သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မြန္ဝန္ႀကီးခ်ဳပ္ေဒါက္တာေအးဇံ ဇနီးနဲ႔သားျဖစ္သူ ဖမ္းဆီးခံရ


မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ

[[Zawgyi/Unicode]]

ဖမ္းဆီးခံထားရတဲ့ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တားေအးဇံရဲ႕ဇနီးနဲ႔ သားျဖစ္သူ တို႔ကို ဇန္နဝါ ရီလ (၃) ရက္ေန႔ ညပိုင္းက က်ဳိက္ထိုၿမိဳ႕နယ္၊ သံုးခြရြာက ေနအိမ္မွာ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ လာေရာက္ဖမ္းဆီးသြားတယ္လို႔ သိရပါတယ္။ ဘယ္လိုေၾကာင့္ ဖမ္းဆီးသလဲဆိုတာကိုေတာ့ ခုခ်ိန္ထိ မသိရေသးပါဘူး။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ဖမ္းဆီးခံထားရတဲ့ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တားေအးဇံရဲ႕ဇနီး ေဒၚခင္ေအးမူ၊ သားလတ္ ေနၿဖိဳးဇံနဲ႔ ေနအိမ္အလုပ္သမားတဦး စုစုေပါင္းသုံးဦးကို ဇန္နဝါရီလ (၃) ရက္ေန႔ ညပိုင္းက ေနအိမ္မွာ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ လာေရာက္ဖမ္းဆီးသြားတယ္လို႔ မိသားစုနဲ႔နီးစပ္သူတဦးက အတည္ျပဳပါတယ္။

“ဆရာ့အမ်ိဳးသမီးရယ္၊ သူ႔သားအလတ္ေကာင္ရယ္၊ သား ၃ ေယာက္ရွိတာ အလတ္ေကာင္ပါသြားတယ္။ ည ၈နာရီဝန္းက်င္ေလာက္ေပါ့။ ပထမေတာ့ ႐ြာကလူေတြကတိုက္ပြဲျဖစ္ေနတာလို႔ထင္တာေပါ့။ ဖမ္းတဲ့ဆီးတဲ့ အသံေတြလည္းၾကားတယ္။ ေသနတ္သံေတြေကာ ၾကားတယ္ေပါ့။ အန္တီကၿမိဳ႕ျပင္မွာေနတာကို။ အဲဒီနားမွာ ဘုန္းႀကီးေက်ာင္းပဲ ရွိတာေလ။ လူေနအိမ္နီးနီးနားနားမွာမရွိဘူး။ ခပ္လွမ္းလွမ္းမွာပဲ ရွိတယ္။ အဲဒီမွာၿခံေစာင့္နဲ႔ေနတာေပါ့။ သူ႔သားေလးကေတာ့ သူ႔အေဖေထာင္ဝင္စာေတြ႔ဖို႔ သြားတာေပါ့။ မနက္ျဖန္ ဆရာနဲ႔ေထာင္ဝင္စာေတြ႔ရမွာကို။ အဲဒါ တရက္ ႏွစ္ရက္ပဲ ရွိေသးတယ္၊ ေကာင္ေလးေရာက္ေနတာ။ အဲဒါ သူတို႔ သား အမိ ႏွစ္ယာက္။ အဲဒီအိမ္မွာ ေရွ႕ကေန ေသနတ္ေတြနဲ႔ ဝိုင္းပစ္တယ္တဲ့။ လက္နက္ႀကီးသံေတြလည္းၾကားတယ္။ ၿခံေစာင့္တေယာက္ကေတာ့ လြတ္သြားတယ္။ ကိုခ်စ္ဝင္းသူဆိုတဲ့ အကိုတေယာက္ရယ္။ ေဒါက္တာေအးဇံ အမ်ိဳးသမီးရယ္။ သူ႔သားရယ္။ အဲဒီ ၃ေယာက္ေပါ့။ စုစုေပါင္း ၃ ေယာက္ေပါ့။ ကိုခ်စ္ဝင္းသူကေတာ့ သူတို႔ဆီက အလုပ္လုပ္တာေပါ့။ အဲဒီအကိုႀကီးပါတယ္။ ငိုသံေတြၾကားရတယ္။ အိမ္ေတြထဲ ေသြးေတြေပေနတယ္။ စစခ်င္း ပစ္ဖမ္းတာလို႔ေျပာတယ္။”

ခန႔္မွန္းေျခ ဇန္နဝါရီလ (၃) ရက္ ညပိုင္းေလာက္မွာ ျဖစ္ပြားတာလို႔ နီးစပ္သူကေျပာပါတယ္။ ေဒါက္တာေအးဇံရဲ႕ဇနီးဟာ က်ိဳက္ထိုၿမိဳ႕နယ္အပိုင္း သိမ္ဇရပ္၊ သုံးခြေက်း႐ြာက ေနအိမ္မွာပဲ အဖမ္းခံရတာျဖစ္ပါတယ္။ နီးစပ္သူ မ်က္ျမင္ေတြ ေျပာျပခ်က္အရ သာလြန္အင္အားနဲ႔ လာေရာက္ဖမ္းဆီးခဲ့တာျဖစ္ၿပီး ဖမ္းဆီးခ်ိန္မွာ ေန အိမ္ ပတ္ဝန္းက်င္မွာ ေသနတ္သံေတြၾကားခဲ့ရတယ္လို႔ ေျပာပါတယ္။

ခုခ်ိန္ထိလည္း ဘယ္ေနရာမွာဖမ္းဆီးထားသလဲ ဆိုတာ မသိရတာမို႔ စိတ္ပူေနၾကတယ္လို႔ မိသားစုနဲ႔နီးစပ္သူကေျပာပါတယ္။

“ဘယ္မွာလဲဆိုတာ ခုနထိ စုံစမ္းတာ စုံစမ္းလို႔မရဘူး။ ဘယ္ကိုဖမ္းသြားလဲ၊ဘယ္မွာ ထားလဲ မသိရဘူး။ ဆရာ့ကို ဖမ္းသြားၿပီးၿပီဆိုေတာ့ က်န္တဲ့သူေတြကို ဖမ္းမယ္လို႔ မထင္ဘူးေလ။ ေနာက္ေထာင္ဝင္စာလည္း အၿမဲေတြ႔ေနတာေလ သူတို႔က။”

ဘာအေၾကာင္း အခ်င္းအရာနဲ႔ ဖမ္းဆီးသလဲ၊ ဘာေၾကာင့္လဲဆိုတာကို က်ိဳက္ထို ရဲစခန္းကို ဖုန္းဆက္သြယ္ေမးေပမယ့္ တာဝန္ခံေျဖၾကားမယ့္ အရာရွိမရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံဟာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ က်ိဳက္မေရာအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံလိုက္ရၿပီး စစ္ေကာင္စီဘက္ကစြဲဆိုထားတဲ့ အဂတိမႈ ၉ မႈအပါအဝင္ အမႈေပါင္း (၁၂) မႈနဲ႔ တရားစြဲဆို ခံထားရတယ္လို႔ နီးစပ္သူကေျပာပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၇ ရက္ေန႔မွေတ့ာအမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္တယ္ဆိုတဲ့အမႈ ပုဒ္မ ၅၀၅ -ခ နဲ႔ ေဒါက္တာေအးဇံကို အလုပ္နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ျပစ္ဒဏ္ခ်ထားပါတယ္။

===============

[[Unicode]]

မွန်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ဇနီးနဲ့သားဖြစ်သူ ဖမ်းဆီးခံရ

ဖမ်းဆီးခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တားအေးဇံရဲ့ဇနီးနဲ့ သားဖြစ်သူ တို့ကို ဇန်နဝါ ရီလ (၃) ရက်နေ့ ညပိုင်းက ကျိုက်ထိုမြို့နယ်၊ သုံးခွရွာက နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် ဖမ်းဆီးသလဲဆိုတာကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တားအေးဇံရဲ့ဇနီး ဒေါ်ခင်အေးမူ၊ သားလတ် နေဖြိုးဇံနဲ့ နေအိမ်အလုပ်သမားတဦး စုစုပေါင်းသုံးဦးကို ဇန်နဝါရီလ (၃) ရက်နေ့ ညပိုင်းက နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက အတည်ပြုပါတယ်။

“ဆရာ့အမျိုးသမီးရယ်၊ သူ့သားအလတ်ကောင်ရယ်၊ သား ၃ ယောက်ရှိတာ အလတ်ကောင်ပါသွားတယ်။ ည ၈နာရီဝန်းကျင်လောက်ပေါ့။ ပထမတော့ ရွာကလူတွေကတိုက်ပွဲဖြစ်နေတာလို့ထင်တာပေါ့။ ဖမ်းတဲ့ဆီးတဲ့ အသံတွေလည်းကြားတယ်။ သေနတ်သံတွေကော ကြားတယ်ပေါ့။ အန်တီကမြို့ပြင်မှာနေတာကို။ အဲဒီနားမှာ ဘုန်းကြီးကျောင်းပဲ ရှိတာလေ။ လူနေအိမ်နီးနီးနားနားမှာမရှိဘူး။ ခပ်လှမ်းလှမ်းမှာပဲ ရှိတယ်။ အဲဒီမှာခြံစောင့်နဲ့နေတာပေါ့။ သူ့သားလေးကတော့ သူ့အဖေထောင်ဝင်စာတွေ့ဖို့ သွားတာပေါ့။ မနက်ဖြန် ဆရာနဲ့ထောင်ဝင်စာတွေ့ရမှာကို။ အဲဒါ တရက် နှစ်ရက်ပဲ ရှိသေးတယ်၊ ကောင်လေးရောက်နေတာ။ အဲဒါ သူတို့ သား အမိ နှစ်ယာက်။ အဲဒီအိမ်မှာ ရှေ့ကနေ သေနတ်တွေနဲ့ ဝိုင်းပစ်တယ်တဲ့။ လက်နက်ကြီးသံတွေလည်းကြားတယ်။ ခြံစောင့်တယောက်ကတော့ လွတ်သွားတယ်။ ကိုချစ်ဝင်းသူဆိုတဲ့ အကိုတယောက်ရယ်။ ဒေါက်တာအေးဇံ အမျိုးသမီးရယ်။ သူ့သားရယ်။ အဲဒီ ၃ယောက်ပေါ့။ စုစုပေါင်း ၃ ယောက်ပေါ့။ ကိုချစ်ဝင်းသူကတော့ သူတို့ဆီက အလုပ်လုပ်တာပေါ့။ အဲဒီအကိုကြီးပါတယ်။ ငိုသံတွေကြားရတယ်။ အိမ်တွေထဲ သွေးတွေပေနေတယ်။ စစချင်း ပစ်ဖမ်းတာလို့ပြောတယ်။”

ခန့်မှန်းခြေ ဇန်နဝါရီလ (၃) ရက် ညပိုင်းလောက်မှာ ဖြစ်ပွားတာလို့ နီးစပ်သူကပြောပါတယ်။ ဒေါက်တာအေးဇံရဲ့ဇနီးဟာ ကျိုက်ထိုမြို့နယ်အပိုင်း သိမ်ဇရပ်၊ သုံးခွကျေးရွာက နေအိမ်မှာပဲ အဖမ်းခံရတာဖြစ်ပါတယ်။ နီးစပ်သူ မျက်မြင်တွေ ပြောပြချက်အရ သာလွန်အင်အားနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးချိန်မှာ နေ အိမ် ပတ်ဝန်းကျင်မှာ သေနတ်သံတွေကြားခဲ့ရတယ်လို့ ပြောပါတယ်။

ခုချိန်ထိလည်း ဘယ်နေရာမှာဖမ်းဆီးထားသလဲ ဆိုတာ မသိရတာမို့ စိတ်ပူနေကြတယ်လို့ မိသားစုနဲ့နီးစပ်သူကပြောပါတယ်။

“ဘယ်မှာလဲဆိုတာ ခုနထိ စုံစမ်းတာ စုံစမ်းလို့မရဘူး။ ဘယ်ကိုဖမ်းသွားလဲ၊ဘယ်မှာ ထားလဲ မသိရဘူး။ ဆရာ့ကို ဖမ်းသွားပြီးပြီဆိုတော့ ကျန်တဲ့သူတွေကို ဖမ်းမယ်လို့ မထင်ဘူးလေ။ နောက်ထောင်ဝင်စာလည်း အမြဲတွေ့နေတာလေ သူတို့က။”

ဘာအကြောင်း အချင်းအရာနဲ့ ဖမ်းဆီးသလဲ၊ ဘာကြောင့်လဲဆိုတာကို ကျိုက်ထို ရဲစခန်းကို ဖုန်းဆက်သွယ်မေးပေမယ့် တာဝန်ခံဖြေကြားမယ့် အရာရှိမရှိဘူးလို့ တုံ့ပြန်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်မရောအကျဉ်းထောင်မှာ ထိန်းသိမ်းခံလိုက်ရပြီး စစ်ကောင်စီဘက်ကစွဲဆိုထားတဲ့ အဂတိမှု ၉ မှုအပါအဝင် အမှုပေါင်း (၁၂) မှုနဲ့ တရားစွဲဆို ခံထားရတယ်လို့ နီးစပ်သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှတေ့ာအများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့အမှု ပုဒ်မ ၅၀၅ -ခ နဲ့ ဒေါက်တာအေးဇံကို အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချထားပါတယ်။

#MyanmarArrest #MyanmarMilitary #VOABurmese #ဒေါက်တာအေးဇံ #ဒေါ်ခင်အေးမူ #နေဖြိုးဇံ #ကျိုက်ထို #ပစ်ခတ်ဖမ်းဆီး #မွန်ဝန်ကြီးချုပ် #အဂတိမှု #ဗွီအိုအေ

===============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG