြီးမှာ Djokovic ကို ချီးကျူးသွားပါတယ်။

Djokovic ဟာ Wimbledon ကို ၂၀၁၁၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ၃ ကြိမ် အနိုင်ရထားပြီး၊ ဒါဟာ သူ့အတွက်တော့ Grand Slam ဖလားကို ၉ ကြိမ် အနိုင်ရတာ ဖြစ်ပါတယ်။

အခုလို Djokovic အနိုင်ရသွားတဲ့အတွက် Wimbledon ကို ၇ ကြိမ် အနိုင်ရထားတဲ့ Federer အနေနဲ့ စံချိန်တင် ၈ ကြိမ်မြောက် ဗိုလ်စွဲဖို့ အိပ်မက်လည်း ပျက်သွားခဲ့ပါတယ်။

XS
SM
MD
LG