သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာေတာင္ဖ်ားပိုင္း မတည္ၿငိမ္မႈမ်ား


ျမန္မာေတာင္ဖ်ားပိုင္း မတည္ၿငိမ္မႈမ်ား
please wait

No media source currently available

0:00 0:09:47 0:00
တိုက္႐ိုက္ လင့္ခ္

စစ္တပ္အာဏာသိမ္းၿပီးကတည္းက ျမန္မာႏိုင္ငံရဲ႕ေနရာေဒသအေတာ္မ်ားမ်ားမွာ အၾကမ္းဖက္မႈေတြ ျဖစ္ပြားေနၿပီး၊ အေၾကာက္တရားနဲ႔ ေနထိုင္လာရတ ႏွစ္ေပါက္ေနပါၿပီ။ တနသၤာရီတိုင္းမွာဆိုရင္လည္း ေတာ္လွန္ေရးအင္အားစုေတြနဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ၊ စစ္တပ္လက္ေဝခံအဖြဲ႕ေတြ ေပၚလာတာနဲ႔အမွ် အမႈအခင္းေတြ မ်ားမ်ားလာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ စစ္အာဏာသိမ္းလိုက္ခ်ိန္ကစလို႔ မလုံၿခဳံမႈနဲ႔ အၾကမ္းဖက္မႈေတြဟာ ျမန္မာႏိုင္ငံအႏွံ႔ ျဖစ္ေပၚေနပါတယ္။ ႏိုင္ငံေတာင္ဘက္စြန္းပိုင္းက တနသၤာရီတိုင္းမွာဆိုရင္လည္း တည္ၿငိမ္မႈ မရွိျခင္းကေနတဆင့္ အေၾကာက္တရားနဲ႔ သံသယေတြ မ်ားလာၾကၿပီး လူအမ်ားစုက သူတို႔အိမ္ကေန အျပင္ထြက္ရမွာ ေတာင္ေၾကာက္ေနၾကပါတယ္။ ေဒသစီးပြားေရးအတြက္ စိုက္ပ်ိဳးေရးကို အဓိကလုပ္ကိုင္တဲ့ တနသၤာရီတိုင္းက ေဒသခံေတြဟာ အၾကမ္းဖက္လုပ္ရပ္ေတြထဲ ၾကားညႇပ္မွာေၾကာက္ၿပီး သူတို႔ေတာင္ယာေတြဆီ မသြားလိုၾကေတာ့ပါဘူး။ တနသၤာရီတိုင္း သရက္ေခ်ာင္းၿမိဳ႕နယ္က ေရာ္ဘာၿခံပိုင္ရွင္တစ္ဦးကေတာ့ စိုက္ပ်ိဳးေရးသမားအမ်ားစုက ေဒသမွာႀကဳံေနရတဲ့ ဆူပူမႈေတြေၾကာင့္ သူတို႔အသက္ေမြးဝမ္းေက်ာင္းအလုပ္ကို စြန႔္လႊတ္လိုက္ၾကရၿပီလို႔ ဆိုပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးကတည္းက ျမန္မာႏိုင္ငံရဲ႕ ေနရာေဒသအေတာ္မ်ားမ်ားမွာ အၾကမ္းဖက္မႈေတြရဲ႕ ဝါးမ်ိဳးခံရၿပီး အေၾကာက္တရားနဲ႔ ေနထိုင္လာရတာ ႏွစ္ေပါက္ေနပါၿပီ။ တနသၤာရီတိုင္းမွာဆိုရင္လည္း ေတာ္လွန္ ေရးအင္အားစုေတြနဲ႔ စစ္တပ္ၾကား တိုက္ပြဲေတြ၊ စစ္တပ္လက္ေဝခံအဖြဲ႕ေတြ ေပၚလာတာနဲ႔ ေန႔စဥ္နဲ႔အမွ် အမႈအခင္းေတြ မ်ားမ်ားလာတာက ျပည္သူေတြအေပၚ အေၾကာက္တရားေတြ ဖန္တီးေပးခဲ့သလို ျဖစ္လာကာ အလုပ္သြားဖို႔ေတာင္ ေၾကာက္လန႔္ေနရတဲ့ အေျခေနေရာက္ေနပါၿပီ။

ဒို႔အသံအစီအစဥ္ဟာ ျမန္မာႏိုင္ငံတဝွမ္းမွာရွိတဲ့ လူ႔အခြင့္အေရးနဲ႔ ပတ္သတ္တဲ့ေဆာင္းပါးေတြကို တင္ဆက္ေပးေနတဲ့ အပတ္စဥ္ေပါ့ဒ္ကတ္ (Podcast) အစီအစဥ္ ျဖစ္ပါတယ္။ ဒီအစီအစဥ္ကို ျမန္မာႏိုင္ငံတဝွမ္းက မိတ္ဖက္မီဒီယာေတြရဲ႕ သတင္းေထာက္ေတြက တင္ဆက္ထားတာ ျဖစ္ပါတယ္။ ဒို႔အသံအစီအစဥ္ကို အလႉရွင္ေတြက ပံ့ပိုးကူညီထားၿပီး Frontier Myanmar နဲ႔ Fondation Hirondelle တို႔က တင္ဆက္တာ ျဖစ္ပါတယ္။

=== Unicode ===

ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ မလုံခြုံမှုနဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတောင်ဘက်စွန်းပိုင်းက တနင်္သာရီတိုင်းမှာဆိုရင်လည်း တည်ငြိမ်မှု မရှိခြင်းကနေတဆင့် အကြောက်တရားနဲ့ သံသယတွေ များလာကြပြီး လူအများစုက သူတို့အိမ်ကနေ အပြင်ထွက်ရမှာ တောင်ကြောက်နေကြပါတယ်။ ဒေသစီးပွားရေးအတွက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တဲ့ တနင်္သာရီတိုင်းက ဒေသခံတွေဟာ အကြမ်းဖက်လုပ်ရပ်တွေထဲ ကြားညှပ်မှာကြောက်ပြီး သူတို့တောင်ယာတွေဆီ မသွားလိုကြတော့ပါဘူး။ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ရော်ဘာခြံပိုင်ရှင်တစ်ဦးကတော့ စိုက်ပျိုးရေးသမားအများစုက ဒေသမှာကြုံနေရတဲ့ ဆူပူမှုတွေကြောင့် သူတို့အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်လိုက်ကြရပြီလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲ့ နေရာဒေသအတော်များများမှာ အကြမ်းဖက်မှုတွေရဲ့ ဝါးမျိုးခံရပြီး အကြောက်တရားနဲ့ နေထိုင်လာရတာ နှစ်ပေါက်နေပါပြီ။ တနင်္သာရီတိုင်းမှာဆိုရင်လည်း တော်လှန် ရေးအင်အားစုတွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ၊ စစ်တပ်လက်ဝေခံအဖွဲ့တွေ ပေါ်လာတာနဲ့ နေ့စဉ်နဲ့အမျှ အမှုအခင်းတွေ များများလာတာက ပြည်သူတွေအပေါ် အကြောက်တရားတွေ ဖန်တီးပေးခဲ့သလို ဖြစ်လာကာ အလုပ်သွားဖို့တောင် ကြောက်လန့်နေရတဲ့ အခြေနေရောက်နေပါပြီ။

ဒို့အသံအစီအစဉ်ဟာ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့ဆောင်းပါးတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ်ပေါ့ဒ်ကတ် (Podcast) အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မြန်မာနိုင်ငံတဝှမ်းက မိတ်ဖက်မီဒီယာတွေရဲ့ သတင်းထောက်တွေက တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို အလှူရှင်တွေက ပံ့ပိုးကူညီထားပြီး Frontier Myanmar နဲ့ Fondation Hirondelle တို့က တင်ဆက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG