သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆွယ်စည်းရုံးရေး မန်နေဂျာကို Trump အလုပ်ထုတ်ပစ်


အလုပ်ဖြုတ်ခံလိုက်ရသည့် Corey Lewandowski.
အလုပ်ဖြုတ်ခံလိုက်ရသည့် Corey Lewandowski.

အမေရိကန်မှာ ရီပတ်ဘလီကန် ပါတီဖက်က သမ္မတလောင်းဖြစ်ဖို့ မျှော်မှန်းနေတဲ့ Donald Trump က အငြင်းပွားစရာ သူ့ရဲ့ မဲဆွယ် စည်းရုံးရေးမှူး Corey Lewandowski ကို တာဝန်ကနေ ဖယ်ရှားခဲ့ပါတယ်။ Trump စည်းရုံးရေး လှုပ်ရှားမှုတွေမှာ Lewandowski ပါဝင် ပါတ်သက်တော့မှာ မဟုတ်ဘူးလို့ Trump စည်းရုံးရေးအဖွဲ့ ပြောခွင့်ရ Hope Hicks က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ Lewandowski ဟာ အလုပ်ကို အာရုံနှစ်မြုပ် ကြိုးစားသူဖြစ်တယ်လို့လဲ Hicks က ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး Trump မဲဆွယ်စည်းရုံးရေးတွေမှာ စည်းရုံးရေးမှူးလုပ်ခဲ့တဲ့ Lewandowski ဟာ ပြည်တွင်းသတင်းထောက် တော်တော်များများအပေါ် ရန်လို ဆက်ဆံသူဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ် တော်တော်များများက မြင်ကြပါတယ်။ ဒါ့အပြင် ရီပတ်ဘလီကန်ပါတီ တာဝန်ရှိသူတချို့နဲ့လဲ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့ပါတယ်။

Florida ပြည်နယ်မှာ သမ္မတလောင်း အကြိုရွေးပွဲအတွက် စည်းရုံးလှုပ်ရှားမှုအတွင်း အမျိုးသမီးသတင်းထောက် တယောက်ကို ကိုယ်ထိလက်ရောက် နာကျင်အောင် လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့အတွက် လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

Lewandowski ဟာ Trump စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ Paul Manafort နဲ့လဲ ပြဿနာဖြစ်ခဲ့ပါတယ်။ လူထုသဘောထားစစ်တမ်း ကောက်ခံမှုတွေမှာ Trump အပေါ် အများထောက်ခံမှု ကျဆင်းနေသလို၊ သူရဲ့ အငြင်းပွားဖွယ် ပြောကြားချက်တွေအပေါ် စိုးရိမ်ကြတဲ့ ရီပတ်ဘလီကန်ပါတီဝင် အများအပြားကလဲ သူ့ကို ထောက်ခံဖို့ ဝန်လေးနေကြပါတယ်။

ဒီလိုအခြေအနေမှာပဲ ခုလို မဲဆွယ်စည်းရုံးရေးမှူး Corey Lewandowski ကိုဖယ်ရှားလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG