အာဏာသိမ္းစစ္ေကာင္စီကို ႏိုင္ငံနဲ႔တဝွမ္း ဆန႔္က်င္ေတာ္လွန္မႈေတြ အားေကာင္းေနခ်ိန္မွာ စစ္တပ္ဘက္က သူတို႔ကို ဆန႔္က်င္သူေတြနဲ႔ ဆန႔္က်င္တယ္လို႔ ယူဆတဲ့သူေတြကို သံသယစြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးသတ္ျဖတ္တာေတြ ရွိေနပါတယ္။ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူေတြ၊ ေက်ာင္းသားလူငယ္ေတြ၊ အရပ္သားျပည္သူေတြ အမ်ားအျပား ဖမ္းဆီးခံခဲ့ရၿပီး ဖမ္းဆီးခံရသူအခ်ိဳ႕ဟာ လူမဆန္တဲ့ႏွိပ္စက္မႈေတြေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ စစ္တပ္ရဲ႕ စစ္ေၾကာေရးစခန္းေတြမွာ ႏွိပ္စက္ေမးျမန္းခံရရင္း ေသဆုံးသြားၾကရပါတယ္။
==Unicode ===
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံနဲ့တဝှမ်း ဆန့်ကျင်တော်လှန်မှုတွေ အားကောင်းနေချိန်မှာ စစ်တပ်ဘက်က သူတို့ကို ဆန့်ကျင်သူတွေနဲ့ ဆန့်ကျင်တယ်လို့ ယူဆတဲ့သူတွေကို သံသယစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေ၊ အရပ်သားပြည်သူတွေ အများအပြား ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသူအချို့ဟာ လူမဆန်တဲ့နှိပ်စက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်တပ်ရဲ့ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်မေးမြန်းခံရရင်း သေဆုံးသွားကြရပါတယ်။