သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Clinton ပျောက်ဆုံး email ပြန်ရှာတွေ့နိုင်ရေး ရုရှားအကူ Trump တောင်းဆို


ရုရှားနိုင်ငံအနေနဲ့ ဒီမိုကရက်တစ်ပါတီက ဟီလာရီကလင်တန်ရဲ့ အီးမေးလ် server ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး၊ သူမ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ်အတွင်း ပျောက်ဆုံးနေတဲ့ အီးမေးလ် ၃ သောင်းကျော်ကို ပြန်ရှာတွေ့နိုင်ရေးအတွက် ကြိုးပမ်းပေးဖို့ ပြိုင်ဘက် ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump က ဗုဒ္ဒဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

Donald Trump က ဖလော်ရီဒါ ပြည်နယ်က သူပိုင်ဆိုင်တဲ့ ဂေါက်ကွင်း အပန်းဖြေစခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို မှတ်ချက်ပြု ပြောကြားခဲ့တာပါ။

ကလင်တန်ဟာ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ သမ္မတ အိုဘားမားရဲ့ ပထမသက်တမ်းအတွင်း ထိပ်တန်း အမေရိကန် သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ်က အသုံးပြုခဲ့တဲ့ သူမရဲ့ ကိုယ်ပိုင် အီးမေးလ် server မှာ သူမရဲ့ ကိုယ်ရေးကိုယ်တာလို့ သတ်မှတ်ပြီး ဖျက်ပစ်လိုက်တဲ့ အီးမေးလ်တွေကို ရုရှားအစိုးရက ရပြီးသားဖြစ်နေလောက်ပြီလို့ Donald Trump က ပြောပါတယ်။

ခုလို Donald Trump ရဲ့ တိုက်တွန်းချက်ဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံးအနေနဲ့ အဓိက နိုင်ငံရေးပါတီတခုရဲ့ သမ္မတလောင်းတစ်ဦးက သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တစ်ဦးကအပေါ် သူလျှိုလုပ်ဖို့အတွက် ပြည်ပ အင်အားကြီး နိုင်ငံတနိုင်ငံကို တိုက်တွန်းမှု ဖြစ်တယ်လို့ ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေး တာဝန်ရှိသူတွေက တုံ့ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG