သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump စီးပွားရေးမလုပ်ဘဲ သမ္မတတာဝန် ထမ်းဆောင်မည်


လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ စတင်ပြီး သမ္မတ တာဝန်ထမ်းဆောင်တဲ့အခါ အငြင်းပွားဖွယ် ဖြစ်လာမှာတွေကို ရှောင်ရှားနိုင်ဖို့ သူ့ရဲ့ နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့ စီးပွားရေးကဏ္ဍကို လုပ်ဆောင်တော့မှာ မဟုတ်ဘဲ သမ္မတတာဝန်ကိုသာ လုံးဝ ထမ်းဆောင်သွားမယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။

အချမ်းသာဆုံး အမေရိကန် သမ္မတတယောက် ဖြစ်လာမယ့် Trump က သူပိုင်ဆိုင်တဲ့ ဟိုတယ်လုပ်ငန်း၊ ဂေါက်ကွင်းတွေ၊ အပမ်းဖြေ စခန်းတွေ၊ Trump တံဆိပ်ပါတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ရုံးအဆောက်အဦးတွေနဲ့ လူနေအဆောက်အဦးတွေ နဲ့ ပါတ်သက်တဲ့ ကိစ္စ အဝဝကို မကြာခင်မှာပဲ သူတာဝန်ယူ ဆောင်ရွက်တော့မှာ မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဆက်တိုက်ရေးသား ခဲ့တာ ဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှုတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ တခြား နိုင်ငံပေါင်း ၁၈ နိုင်ငံမှာရှိနေပြီး တန်ကြေးအားဖြင့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနေနိုင်တာပါ။

Trump အနေနဲ့ သူ့ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အဆက်ဖြတ်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ဥပဒေက သတ်မှတ်မထားပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ ဒါဟာ အမေရိကန် သမ္မတတယောက်အနေနဲ့ ကြည့်ရင် သိပ်ကို အရေးပါကြောင်း သူ့ရဲ့များပြားလှတဲ့ လုပ်ငန်းပေါင်းစုံနဲ့ သမ္မတ အလုပ်ကြား ပြဿနာအဖြစ် မခံနိုင်ဘူးလို့ ပြောကြားခဲ့တာပါ။ ဒါ့အပြင် သမ္မတတာဝန်ဟာ အင်မတန်ကို အရေးပါတဲ့ အလုပ်တခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အစီအစဉ်ထဲမှာ မြောက်များလှတဲ့ သူ့ပိုင်ဆိုင်မှုတွေအတွက် သီးခြားစီမံခန့်ခွဲမယ့် သူလက်ထဲ လွှဲခဲ့မှာလား၊ Trump မိသားစုထဲက တယောက်ကမှ ထိန်းချုပ်မှု မလုပ်ဖူးလား ဆိုတာတွေအပြင် တခြားသူ့အစီစဉ်တွေကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ Trump ကတော့ သူ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သူ ပတ်သက်နေမှုတွေ အဆုံးသတ်စေမယ့် တရားဝင် စာရွက်စာတမ်းတွေကို အကြမ်းရေးသားနေပြီလို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG