သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ နိုင်ငံရေး အခြေအနေ


 ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်လာမယ့် Donald Trump
ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်လာမယ့် Donald Trump

ဒီမိုကရက်ပါတီဖက်က သမ္မတလောင်းအဖြစ် တက်လာနိုင်ခြေရှိတဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton နဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြတဲ့အခါ ရီပတ်ဘလီကန်ပါတီအတွင်းက အရေးပါတဲ့ ခေါင်းဆောင်တွေရဲ့ ထောက်ခံမှု မရတဲ့အပေါ် သူ့အနေနဲ့ စိုးရိမ် ပူပန်ခြင်း မရှိကြောင်း ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတကိုယ်စားလောင်း ဖြစ်လာမယ့် Donald Trump က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာရေး သေချာသလောက် ရှိနေပေမယ့် တမူထူးခြားတဲ့နည်းနဲ့ ကိုယ်စားလှယ်လောင်းဖြစ်လာတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး Trump ကို ထောက်ခံဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်သမ္မတဟောင်း George H. W. Bush နဲ့ သားဖြစ်သူ သမ္မတဟောင်း George W. Bush အပါအဝင် တခြား ပါတီအကြီးအကဲ အတော်များများက ပြောပါတယ်။

ပါတီတွင်း လက်ရှိ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ Paul Ryan ကလည်း သူ့အနေနဲ့ Trump ကို မထောက်ခံခင် Trump အနေနဲ့ ပါတီရဲ့ အစဉ်အလာဖြစ်တဲ့ ရှေးရိုးစွဲ အယူအဆတွေကို လိုက်နာနိုင်ခြင်း ရှိမရှိဆိုတာ သေချာအောင် အရင်စောင့်ကြည့်ရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်ပါတီဘက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ စနေနေ့က Guam ကျွန်းမှာ ကျင်းပတဲ့ ပါတီတွင်း ရွေးချယ်မှုမှာ အနိုင်ရလိုက်တဲ့အတွက် ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ ပိုမို နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပစိဖိတ်ပင်လယ်အတွင်းမှာရှိတဲ့ Guam ကျွန်းမှာ ပြုလုပ်တဲ့ ပါတီတွင်း ရွေးချယ်မှုမှာ Hillary Clinton က မဲအရေအတွက် ၆၀% နဲ့ ကိုယ်စားလှယ် ၇ ဦး ရရှိလိုက်တာပါ။ သူမရဲ့ပြိုင်ဖက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ ကိုယ်စားလှယ် ၃ ဦးသာ ရရှိလိုက်ပါတယ်။

XS
SM
MD
LG