သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Trump ကို တရားစြဲဆိုေရး လႊတ္ေတာ္ ေကာ္မတီ အၾကံျပဳ ေထာက္ခံ  


Capitol Riot Oath Keepers (မွတ္တမ္းဓါတ္ပုံ)

အၾကမ္းဖက္ေရး အားေပးမႈေတြနဲ႔ သမၼတေဟာင္း Donald Trump ကို တရားေရး ဌာနက ရာဇ၀တ္ေၾကာင္း အရ တရားစြဲဆိုေရးကို အေမရိကန္ လႊတ္ေတာ္မွာ ၿပီးခဲ႔တဲ႔ႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔ ဆူပူ အံုႂကြမႈကို စံုစမ္းစစ္ေဆးခဲ႔တဲ႔ လႊတ္ေတာ္ ေကာ္မတီက တနလာၤေန႔မွာ အၾကံျပဳ ေထာက္ခံ လိုက္ပါတယ္။ 

သမၼတေဟာင္း Trump ကို တရားစြဲဆိုေရး လႊတ္ေတာ္ ေကာ္မတီ အၾကံျပဳ ေထာက္ခံ

{{Zawgyi/Unicode }}
၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီက Joe Biden ကို ရံႈးနိမ့္တာကို ေျပာင္းလဲႏိုင္ေရး တရားမ၀င္ ၾကံစည္ေဆာင္ရြက္ဖို႔ ႀကိဳးပမ္းမႈ၊ ေနာက္ အာဏာတည္ၿမဲေရး အတြက္ အၾကမ္းဖက္ေရး အားေပးမႈေတြနဲ႔ သမၼတေဟာင္း Donald Trump ကို တရားေရး ဌာနက ရာဇ၀တ္ေၾကာင္း အရ တရားစြဲဆိုေရးကို အေမရိကန္ လႊတ္ေတာ္မွာ ၿပီးခဲ႔တဲ႔ႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔ ဆူပူ အံုႂကြမႈကို စံုစမ္းစစ္ေဆးခဲ႔တဲ႔ လႊတ္ေတာ္ ေကာ္မတီက တနလာၤေန႔မွာ အၾကံျပဳ ေထာက္ခံ လိုက္ပါတယ္။

ဒီမိုကရက္အမတ္ ၇ ဦးနဲ႔ Trump ကို မေထာက္ခံတဲ႔ ရီပတ္ပလီကန္အမတ္ ၂ ဦးတို႔ပါတဲ႔ ေအာက္လႊတ္ေတာ္ ေကာ္မတီက သမၼတေဟာင္း Trump ကို စြဲခ်က္ ၄ ခုနဲ႔ အမႈဖြင့္ဖို႔ အစိုးရ ေရွ႕ေနေတြကို တညီတၫြတ္တည္း တိုက္တြန္းလိုက္တာဟာဆိုရင္ အေမရိကန္ သမိုင္းမွာ ပထမဆံုး ျဖစ္ရပ္လည္း ျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ ရာထူး သက္တမ္းကုန္တဲ႔ Trump ဟာ ဆူပူအံုႂကြေအာင္ လံႈ႕ေဆာ္မႈ ဒါမွမဟုတ္လည္း အားေပး ကူညီမႈ၊ Biden ရဲ႕ ေရြးေကာက္ပြဲ အႏိုင္ရမႈကို အတည္ျပဳေရး လႊတ္ေတာ္ စည္းေ၀းပြဲကို အေႏွာင့္အယွက္ ျပဳမႈ၊ အေမရိကန္ ျပည္ေထာင္စုကို လိမ္ညာေရး ပူးေပါင္းၾကံစည္မႈ၊ မဟုတ္မမွန္ ေၾကညာခ်က္ထုတ္ေရး ပူးေပါင္းၾကံစည္မႈေတြနဲ႔ ေကာ္မတီက စြပ္စြဲထားတာပါ။

လႊတ္ေတာ္ ေကာ္မတီရဲ႕ ေဆာင္ရြက္ခ်က္ဟာဆိုရင္ တရားဥပေဒေၾကာင္း အရ သက္ေရာက္မႈ မရွိသလို ေကာ္မတီ အေနနဲ႔လည္း ရာဇ၀တ္ေၾကာင္း အရ မစြဲဆိုႏိုင္ပါဘူး။ ဒါေပမဲ႔လည္း အထူးစံုစမ္းေရးမွဴး Jack Smith က ေဆာင္ရြက္ေနၿပီ ျဖစ္တဲ႔ Trump နဲ႔ တျခားေသာ ပုဂၢိဳလ္ေတြ အေပၚ ရာဇ၀တ္ေၾကာင္း အရာ စံုစမ္းစစ္ေဆးေနဆဲ ကိစၥေတြ အတြက္ေတာ့ အခု လႊတ္ေတာ္ ေကာ္မတီရဲ႕ ဆန္းစစ္ခ်က္က တြန္းအား ျဖစ္ေစႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

သမ္မတဟောင်း Trump ကို တရားစွဲဆိုရေး လွှတ်တော် ကော်မတီ အကြံပြု ထောက်ခံ
{{Zawgyi/Unicode }}
၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက Joe Biden ကို ရှုံးနိမ့်တာကို ပြောင်းလဲနိုင်ရေး တရားမဝင် ကြံစည်ဆောင်ရွက်ဖို့ ကြိုးပမ်းမှု၊ နောက် အာဏာတည်မြဲရေး အတွက် အကြမ်းဖက်ရေး အားပေးမှုတွေနဲ့ သမ္မတဟောင်း Donald Trump ကို တရားရေး ဌာနက ရာဇဝတ်ကြောင်း အရ တရားစွဲဆိုရေးကို အမေရိကန် လွှတ်တော်မှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက်နေ့ ဆူပူ အုံကြွမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ လွှတ်တော် ကော်မတီက တနလာၤနေ့မှာ အကြံပြု ထောက်ခံ လိုက်ပါတယ်။

ဒီမိုကရက်အမတ် ၇ ဦးနဲ့ Trump ကို မထောက်ခံတဲ့ ရီပတ်ပလီကန်အမတ် ၂ ဦးတို့ပါတဲ့ အောက်လွှတ်တော် ကော်မတီက သမ္မတဟောင်း Trump ကို စွဲချက် ၄ ခုနဲ့ အမှုဖွင့်ဖို့ အစိုးရ ရှေ့နေတွေကို တညီတညွတ်တည်း တိုက်တွန်းလိုက်တာဟာဆိုရင် အမေရိကန် သမိုင်းမှာ ပထမဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ရာထူး သက်တမ်းကုန်တဲ့ Trump ဟာ ဆူပူအုံကြွအောင် လှုံ့ဆော်မှု ဒါမှမဟုတ်လည်း အားပေး ကူညီမှု၊ Biden ရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို အတည်ပြုရေး လွှတ်တော် စည်းဝေးပွဲကို အနှောင့်အယှက် ပြုမှု၊ အမေရိကန် ပြည်ထောင်စုကို လိမ်ညာရေး ပူးပေါင်းကြံစည်မှု၊ မဟုတ်မမှန် ကြေညာချက်ထုတ်ရေး ပူးပေါင်းကြံစည်မှုတွေနဲ့ ကော်မတီက စွပ်စွဲထားတာပါ။

လွှတ်တော် ကော်မတီရဲ့ ဆောင်ရွက်ချက်ဟာဆိုရင် တရားဥပဒေကြောင်း အရ သက်ရောက်မှု မရှိသလို ကော်မတီ အနေနဲ့လည်း ရာဇဝတ်ကြောင်း အရ မစွဲဆိုနိုင်ပါဘူး။ ဒါပေမဲ့လည်း အထူးစုံစမ်းရေးမှူး Jack Smith က ဆောင်ရွက်နေပြီ ဖြစ်တဲ့ Trump နဲ့ တခြားသော ပုဂ္ဂိုလ်တွေ အပေါ် ရာဇဝတ်ကြောင်း အရာ စုံစမ်းစစ်ဆေးနေဆဲ ကိစ္စတွေ အတွက်တော့ အခု လွှတ်တော် ကော်မတီရဲ့ ဆန်းစစ်ချက်က တွန်းအား ဖြစ်စေနိုင်ပါတယ်။

XS
SM
MD
LG