=== Unicode ====
မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေဟာ နေရေးစားရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒီထဲကမှ ပညာသင်ကြရမယ့်အရွယ် ကလေးငယ်တွေဟာ ပညာသင်နိုင်တဲ့ အခြေအနေနဲ့ အလှမ်းဝေးနေကြရပါတယ်။ တချို့က မိသားစုဝမ်းရေးအတွက်ကိုပါ တပိုင်တနိုင်ကူညီပေးနေကြရတဲ့ အခြေအနေကို ဒီတပတ်ဒို့အသံအစီအစဉ်မှာ ဖရန့်တီးယား မြန်မာ (Frontier Myanmar) နဲ့အတူ နိပွန်ဖောင်ဒေးရှင်း ဟီရွန်ဒဲ (Fondation Hirondelle) တို့က တင်ပြထားပါတယ်။