လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆိုတာက အေျခခံက်တဲ့ လူ႔အခြင့္အေရးတခုပါ။ ျမန္မာႏိုင္ငံမွာ ႀကဳံခဲ့ရတဲ့ အာဏာရွင္ေခတ္အဆက္ဆက္မွာေတာ့ လြတ္လပ္စြာေျပာဆိုခြင့္၊ စာေပနဲ႔အႏုပညာ ဖန္တီးခြင့္ေတြကို ကန႔္သတ္ခ်ဳပ္ခ်ယ္ခံခဲ့ရပါတယ္။ အခု ၂၀၂၁ စစ္အာဏာသိမ္းမႈၿပီးတဲ့ေနာက္ ႏိုင္ငံတဝွမ္းမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို လုပ္ေဆာင္ေနတဲ့စစ္ေကာင္စီဟာ အရင္က ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြရွိခဲ့တဲ့ (၁၀) ႏွစ္နီးပါးကာလ အတြင္းက ေျဖေလွ်ာ့ေပးခဲ့တဲ့ စာေပနဲ႔အႏုပညာ လြတ္လပ္စြာ ဖန္တီးခြင့္ေတြကို ျပန္ကန႔္သတ္လာတာေတြ ရွိလာပါတယ္။
ထင္ရွားတဲ့ အႏုပညာရွင္ေတြ၊ စာေရးဆရာေတြကို ဖမ္းဆီးတာ၊ စစ္ေကာင္စီကို ေဝဖန္ေရးသားတဲ့ သတင္းဌာနေတြကို ပိတ္ပစ္တာ သတင္းသမားေတြကို ေစာင့္ၾကည့္တာ၊ နဲ႔ ဥပေဒပိုင္းအရ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို တင္းၾကပ္ဖို႔ လုပ္ေဆာင္လာတာမ်ိဳးေတြကို စစ္ေကာင္စီက လုပ္ေဆာင္လာပါတယ္။ ဒို႔အသံနဲ႔ စကားေျပာခဲ့ရတဲ့ အႏုပညာ ဖန္တီးမႈနယ္ပယ္က လူငယ္ေတြကေတာ့ စစ္ေကာင္စီလက္ေအာက္ လြတ္လပ္စြာထုတ္ေဖာ္ ေျပာဆိုခြင့္ေတြဟာ ဆိုးဆိုးဝါးဝါး ကန႔္သတ္ခံလာေနရတဲ့အေၾကာင္း ေျပာျပပါတယ္။
===Unicode===
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာက အခြေခံကျတဲ့ လူ့အခွင့်အရေးတခုပါ။ မြန်မာနိုင်ငံမှာ ကြုံခဲ့ရတဲ့ အာဏာရှင်ခေတ်အဆက်ဆက်မှာတော့ လွတ်လပ်စွာပြောဆိုခွင့်၊ စာပေနဲ့အနုပညာ ဖန်တီးခွင့်တွေကို ကန့်သတ်ချုပ်ချယ်ခံခဲ့ရပါတယ်။ အခု ၂၀၂၁ စစ်အာဏာသိမ်းမှုပြီးတဲ့နောက် နိုင်ငံတဝှမ်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်နေတဲ့စစ်ကောင်စီဟာ အရင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့တဲ့ (၁၀) နှစ်နီးပါးကာလ အတွင်းက ဖြေလျှော့ပေးခဲ့တဲ့ စာပေနဲ့အနုပညာ လွတ်လပ်စွာ ဖန်တီးခွင့်တွေကို ပြန်ကန့်သတ်လာတာတွေ ရှိလာပါတယ်။
ထင်ရှားတဲ့ အနုပညာရှင်တွေ၊ စာရေးဆရာတွေကို ဖမ်းဆီးတာ၊ စစ်ကောင်စီကို ဝေဖန်ရေးသားတဲ့ သတင်းဌာနတွေကို ပိတ်ပစ်တာ သတင်းသမားတွေကို စောင့်ကြည့်တာ၊ နဲ့ ဥပဒေပိုင်းအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တင်းကြပ်ဖို့ လုပ်ဆောင်လာတာမျိုးတွေကို စစ်ကောင်စီက လုပ်ဆောင်လာပါတယ်။ ဒို့အသံနဲ့ စကားပြောခဲ့ရတဲ့ အနုပညာ ဖန်တီးမှုနယ်ပယ်က လူငယ်တွေကတော့ စစ်ကောင်စီလက်အောက် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်တွေဟာ ဆိုးဆိုးဝါးဝါး ကန့်သတ်ခံလာနေရတဲ့အကြောင်း ပြောပြပါတယ်။