သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ Kim Jong Un ဖေဖေါ်ဝါရီလကုန်တွေ့မည်


အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်
အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ၂ ဦးတို့ရဲ့ ဒုတိယ အကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြုလုပ်ဖြစ်မယ်လို့ သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ထိပ်သီး စည်းဝေးပွဲနေရာကိုတော့ နောက်ပိုင်းမှာ အသိပေးမယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နြူကလီယား အစီအစဉ်တွေ အဆုံးသတ်ရေးအတွက် ရည်ရွယ် ပြုလုပ်တဲ့ ဆွေးနွေးပွဲလို့ အိမ်ဖြူတော်က အမည်ပေးထားတဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့်အကြောင်းကိုတော့ မြောက်ကိုရီးယားရဲ့ ထိပ်တန်း နြူကလီးယားဆိုင်ရာ အထူးသံတမန် Kim Yong Chol နဲ့ သမ္မတ Trump တို့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်းဖြစ်သလို၊ ခေါင်းဆောင် Kim Jong Un ရဲ့ ညာလက်ရုံးလို့လည်း တင်စား ခေါ်ဆိုခြင်းခံရတဲ့ အထူးသံတမန်နဲ့ သမ္မတ Trump တို့ရဲ့ တွေ့ဆုံမှုဟာ မိနစ် ၉၀ လောက် ကြာလိုက်တယ်လို့ ဆိုပါတယ်။

သမ္မတ Trump အစိုးရအနေနဲ့ မြောက်ကိုရီးယားအရေးမှာ တိုးတက်မှုတွေရှိလာအောင် ဆက်လက် လုပ်ဆောင်နေကြောင်း တွေ့ဆုံမှုအပြီးမှာ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က သတင်းထောက်တွေကို ပြောပါတယ်။

သောကြာနေ့ အစောပိုင်းတုန်းကတော့ မြောက်ကိုရီးယား ကိုယ်စားလှယ် Kim Yong Chol ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဝါရှင်တန် ဒီစီက ဟိုတယ်တခုမှာ တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG