သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္တြင္း ပဋိပကၡေတြၾကား အသုံးခ်ခံေနရတဲ့ ေဒသခံမ်ား


တိုက္႐ိုက္ လင့္ခ္

ဒီတပတ္မွာေတာ့ ကရင္ျပည္နယ္မွာ လက္နက္ကိုင္ ပဋိပကၡေတြၾကား ေဒသခံေတြကို ျမန္မာစစ္တပ္နဲ႔ BGF ပူးေပါင္းအဖြဲ႔ေတြက လူသားဒိုင္းေတြအျဖစ္ အသုံးျပဳတာေတြအျပင္၊ သိန္းနဲ႔ခ်ီ ေငြညႇစ္တာေတြ လုပ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ရွိေနပါတယ္။

ဒီတပတ္မွာေတာ့ ကရင္ျပည္နယ္မွာ လက္နက္ကိုင္ ပဋိပကၡေတြၾကား ေဒသခံေတြကို ျမန္မာစစ္တပ္နဲ႔ BGF ပူးေပါင္းအဖြဲ႕ေတြက လူသားဒိုင္းေတြအျဖစ္ အသုံးျပဳတာေတြအျပင္၊ သိန္းနဲ႔ခ်ီ ေငြညႇစ္တာေတြ လုပ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ရွိေနပါတယ္။ ဖရန္တီးယား ျမန္မာ (Frontier Myanmar) နဲ႔ ဖြန္ေဒးရွင္းဟီ႐ြန္ဒဲလ္ (Fondation Hirondelle) တို႔က တင္ဆက္ထားပါတယ္။

မႏွစ္က စစ္တပ္အာဏာသိမ္းလိုက္ခ်ိန္ကစလို႔ ကရင္ျပည္နယ္ဟာ မတည္ၿငိမ္တဲ့နယ္ေျမေတြထဲကတစ္ခု ျဖစ္လာခဲ့ပါတယ္။ (၁) ႏွစ္အတြင္းမွာ စစ္တပ္နဲ႔ေတာ္လွန္ေရးအဖြဲ႕ေတြရဲ႕တိုက္ပြဲေပါင္း (၂၄၀၀) ေလာက္ဟာ ကရင္ျပည္နယ္မွာ ျဖစ္ခဲ့တယ္လို႔ ျမန္မာ့မဟာဗ်ဴဟာႏွင့္ မူဝါဒေလ့လာေရး အင္စတီက်ဳ ISP Myanmar ရဲ႕အခ်က္အလက္ေတြအရ သိရပါတယ္။ ပဋိပကၡအတြင္း ေနထိုင္ေနၾကတဲ့ ျပည္သူေတြဟာ လက္နက္ႀကီးဒဏ္ေတြ၊ ေနအိမ္မီးရႈိ႕ခံရမႈေတြ၊ ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္မႈေတြကို ႀကဳံေနရသလို ဘဝနဲ႔စေတးၿပီး လူသားဒိုင္းအျဖစ္ ေခၚေဆာင္ခံရတာေတြ အသက္ရွင္သန္ဖို႔အတြက္ ေငြေၾကးေပးေဆာင္ရတာေတြလည္း ရွိေနပါတယ္။

ေမလအတြင္းက ကရင္ျပည္နယ္ေက်း႐ြာတစ္ခုရဲ႕ ႐ြာလူႀကီးအိမ္မွာေတာ့ ေက်း႐ြာသားေတြ စုေဝးခဲ့ၾကပါတယ္။ ႐ြာသားေတြရဲ႕လုံၿခဳံေရးအတြက္ ဘယ္႐ြာလဲဆိုတာကိုေတာ့ ဒို႔အသံက ေဖာ္ျပမထားပါဘူး။ အဲ့ဒီ႐ြာသားေတြက မၾကာေသးခင္တုန္းကပဲ သူတို႔ေတြဟာ စစ္တပ္သစၥာခံတဲ့ ကရင္နယ္ျခားေစာင့္တပ္ BGF ရဲ႕ ေပၚတာဆြဲတာခံရၿပီး လူသားဒိုင္းလုပ္ခံခဲ့ရတယ္လို႔ ေျပာျပပါတယ္။ ေတာ္လွန္ေရးအဖြဲ႕ေတြရဲ႕ ေခ်ာင္းေျမာင္းပစ္ခံရမွာစိုးတဲ့အတြက္ စစ္ေၾကာင္းရဲ႕ အေရွ႕အလယ္နဲ႔ အေနာက္ဘက္ေတြမွာ ႐ြာသားေတြကို အတင္းဖိအားေပးေလွ်ာက္ခိုင္းတယ္လို႔ ဆိုၾကပါတယ္။ လူသားဒိုင္းအျဖစ္ ေခၚေဆာင္ခံရသူေတြက လမ္းတစ္ေလ်ာက္စစ္ေၾကာင္းက ပစၥည္းေတြကိုလည္း သယ္ေဆာင္ေပးရပါတယ္။ ေ႐ြးခ်ယ္ခံရတဲ့ ႐ြာသားေတြမွာ ျငင္းပယ္ခြင့္ မရွိပါဘူး။

===Unicode ====

ဒီတပတ်မှာတော့ ကရင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြား ဒေသခံတွေကို မြန်မာစစ်တပ်နဲ့ BGF ပူးပေါင်းအဖွဲ့တွေက လူသားဒိုင်းတွေအဖြစ် အသုံးပြုတာတွေအပြင်၊ သိန်းနဲ့ချီ ငွေညှစ်တာတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။ ဖရန်တီးယား မြန်မာ (Frontier Myanmar) နဲ့ ဖွန်ဒေးရှင်းဟီရွန်ဒဲလ် (Fondation Hirondelle) တို့က တင်ဆက်ထားပါတယ်။

မနှစ်က စစ်တပ်အာဏာသိမ်းလိုက်ချိန်ကစလို့ ကရင်ပြည်နယ်ဟာ မတည်ငြိမ်တဲ့နယ်မြေတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ (၁) နှစ်အတွင်းမှာ စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ပွဲပေါင်း (၂၄၀၀) လောက်ဟာ ကရင်ပြည်နယ်မှာ ဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ရဲ့အချက်အလက်တွေအရ သိရပါတယ်။ ပဋိပက္ခအတွင်း နေထိုင်နေကြတဲ့ ပြည်သူတွေဟာ လက်နက်ကြီးဒဏ်တွေ၊ နေအိမ်မီးရှို့ခံရမှုတွေ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေကို ကြုံနေရသလို ဘဝနဲ့စတေးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရတာတွေ အသက်ရှင်သန်ဖို့အတွက် ငွေကြေးပေးဆောင်ရတာတွေလည်း ရှိနေပါတယ်။

မေလအတွင်းက ကရင်ပြည်နယ်ကျေးရွာတစ်ခုရဲ့ ရွာလူကြီးအိမ်မှာတော့ ကျေးရွာသားတွေ စုဝေးခဲ့ကြပါတယ်။ ရွာသားတွေရဲ့လုံခြုံရေးအတွက် ဘယ်ရွာလဲဆိုတာကိုတော့ ဒို့အသံက ဖော်ပြမထားပါဘူး။ အဲ့ဒီရွာသားတွေက မကြာသေးခင်တုန်းကပဲ သူတို့တွေဟာ စစ်တပ်သစ္စာခံတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ပေါ်တာဆွဲတာခံရပြီး လူသားဒိုင်းလုပ်ခံခဲ့ရတယ်လို့ ပြောပြပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ ချောင်းမြောင်းပစ်ခံရမှာစိုးတဲ့အတွက် စစ်ကြောင်းရဲ့ အရှေ့အလယ်နဲ့ အနောက်ဘက်တွေမှာ ရွာသားတွေကို အတင်းဖိအားပေးလျှောက်ခိုင်းတယ်လို့ ဆိုကြပါတယ်။ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရသူတွေက လမ်းတစ်လျောက်စစ်ကြောင်းက ပစ္စည်းတွေကိုလည်း သယ်ဆောင်ပေးရပါတယ်။ ရွေးချယ်ခံရတဲ့ ရွာသားတွေမှာ ငြင်းပယ်ခွင့် မရှိပါဘူး။

XS
SM
MD
LG