သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေ႐ႊ၊ စက္သုံးဆီနဲ႔ သြင္းကုန္တခ်ိဳ႕ ေဈးျမင့္တက္


Picture taken on September 1, 2010 shows Myanmar vendors arranging a display of gold jewellery at a jewellery shop at Chinatown in downtown Yangon. Housewives huddle over jewellery counters in Yangon's bustling Chinatown -- but they do not have fashion o

[[Zawgyi/Unicode]]

အေမရိကန္တေဒၚလာကို ျပင္ပမွာလဲရင္ ျမန္မာက်ပ္ေငြ ၂,၀၀၀ နီးပါးေဈးတက္ လာတဲ့အတြက္ ေ႐ႊေဈးကလည္း တက်ပ္သားကို က်ပ္ ၁,၈၇၀,၀၀၀ ေလာက္ေဈးတက္ေနပါတယ္။ အေမရိကန္ေဒၚလာေဈးတက္တဲ့အတြက္ ေ႐ႊနဲ႔ စက္သုံးဆီအပါအဝင္ တျခားသြင္းကုန္တခ်ိဳ႕လည္း ေဈးေတြတက္ေနတဲ့အေၾကာင့္ ရန္ကုန္ကေပးပို႔လာတဲ့ သတင္း ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ျမန္မာ့ႏိုင္ငံမွာ ေ႐ႊေဈးႏႈန္း တပတ္အတြင္းမွာ က်ပ္ ၅၀,၀၀၀ ေလာက္ တက္လာခဲ့တာမွာ ဒီေန႔ ဇန္နဝါရီလ ၁၁ ရက္မွာ အေခါက္ေ႐ႊ တက်ပ္သားကို ၁,၈၇၀,၀၀၀ က်ပ္ ဝန္းက်င္ေဈးအထိျဖစ္ေနပါတယ္။ ေ႐ႊအဝယ္လိုက္လို႔ ေဈးတက္တာမ်ိဳး မဟုတ္ဘဲ အေမရိကန္ ေဒၚလာ ျပင္ေပေပါက္ေဈးတက္လာတဲ့အတြင္ေၾကာင့္လို႔ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း တာဝန္ရွိသူ ဦးမ်ိဳးျမင့္က ဗြီအိုေအကို ေျပာပါတယ္။

“ေ႐ႊကေတာ့ က်ေနာ္တို႔ဆီမွာ ေ႐ႊေပါေနတယ္ဗ်၊ ေဈးကေတာ့ ျပည္တြင္းေဒၚလာ ေဈးတက္လို႔ တက္တာပါပဲ၊ ဒီရက္ထဲမွာ တအားတက္လာတယ္။ အရင္လို လုယက္ဝယ္ေနလို႔၊ ေ႐ႊရွားလို႔မဟုတ္ဘူး၊ ျပည္တြင္းေဒၚလာေဈးေၾကာင့္ တက္ သြားတာဗ်။”

ကမာၻေ႐ႊေဈးကေတာ့ တေအာင္စကို အေမရိကန္ေဒၚလာ ၁,၇၅၀ နဲ႔ ၁,၈၀၀ ဝန္းက်င္မွာပဲ အတက္အက် ျဖစ္ေနပါတယ္။ မၾကာခင္ေရာက္လာေတာ့မယ့္ တ႐ုတ္ႏွစ္သစ္ကူးခ်ိန္မွာ ကမာၻ႔ေ႐ႊေဈးလည္း အနည္းငယ္ တက္ေနခ်ိန္ျဖစ္ပါတယ္။

ဒီရက္ပိုင္း ျမန္မာႏိုင္ငံမွာ ေဒၚလာေဈးတက္လာတာက ျပည္ပပို႔ကုန္ကဝင္ေငြ ျပန္အဝင္နည္းသြားတာေၾကာင့္လို႔ ေ႐ႊလုပ္ငန္းရွင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ဒီေန႔ ဗဟိုဘဏ္သတ္မွတ္ထားတဲ့ ေဒၚလာေပါက္ေဈးက ၁ ေဒၚလာကို ၁,၇၇၈ က်ပ္ေဈးျဖစ္ၿပီး ျပင္ပမွာ ၂,၀၀၀ က်ပ္ဝန္းက်င္နဲ႔ အေရာင္းအဝယ္လုပ္ေနၾကပါတယ္။ တရားဝင္ ေငြလဲေကာင္တာေတြမွာ ေဒၚလာလိုသေလာက္ ဝယ္မရသူေတြကေတာ့ ျပင္ပမွာ ေပါက္ေဈးေပးၿပီး ဝယ္ေနၾကရပါတယ္။

ျမန္မာက်ပ္ေငြနဲ႔ ေဒၚလာလဲႏႈန္းမွာ ေဒၚလာေဈးျမင့္ေနတာမို႔ ေဒၚလာနဲ႔ဝယ္ရတဲ့ စက္သုံးဆီရဲ႕ ေဈးကလည္း တရိပ္ရိပ္နဲ႔ ျပန္တက္လာပါတယ္။ အေၾကာင္းကေတာ့ ျပင္ပေဈးကြက္မွာ အေမရိကန္တေဒၚလာကို ျမန္မာက်ပ္ေငြ ၂,၀၀၀ နီးပါးရွိေနတာေၾကာင့္ပါ။ ဗဟိုဘဏ္ကေတာ့ ေလာင္စာဆီတင္သြင္းတဲ့ ကုမၸဏီေတြကို ျပင္ပထက္နည္းတဲ့ႏႈန္းနဲ႔ အေမရိကန္ေဒၚလာ သန္း ၃၀ ေက်ာ္ကို ၂၀၂၁ ခုႏွစ္အတြင္းက ေရာင္းခ်ေပးခဲ့ပါတယ္။ ဒီေငြေတြနဲ႔ဝယ္ထားတဲ့ ဒီဇယ္ဂါလန္ေပါင္း ၁၂ သန္းေလာက္ကို ျပည္တြင္းကုမၸဏီ ၁၀ ခုက ဇန္နဝါရီ ၁၁ ရက္ကစၿပီး ေရာင္းခ်သြားမယ္လို႔ ျမန္မာ့ေရနံႏွင့္ ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ တႏိုင္ငံလုံးမွာရွိတဲ့ သူတို႔ဆိုင္ခြဲ ၉၉ ခုကေန အထူးႏႈန္းနဲ႔ ေရာင္းခ်ေပးသြားမယ္လို႔ဆိုထားပါတယ္။

တႏိုင္ငံလုံးအတိုင္းအတာနဲ႔ဆိုရင္ေတာ့ လုံလုံေလာက္ေလာက္ရႏိုင္ဖို႔ အခက္အခဲရွိဦးမယ္လို႔ မႏၲေလးက စက္သုံးဆီဆိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။ ေလးငါးရက္အတြင္းမွာ စက္သုံးဆီတပီပါကို က်ပ္ ၁၀၀,၀၀၀ ေလာက္ ေဈးတက္လာတယ္လို႔ သူကေျပာပါတယ္။

“တက္ေနတာပဲ တေန႔ကို (တပီပါကို) တေသာင္းေလာက္ကို ထိုးတက္ေနတာ အံ့ဩတာေလာက္ပါပဲ။ ဒီေန႔ေပါက္ေဈးက ( တပီပါကို) ၃၁၀,၀၀၀ ေက်ာ္တယ္၊ ၃၂၀, ၀၀၀ နီးပါးေလာက္ရွိတယ္။ (တပီပါကို) ၁၀၀,၀၀၀ ေက်ာ္ေလာက္ တက္ လာတယ္လို႔ ေျပာလို႔ရတာေပါ့။ အရင္ကဆို ၂ သိန္းေက်ာ္ေလးပဲ ရွိတာေလ။ အရမ္းႀကီး ေလွ်ာ့ေရာင္းႏိုင္မယ္လို႔ မထင္ပါဘူး၊ ဘာလို႔လဲဆိုေတာ့ ေဈးေတြက အကုန္ခုန္တက္ေနတာ၊ တေန႔တေဈးျဖစ္တာရယ္။ ဟိုတခါျဖစ္သလို ျပန္ျဖစ္ေနတာ။”

ဒီေန႔ ဇန္နဝါရီလ ၁၁ ရက္မွာ စက္သုံးဆီေပါက္ေဈးက ေအာက္တိန္း တလီတာကို ၁,၄၂၅ က်ပ္ကေန ၁,၄၇၀ ဝန္းက်င္ေဈး ရွိပါတယ္။ ဒီဇယ္ကေတာ့ တလီတာကို ၁,၄၀၀ က်ပ္ေဈး အထက္မွာ ရွိေနတာ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ကုန္ေဈးႏႈန္းေတြ တရိပ္ရိပ္တက္လာခ်ိန္မွာ ခုလို စက္သုံးဆီေဈးႏႈန္းေတြ တက္လာေနတဲ့အတြက္ ကုန္ေဈးႏႈန္းေတြ ဒီထက္ပိုတက္လာဖို႔သာရွိေနတဲ့အေပၚ ျပည္သူေတြစိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ရွှေ၊ စက်သုံးဆီနဲ့ သွင်းကုန်တချို့ ဈေးမြင့်တက်

အမေရိကန်တဒေါ်လာကို ပြင်ပမှာလဲရင် မြန်မာကျပ်ငွေ ၂,၀၀၀ နီးပါးဈေးတက် လာတဲ့အတွက် ရွှေဈေးကလည်း တကျပ်သားကို ကျပ် ၁,၈၇၀,၀၀၀ လောက်ဈေးတက်နေပါတယ်။ အမေရိကန်ဒေါ်လာဈေးတက်တဲ့အတွက် ရွှေနဲ့ စက်သုံးဆီအပါအဝင် တခြားသွင်းကုန်တချို့လည်း ဈေးတွေတက်နေတဲ့အကြောင့် ရန်ကုန်ကပေးပို့လာတဲ့ သတင်း ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံမှာ ရွှေဈေးနှုန်း တပတ်အတွင်းမှာ ကျပ် ၅၀,၀၀၀ လောက် တက်လာခဲ့တာမှာ ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ အခေါက်ရွှေ တကျပ်သားကို ၁,၈၇၀,၀၀၀ ကျပ် ဝန်းကျင်ဈေးအထိဖြစ်နေပါတယ်။ ရွှေအဝယ်လိုက်လို့ ဈေးတက်တာမျိုး မဟုတ်ဘဲ အမေရိကန် ဒေါ်လာ ပြင်ပေပေါက်ဈေးတက်လာတဲ့အတွင်ကြောင့်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ ဦးမျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ရွှေကတော့ ကျနော်တို့ဆီမှာ ရွှေပေါနေတယ်ဗျ၊ ဈေးကတော့ ပြည်တွင်းဒေါ်လာ ဈေးတက်လို့ တက်တာပါပဲ၊ ဒီရက်ထဲမှာ တအားတက်လာတယ်။ အရင်လို လုယက်ဝယ်နေလို့၊ ရွှေရှားလို့မဟုတ်ဘူး၊ ပြည်တွင်းဒေါ်လာဈေးကြောင့် တက် သွားတာဗျ။”

ကမ္ဘာရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၅၀ နဲ့ ၁,၈၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်နေပါတယ်။ မကြာခင်ရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူးချိန်မှာ ကမ္ဘာ့ရွှေဈေးလည်း အနည်းငယ် တက်နေချိန်ဖြစ်ပါတယ်။

ဒီရက်ပိုင်း မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတက်လာတာက ပြည်ပပို့ကုန်ကဝင်ငွေ ပြန်အဝင်နည်းသွားတာကြောင့်လို့ ရွှေလုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေးက ၁ ဒေါ်လာကို ၁,၇၇၈ ကျပ်ဈေးဖြစ်ပြီး ပြင်ပမှာ ၂,၀၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်နေကြပါတယ်။ တရားဝင် ငွေလဲကောင်တာတွေမှာ ဒေါ်လာလိုသလောက် ဝယ်မရသူတွေကတော့ ပြင်ပမှာ ပေါက်ဈေးပေးပြီး ဝယ်နေကြရပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာလဲနှုန်းမှာ ဒေါ်လာဈေးမြင့်နေတာမို့ ဒေါ်လာနဲ့ဝယ်ရတဲ့ စက်သုံးဆီရဲ့ ဈေးကလည်း တရိပ်ရိပ်နဲ့ ပြန်တက်လာပါတယ်။ အကြောင်းကတော့ ပြင်ပဈေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၂,၀၀၀ နီးပါးရှိနေတာကြောင့်ပါ။ ဗဟိုဘဏ်ကတော့ လောင်စာဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ပြင်ပထက်နည်းတဲ့နှုန်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ကို ၂၀၂၁ ခုနှစ်အတွင်းက ရောင်းချပေးခဲ့ပါတယ်။ ဒီငွေတွေနဲ့ဝယ်ထားတဲ့ ဒီဇယ်ဂါလန်ပေါင်း ၁၂ သန်းလောက်ကို ပြည်တွင်းကုမ္ပဏီ ၁၀ ခုက ဇန်နဝါရီ ၁၁ ရက်ကစပြီး ရောင်းချသွားမယ်လို့ မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ သူတို့ဆိုင်ခွဲ ၉၉ ခုကနေ အထူးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ဆိုထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ လုံလုံလောက်လောက်ရနိုင်ဖို့ အခက်အခဲရှိဦးမယ်လို့ မန္တလေးက စက်သုံးဆီဆိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။ လေးငါးရက်အတွင်းမှာ စက်သုံးဆီတပီပါကို ကျပ် ၁၀၀,၀၀၀ လောက် ဈေးတက်လာတယ်လို့ သူကပြောပါတယ်။

“တက်နေတာပဲ တနေ့ကို (တပီပါကို) တသောင်းလောက်ကို ထိုးတက်နေတာ အံ့ဩတာလောက်ပါပဲ။ ဒီနေ့ပေါက်ဈေးက ( တပီပါကို) ၃၁၀,၀၀၀ ကျော်တယ်၊ ၃၂၀, ၀၀၀ နီးပါးလောက်ရှိတယ်။ (တပီပါကို) ၁၀၀,၀၀၀ ကျော်လောက် တက် လာတယ်လို့ ပြောလို့ရတာပေါ့။ အရင်ကဆို ၂ သိန်းကျော်လေးပဲ ရှိတာလေ။ အရမ်းကြီး လျှော့ရောင်းနိုင်မယ်လို့ မထင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဈေးတွေက အကုန်ခုန်တက်နေတာ၊ တနေ့တဈေးဖြစ်တာရယ်။ ဟိုတခါဖြစ်သလို ပြန်ဖြစ်နေတာ။”

ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ စက်သုံးဆီပေါက်ဈေးက အောက်တိန်း တလီတာကို ၁,၄၂၅ ကျပ်ကနေ ၁,၄၇၀ ဝန်းကျင်ဈေး ရှိပါတယ်။ ဒီဇယ်ကတော့ တလီတာကို ၁,၄၀၀ ကျပ်ဈေး အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာချိန်မှာ ခုလို စက်သုံးဆီဈေးနှုန်းတွေ တက်လာနေတဲ့အတွက် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်လာဖို့သာရှိနေတဲ့အပေါ် ပြည်သူတွေစိုးရိမ်နေကြပါတယ်။

#MyanmarCommodityPrice #MyanmarBusiness #VOABurmese #ဒေါ်လာဈေးတက် #ကုန်ဈေးနှုန်းတက် #လောင်စာဆီဈေးတက် #စစ်အာဏာသိမ်းကောင်စီ #ဗွီအိုအေ#ရွှေဈေးတက် #

=================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG