သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်ငွေ Trump အစိုးရ သိသာစွာလျော့ချ


Trump Financial Regulations
Trump Financial Regulations

အမေရိကန်ပြည်ထောင်စုက လုပ်ငန်းရှင်ကြီးတွေအတွက် အခွန်အခတွေ သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က အဆိုပြုလိုက်ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးစီးပွါးရေးလုပ်ဆောင်နေတဲ့ အမေရိကန် နိုင်ငံမှာ အလုပ်အကိုင်ကြီးထွားမှု တိုးလာစေဖို့ဖြစ်ပြီး နိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ အခွန်အခ သတ်မှတ်ချက်တွေအတွက် ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှု ဖြစ်သလို ဒါဟာ အခွန်ထမ်း အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် သက်ရောက်မှုလည်း ရှိလာမှာ ဖြစ်ပါတယ်။

ကမ္ဘာ့စက်မှုထွန်းကားတဲ့ နိုင်ငံတွေကြားမှာ အများဆုံး ဖြစ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကြီးတွေအတွက် ကောက်ခံတဲ့ အခွန်ခနှုန်းကို ၃၅ % ကနေ ၁၅ % အထိ လျှော့ချဖို့ သမ္မတ Trump က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပြင်ပမှာ ဖွင့်ထားတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ သူတို့ရတဲ့ အမြတ်ငွေတွေကို ပြန်ထုတ်ခွင့် တကြိမ်သာ ပေးဖို့လည်း ပါဝင်ပါတယ်။ ဒီလို လုပ်တာဟာ အမေရိကန် နိုင်ငံထဲ ငွေ ဒေါ်လာ ထရီလီယံပေါင်းများစွာ ပြန်ရောက်လာမှာ ဖြစ်ပြီး ပြည်တွင်း ရင်းနှီးမှု ချဲ့ဖို့ ဖြစ်လာနိုင်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin ကပြောပါတယ်။

သမ္မတအိမ်ဖြူ စီးပွါးရေးအကြံပေး အရာရှိချုပ် Gary Cohn ကတော့ အလုပ်အကိုင်ဖန်တီးရေးနဲ့ စီးပွါးရေးကြီးထွားလာစေဖို့က ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း ပြောပါတယ်။ အဓိက အခြေခံပြီး လုပ်ဆောင်တာက အခွန်စံနစ်ကို အရိုးရှင်းဆုံးဖြစ်အောင် ပေးရတဲ့ နှုန်းကို လျှော့ပြီး သက်သာအောင် လုပ်ပေးတာလို့လည်း ပြောပါတယ်။ ဒါ့အပြင် လူတွေ အခွန်နဲ့ ပိမနေပဲ စံနစ်ကို မျှတအောင် လုပ်ရင်း စီးပွါးရေး ရင်းနှီး မြှုပ်နှံမှုတွေ ပြန်ပြီး နိုးကြွလာအောင်လုပ်ဖို့ ကြိုးစားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အခွန်လျှော့ချမှုလုပ်ဖို့ အဆိုတင်သွင်းတာလို့လည်း Mnuchin ပြောပါတယ်။

အခုလို အခွန်ပေးဆောင်တဲ့ အစီအစဉ်ကို ချက်ချင်း လုပ်ဆောင်ဖို့ သမ္မတ Trump က မပြောသေးပေမယ့် ဒါဟာ လာမယ့် ဆယ်နှစ် ကျော်ကျော်လောက်ကျရင် အမေရိကန်အတွက် လက်ရှိ ကြွေးမြီ သန်းပေါင်း ၂၀ ထရီလီယံ ရှိနေတဲ့ထဲမှာ နောက်ထပ် ၂ ထရီလီယံလောက် ထပ်ဆောင်းလာနိုင်တဲ့ အနေထားလို့ စီးပွါးရေး သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG