==== Unicode =====
မြန်မာနိုင်ငံတဝှမ်း မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်း၊ အထူးသဖြင့် အာဏာသိမ်းမှုနောက်ပိုင်းမှာ သိသိသာသာ ပိုများလာတဲ့အကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းနေသူတွေနဲ့ အစီရင်ခံစာတချို့က ထောက်ပြကြပါတယ်။ ကရင်ပြည်နယ်တွင်းက ဒေသတချို့မှာတော့ ဒေသခံတွေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်းပြီး မူးယစ်ဆေးသုံးစွဲမှု ပြဿနာ လျော့ပါးရေး ပူးပေါင်းကြိုးပမ်းနေကြတဲ့အကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier အဖွဲ့သားများက တင်ဆက်ထားပါတယ်။