သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီးပူနွေးလာမှု အစီရင်ခံစာ ကန်သမ္မတအလေးမထား


Trump
Trump

ရာသီဥတုပြောင်းလဲမှုဆိုးကျိုးဆိုင်ရာ အမေရိကန်အစိုးရရဲ့အစီရင်ခံစာထဲက အရေးပါတာတွေ ကို သမ္မတ Donald Trump က အလေးမထားဘဲ လျော့လျော့ပေါ့ပေါ့ ပြန်တုံ့ပြန်ဝေဖန်လိုက် ပါတယ်။

အမေရိကန်အစိုးရဝန်ကြီးဌာနနဲ့ အေဂျင်စီပေါင်း (၁၃) ခု ကနေ စုပေါင်းသုတေသနလုပ်ထားတဲ့ ဒီ အစီရင်ခံစာ ထဲမှာ ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံထဲ မုန်တိုင်းတွေ၊ တောမီးတွေမျိုး သဘာဝ ဘေးအန္တရာယ်တွေ ပို အဖြစ်များ၊ ပို ပြင်းထန်လာတယ်လို့ မနေ့က ထုတ်ပြန်လိုက်တာ ကို အိမ်ဖြူ တော် ပြောခွင့်ရက ဒါက အလွန် အကျူး၊ အဆိုးဆုံးဖြစ်လာနိုင်တာကို ခန့်မှန်းပြောထားတာသာ ဖြစ်တယ်လို့ ပြန်ပြောလိုက်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Lindsay Walters က၊ ဒီ ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာဟာ အလွန်အကျူး အဆိုးဆုံးဖြစ်နိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာမို့ ကာဗွန်ထုတ်လုပ်မှုနဲ့ ရာသီဥတု ပြောင်းလဲ လာမှုတွေ လျော့ချရေးအတွက် နည်းပညာသစ်တွေနဲ့ တီထွင်မှုတွေ မလိုအပ်ပါဘူးလို့ ဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရ အဆက်ဆက်အောက်မှာ လွှတ်တော် ခွင့်ပြုချက်နဲ့ (၄) ကြိမ်မြောက်အဖြစ် ထူးထူးခြားခြား ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာထဲမှာ အခုလို ပိုပိုဆိုးလာတဲ့ အခြေအနေတွေကို ဆက် မကာကွယ်၊ မရှောင်ရှား နိုင်ရင်နောင်လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ အမေရိကန်ရဲ့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာ ရေး၊ သာယာဝပြောရေးတွေအားလုံးကို အကြီးအကျယ်ထိခိုက်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။

အစိုးရဝန်ကြီးဌာနတွေနဲ့ အေဂျင်စီပေါင်း (၁၃) ခု က သုတေသီပေါင်း (၁၃၀) ကျော် စုပေါင်း လေ့လာပြုစုတဲ့ အခု အစီရင်ခံက သမ္မတ Barack Obama လက်ထက်ထဲက စလုပ်ခဲ့တာဖြစ်ပြီး အလွန်အကျူးအဆိုးဆုံး ဖြစ်နိုင်ခြေတွေအပေါ် အလွန်အကျူးအခြေခံရေးသားထားတာသာဖြစ်တယ်၊ တကယ့် ရေရှည်လက်ခံလာခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဖီလာဆန့်ကျင်နေတယ်လို့ ပြောခွင့်ရ Walters က ပြန်ဝေဖန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG