သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IMF အကြီးအကဲဟောင်း ပြင်သစ် ပြန်တော့မည်

IMF အကြီးအကဲဟောင်း ပြင်သစ် ပြန်တော့မည်
IMF အကြီးအကဲဟောင်း ပြင်သစ် ပြန်တော့မည်

မုဒိမ်းကျင့်ဖို့ ကြံစည်မှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲဟောင်း ဒိုမိနစ်ခ် စထရောက်စ်ခန်း (Dominque Strauss-Khan) ရဲ့ အမေရိကန်က အမှုကို ပယ်ချလိုက်ပြီးတဲ့နောက် စထရောက်စ်ခန်းဟာ တနင်္ဂနွေနေ့မှာ ပြင်သစ်နိုင်ငံဆီ ပြန်တော့မှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံသွားမယ့် လေယာဉ်လက်မှတ် တစောင်ကို စထရောက်စ်ခန်းက ဝယ်ထားပြီးပြီလို့ ပြင်သစ် သတင်းမီဒီယာတွေနဲ့ စထရောက်စ်ခန်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

သူ့အပေါ် စွဲတင်ထားတဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှု စွဲချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အစိုးရရှေ့နေတွေက ရုပ်သိမ်းလိုက်ပြီးတဲ့နောက်မှာ စထရောက်စ်ခန်း အမေရိကန်ကနေ ထွက်ခွာနိုင်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့တာပါ။

နယူးယောက်မြို့မှာ မေလက သူတည်းခိုခဲ့တဲ့ ဟိုတယ်အခန်းထဲမှာ ဟိုတယ်အကူလုပ်သား အမျိုးသမီးကို စထရောက်စ်ခန်းက တကယ်ပဲ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့သလား ဆိုတာ သေသေချာချာ မဆုံးဖြတ်နိုင်ဘူးလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

သူ့အပေါ်မှာ တရားဝင် စွဲချက်တင်ခဲ့ပြီးတဲ့နောက် IMF အကြီးအကဲ အဖြစ်ကနေ စထရောက်စ်ခန်း နှုတ်ထွက်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ၂၀၁၂ ခုနှစ်ကျရင် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ စထရောက်စ်ခန်းဟာ ဆိုရှယ်လစ်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ယူဆထားခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG