သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျဆုံးစစ်သည် မိသားစုအပေါ် Trump ရဲ့မှတ်ချက် ရီပတ်ဘလစ်ကန်အမတ် ဝေဖန်


ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် John McCain
ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် John McCain

အိမ်ခြံမြေလုပ်ငန်းရှင် ကုဋေကြွယ်သူဌေး Donald Trump ရဲ့ ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ပုံစံကြောင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းတဦး ဖြစ်လာခဲ့ပေမယ့်၊ အီရတ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အမေရိကန်မူဆလင် စစ်သည်ရဲ့ မိသားစုအပေါ် ဝေဖန်ခဲ့တဲ့ အပေါ်မှာတော့ ပါတီ တာဝန်ရှိသူတွေ သာမက၊ စစ်ပြန်အဖွဲ့အစည်းတွေကပါ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

အမေရိကန်စစ်တပ်က ကျဆုံးစစ်သည် ဗိုလ်ကြီး Humayon Khan လို မူဆလင်တွေ တိုင်းပြည်ကို ဝင်ခွင့်မပေးသင့်ဘူးလို့ Trump က မှတ်ချက်ပေးခဲ့တဲ့အပေါ် သဘောမတူတဲ့အကြောင်း ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် John McCain က ပြောဆိုခဲ့တာပါ။

Trump ရဲ့ ပြောဆိုချက်တွေဟာ ရီပတ်ဘလစ်ကန် ပါတီနဲ့ တာဝန်ရှိသူတွေကို ကိုယ်စားမပြုဖူး ဆိုတာကို အမေရိကန် လူထုက နားလည်စေလိုကြောင်း၊ Trump ကိုယ်တိုင်လည်း တိုင်းပြည်နဲ့ ပါတီရဲ့ အနာဂတ်အတွက် စံနမူနာကောင်းအဖြစ် ပြသရမယ့် အချိန်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သမ္မတလောင်းအဖြစ် ပါတီက တင်မြှောက်လိုက်ပေမဲ့လည်း အမေရိကန် ပြည်သူတွေ တန်ဘိုးအထားရဆုံး လူပုဂ္ဂိုလ်တွေကို စော်ကားဖို့ လိုင်စင်ထုတ်ပေးလိုက်တဲ့ သဘောမျိုး မဟုတ်တဲ့ အကြောင်းလည်း အထက်လွှတ်တော်အမတ် McCain က ပြောဆိုခဲ့တာပါ။

အထက်လွှတ်တော်အမတ် Chuck Grassley ကလည်း အမေရိကန် စစ်မှုထမ်းတွေရဲ့ မိသားစုတွေဟာ လေးလေးစားစား ဆက်ဆံရမယ့်သူတွေ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ကျဆုံးစစ်သည်တွေရဲ့ မိသားစု ၂၃ ခု ပါဝင်တဲ့ အဖွဲ့ကလည်း သမ္မတလောင်း Trump ရဲ့ စကားတွေဟာ လက်ခံနိုင်စရာ မရှိသလို၊ ပုဂ္ဂိုလ်ရေးအရ စော်ကားရာ ရောက်တယ်လို့ ပြောဆိုခဲ့ကြတာပါ။ ပြည်ပစစ်ပွဲတွေက အမေရိကန် စစ်ပြန်စစ်မှုထမ်းအဖွဲ့ကလည်း Trump ရဲ့ မှတ်ချက်ဟာ ဘောင်ကျော်လွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG