သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ အမျိုးသမီးအရေး ကန်သမ္မတသမီး Ivanka Trump ပါဝင်ဆောက်ရွက်မည်


ကမ္ဘာ့ပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာနေတဲ့ အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမယ့် အမေရိကန်သမ္မတရဲ့သမီး Ivanka Trump
ကမ္ဘာ့ပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာနေတဲ့ အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမယ့် အမေရိကန်သမ္မတရဲ့သမီး Ivanka Trump

အမေရိကန်သမ္မတ Donald Trump က သူ့သမီး Ivanka Trump အနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီးတွေ အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရအောင် ကူညီပေးမယ့်အစီအစဉ်အပေါ် ထောက်ခံကြောင်း ပြောဆိုလိုက်ပါတယ်။

အိမ်ဖြူတော် အကြီးတန်းအကြံပေး Ivanka Trump ဦးဆောင်တဲ့ ကမ္ဘာ့အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ချမ်းသာကြွယ်ဝရေး အစိုးရအချင်းချင်းကြား လုပ်ဆောင်ရမယ့်စီမံကိန်း စတင်လိုက်တဲ့အကြောင်း ကြာသပတေးနေ့မှာ သမ္မတ Trump က ကြေညာခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဌာန၊ အမျိုးသားလုံခြုံရေး ဌာနနဲ့ တခြား ဝန်ကြီးဌာနတွေလည်း ဒီစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

အလုပ်သင်တန်းများ၊ ငွေကြေးထောက်ပံ့မှု၊ ဥပဒေ စည်းမျဥ်းစည်းကမ်း ပြင်ဆင်မှုတွေ စတဲ့ ကဏ္ဍတွေမှာ အမျိုးသမီးတွေကို အကူအညီပေးတဲ့ လက်ရှိအစီအစဉ်တွေအပြင် အစီအစဉ်သစ်တွေလည်း တိုးချဲ့လုပ်ဆောင် သွားဖို့ စီစဉ်ထားပါတယ်။ နောက် ၆ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီး သန်း ၅၀ စီးပွားရေး ဖွံံ့ဖြိုး တိုးတက် စေဖို့ ဒီစီမံကိန်းက ကူညီပေးနိုင်မယ်လို့ ရည်မှန်းထားတာပါ။ ဒီစီမံကိန်းအတွက် အစိုးရရော၊ ပုဂ္ဂလိက အထောက်အပံ့တွေ ယူသွားမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနက ဒီစီမံကိန်း အတွက် အသုံးစရိတ် ဒေါ်လာ သန်း ၅၀ ချမှတ်ထားပြီး ဖြစ်ပါတယ်။

ကမ္ဘာ့ အမျိုးသမီးအရေး ကန်သမ္မတသမီး Ivanka Trump ပါဝင်ဆောက်ရွက်မည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG