သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာဝေဒနာရှင် ဆရာဝန် Nebraska ဆေးရုံမှာ ကွယ်လွန်


အMartin Salia, a surgeon working in Sierra Leone who had been diagnosed with Ebola, at Nebraska Medical Center in Omaha, Neb., Nov. 15, 2014.
အMartin Salia, a surgeon working in Sierra Leone who had been diagnosed with Ebola, at Nebraska Medical Center in Omaha, Neb., Nov. 15, 2014.

အမေရိကန်ပြည်ထောင်စု Nebraska ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အီဘိုလာရောဂါဝေဒနာရှင် ဆီးရီယားလီယွန်းနိုင်ငံက ဆရာဝန် သေဆုံးသွားပြီ ဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္လာနေ့ကထုတ်ပြန်တဲ့ ဆေးရုံရဲ့ကြေညာချက်မှာ Martin Salia ရဲ့ အီဘိုလာရောဂါအခြေအနေ အတော့်ကိုဆိုးရွားခဲ့တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူဟာ Nebraska ဆေးရုံမှာ ကုသမှုခံယူခဲ့တဲ့ တတိယမြောက် အီဘိုလာရောဂါဝေဒနာရှင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင်း သေဆုံးခဲ့တဲ့ ဒုတိယမြောက် လူနာဖြစ်ပါတယ်။

သမ္မတအိမ်ဖြူတော်ကလည်း ဒေါက်တာ မာတင်ဆလီယာ သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို သူ့ မိသားစုဆီကို ပေးပို့ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အီဘိုလာရောဂါကြောင့် နောက်ထပ်လူတဦး သေဆုံးသွားပြီလို့ အသိပေးလိုက်တာဖြစ်ပြီး ဒီရောဂါကို အရေးတကြီး ဆက်ပြီး တိုက်ဖျက်ဖို့ ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

XS
SM
MD
LG