ျမန္မာႏိုင္ငံတစ္ဝွမ္းမွာရွိတဲ့ လူ႔အခြင့္အေရးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို တင္ဆက္ေပးေနတဲ့ ဒို႔အသံအပတ္စဥ္ေပါ့ကတ္ အစီအစဥ္ကေန ႀကိဳဆိုပါတယ္။ ဒီအစီအစဥ္ကို Frontier Myanmar နဲ႔ ဖြန္ေဒးရွင္းဟီ႐ႊန္ဒဲလ္ (Fondation Hirondelle) တို႔က တင္ဆက္တာျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း ေငြေၾကးေဖာင္းပြၿပီး ကုန္ေဈးႏႈန္းတက္လာပါတယ္။ ဒါ့အျပင္ စစ္တပ္ရဲ႕စီးပြားေရးမူဝါဒအေပၚ အယုံအၾကည္မရွိတာေၾကာင့္ လုံၿခဳံေရးနဲ႔ လုံၿခဳံမႈ မရွိတဲ့ ျမန္မာႏိုင္ငံက စီးပြားေရးဟာ က်ဆင္းခဲ့ရပါၿပီ။ ဒီအေျခအေနက သန္းေပါင္းမ်ားစြာေသာ လူေတြရဲ႕ဘဝကို ဆိုးဆိုး႐ြား ႐ြားသက္ေရာက္ေနပါတယ္။ ဒီေဆာင္းပါးကို ဒို႔အသံရဲ႕မိတ္ဖက္မီဒီယာျဖစ္တဲ့ Thanlwin Times ရဲ႕သတင္းေထာက္ေတြက ေရးသားထားတာျဖစ္ၿပီးေတာ့ ျမတ္သဇင္က တင္ဆက္ထားပါတယ္။
အာဏာသိမ္းစစ္တပ္ဟာ ႏိုင္ငံေတာ္အာဏာကို လက္နက္အားကိုးနဲ႔ မတရားအာဏာသိမ္းယူခဲ့တာ အခုဆိုရင္ အခ်ိန္တစ္ႏွစ္ခြဲထဲကို ေရာက္လာေနၿပီး ျဖစ္ပါတယ္။ အဲ့ဒီကာလအတြင္း တိုင္းျပည္ဟာ ပဋိပကၡေတြ၊ မလုံၿခဳံမႈေတြၾကားမွာ အေရးႀကီးတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြ မလည္ပတ္ႏိုင္ေသးဘဲ၊ ဝ႐ုန္းသုန္းကား ျဖစ္ေနဆဲပါ။ အာဏာသိမ္းတာရဲ႕သိသာတဲ့အက်ိဳးဆက္ကေတာ့ စီးပြားေရးဟာ ယုံၾကည္မႈနဲ႔ဆိုင္တဲ့ အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ ဒလိမ့္ေကာက္ေကြး ထိုးဆင္းသြားခဲ့ပါတယ္။
စစ္တပ္ကလည္း ႏိုင္ငံမွာႀကဳံေတြ႔ေနရတဲ့ စီးပြားေရးျပသနာႀကီးကို ကိုင္တြယ္ေျဖရွင္းႏိုင္ပုံ မေပၚပါဘူး။ ဉပမာျပရရင္ေတာ့ မႏွစ္တုန္းက အာဏာသိမ္းေခါင္းေဆာင္မင္းေအာင္လႈိင္ဟာ လူသူကင္းမဲ့တဲ့ ၿမိဳ႕ေတာ္ ေနျပည္ေတာ္ကို ေျမေအာက္ရထားေတြ လွ်ပ္စစ္ဘတ္စ္ကားေတြနဲ႔ green city အျဖစ္ ေဖာ္ေဆာင္မယ္လို႔ ေဆြးေႏြးတဲ့အေပၚမွာ အႀကီးအက်ယ္ ေလွာင္ေျပာင္ခံခဲ့ရပါတယ္။ စစ္တပ္ကေတာ့ စီးပြားေရ႕ျပန္အရွိန္ရလာဖို႔ ျမန္မာ့စီးပြားေရး ျပန္လည္ထူေထာင္ေရး စီမံကိန္းမူၾကမ္းကို ေရးဆြဲခဲ့ပါတယ္။ ဒါေပမယ့္လည္း ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ယုံၾကည္မႈမရတာ ၊လုံၿခဳံေရးနဲ႔လုံၿခဳံမႈ မရွိတာ၊ ဘဏ္လုပ္ငန္ းအၾကပ္အတည္းေတြနဲ႔ က်ပ္ေငြတန္ဖိုးက်ဆင္းေနတဲ့ၾကားမွာ ထင္သေလာက္ ေအာင္ျမင္ႏိုင္မွာ မဟုတ္ဘူးလို႔ ေလ့လာသုံးသပ္သူေတြက ဆိုပါတယ္။ ကမာၻ႔ဘဏ္ရဲ႕ အဆိုအရ ၂၀၂၀-၂၁ ဘ႑ာႏွစ္မွာ ျမန္မာ့စီးပြားေရး ၁၈ ရာခိုင္ႏႈန္းက်ဳံ႕သြားတယ္လို႔ ဆိုထားပါတယ္။
လက္ေတြ႔မွာလည္း ျမန္မာျပည္သူေတြဟာ စစ္တပ္အာဏာသိမ္းမႈေၾကာင့္ စီးပြားေရးၾကပ္တည္းလာၾကၿပီး အေျခအေန ဒီထက္ဆိုးလာမွာကို စိုးရိမ့္ပူပန္ေနပါတယ္။ မိသားစုဝင္ ၅ေယာက္ရွိတဲ့ မြန္ျပည္နယ္ေပါင္ၿမိဳ႕က အေျခခံလူတန္းစား ျပည္သူတစ္ဦးကေတာ့ သူတို႔မိသားစုမွာ မိသားစုဝင္ငါးဦးရွိၿပီး အာဏာသိမ္းၿပီး သုံးလအၾကာမွာ အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္လာရတာပါ။ အဲဒီအခ်ိန္မွာ ကိုဗစ္တတိယလႈိင္း ႀကဳံရတာေၾကာင့္ ပိုၿပီးအေျခေန ဆိုးလာခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာ ပုံမွန္အလုပ္မရွိတဲ့အတြက္ ေန႔စားအလုပ္ၾကမ္းစတဲ့ ႀကဳံရာက်ပန္းအလုပ္လုပ္ၿပီး ဝင္ေငြႏွစ္ေထာင္ရဖို႔ေတာင္ ခက္ခက္ခဲခဲရွာေဖြေနရတယ္လို႔ ဆိုပါတယ္။
=== Unicode ===
မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ ဒို့အသံအပတ်စဉ်ပေါ့ကတ် အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်ကို Frontier Myanmar နဲ့ ဖွန်ဒေးရှင်းဟီရွှန်ဒဲလ် (Fondation Hirondelle) တို့က တင်ဆက်တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတက်လာပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့စီးပွားရေးမူဝါဒအပေါ် အယုံအကြည်မရှိတာကြောင့် လုံခြုံရေးနဲ့ လုံခြုံမှု မရှိတဲ့ မြန်မာနိုင်ငံက စီးပွားရေးဟာ ကျဆင်းခဲ့ရပါပြီ။ ဒီအခြေအနေက သန်းပေါင်းများစွာသော လူတွေရဲ့ဘဝကို ဆိုးဆိုးရွား ရွားသက်ရောက်နေပါတယ်။ ဒီဆောင်းပါးကို ဒို့အသံရဲ့မိတ်ဖက်မီဒီယာဖြစ်တဲ့ Thanlwin Times ရဲ့သတင်းထောက်တွေက ရေးသားထားတာဖြစ်ပြီးတော့ မြတ်သဇင်က တင်ဆက်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းယူခဲ့တာ အခုဆိုရင် အချိန်တစ်နှစ်ခွဲထဲကို ရောက်လာနေပြီး ဖြစ်ပါတယ်။ အဲ့ဒီကာလအတွင်း တိုင်းပြည်ဟာ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေကြားမှာ အရေးကြီးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်သေးဘဲ၊ ဝရုန်းသုန်းကား ဖြစ်နေဆဲပါ။ အာဏာသိမ်းတာရဲ့သိသာတဲ့အကျိုးဆက်ကတော့ စီးပွားရေးဟာ ယုံကြည်မှုနဲ့ဆိုင်တဲ့ အကြောင်းပြချက်တချို့ကြောင့် ဒလိမ့်ကောက်ကွေး ထိုးဆင်းသွားခဲ့ပါတယ်။
စစ်တပ်ကလည်း နိုင်ငံမှာကြုံတွေ့နေရတဲ့ စီးပွားရေးပြသနာကြီးကို ကိုင်တွယ်ဖြေရှင်းနိုင်ပုံ မပေါ်ပါဘူး။ ဉပမာပြရရင်တော့ မနှစ်တုန်းက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ လူသူကင်းမဲ့တဲ့ မြို့တော် နေပြည်တော်ကို မြေအောက်ရထားတွေ လျှပ်စစ်ဘတ်စ်ကားတွေနဲ့ green city အဖြစ် ဖော်ဆောင်မယ်လို့ ဆွေးနွေးတဲ့အပေါ်မှာ အကြီးအကျယ် လှောင်ပြောင်ခံခဲ့ရပါတယ်။ စစ်တပ်ကတော့ စီးပွားရေ့ပြန်အရှိန်ရလာဖို့ မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေး စီမံကိန်းမူကြမ်းကို ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုမရတာ ၊လုံခြုံရေးနဲ့လုံခြုံမှု မရှိတာ၊ ဘဏ်လုပ်ငန် းအကြပ်အတည်းတွေနဲ့ ကျပ်ငွေတန်ဖိုးကျဆင်းနေတဲ့ကြားမှာ ထင်သလောက် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းကျုံ့သွားတယ်လို့ ဆိုထားပါတယ်။
လက်တွေ့မှာလည်း မြန်မာပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကြပ်တည်းလာကြပြီး အခြေအနေ ဒီထက်ဆိုးလာမှာကို စိုးရိမ့်ပူပန်နေပါတယ်။ မိသားစုဝင် ၅ယောက်ရှိတဲ့ မွန်ပြည်နယ်ပေါင်မြို့က အခြေခံလူတန်းစား ပြည်သူတစ်ဦးကတော့ သူတို့မိသားစုမှာ မိသားစုဝင်ငါးဦးရှိပြီး အာဏာသိမ်းပြီး သုံးလအကြာမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတာပါ။ အဲဒီအချိန်မှာ ကိုဗစ်တတိယလှိုင်း ကြုံရတာကြောင့် ပိုပြီးအခြေနေ ဆိုးလာခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ပုံမှန်အလုပ်မရှိတဲ့အတွက် နေ့စားအလုပ်ကြမ်းစတဲ့ ကြုံရာကျပန်းအလုပ်လုပ်ပြီး ဝင်ငွေနှစ်ထောင်ရဖို့တောင် ခက်ခက်ခဲခဲရှာဖွေနေရတယ်လို့ ဆိုပါတယ်။