သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump ရဲ႕ ညီျဖစ္သူ နယူးေယာက္ၿမိဳ႕မွာ ကြယ္လြန္


၂၀၁၆ ခုႏွစ္တုန္းက အေမရိကန္သမၼတအျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့ Donald Trump (ေရွ႕) နဲ႔ ေပြ႔ဖက္ႏႈတ္ဆက္ေနတဲ့ ညီျဖစ္သူ Robert Trump. (ႏုိဝင္ဘာ ၉၊ ၂၀၁၆)

(Zawgyi / Unicode)

သမၼတ Donald Trump ရဲ႕ညီ အသက္ ၇၂ ႏွစ္ရွိ စီးပြားေရးလုပ္ငန္းရွင္ Robert Trump ဟာ မေန႔ စေနေန႔ညပိုင္းက နယူးေယာက္ၿမိဳ႕ ေဆး႐ုံမွာ ကြယ္လြန္သြားခဲ့ပါတယ္။

အေတာ္နာမက်န္းျဖစ္ေနတဲ့ သူ႔ညီ ေဆး႐ုံတက္ ေဆးကုသမႈ ခံယူေနတာကို ေသာၾကာေန႔တုန္းက သမၼတ Trump သြားၿပီး ၾကည့္ခဲ့ေသးတယ္လို႔ အိမ္ျဖဴေတာ္ တာဝန္ရွိသူေတြက ေျပာပါတယ္။

သူ႔ညီျဖစ္သူ ကြယ္လြန္သြားတဲ့အေပၚမွာ ဝမ္းနည္းမိေၾကာင္းနဲ႔ သူ႔ကို အၿမဲအမွတ္ရေနမွာျဖစ္ေၾကာင္း သမၼတ Trump က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

အခုကြယ္လြန္သူ Robert Trump ဟာ အသက္ ၇၄ ႏွစ္ရွိေနၿပီျဖစ္တဲ့ သမၼတ Trump နဲ႔ အနီးစပ္ဆုံးရွိတဲ့ ညီအငယ္ဆုံးလည္း ျဖစ္ပါတယ္။ ဒီလထဲမွာပဲ သူဟာ နာမက်န္းတာေၾကာင့္ အေရးေပၚ ေဆးကုသမႈ ရက္ရွည္ခံယူေနခဲ့ရပါတယ္။

Robert Trump က အေစာပိုင္းက ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း လုပ္ကိုင္ခဲ့ၿပီးေနာက္မွာ မိသားစု စီးပြားေရးလုပ္ငန္းေတြမွာ ပါဝင္လာတာျဖစ္ၿပီး သမၼတ Trump ပိုင္ စီးပြားေရးလုပ္ငန္းေတြမွာ ထိပ္တန္း အိမ္ၿခံေျမ အလုပ္အမႈေဆာင္တဦးအျဖစ္ စီမံအုပ္ခ်ဳပ္ခဲ့ပါတယ္။

အိမ္ၿခံေျမလုပ္ငန္းရွင္ႀကီး Fred Trump ရဲ႕ သားျဖစ္သူ Robert Trump ကို ၁၉၄၈ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး သူ႔မွာ သမၼတ Donald Trump အပါအဝင္ ေမြးခ်င္း ၅ ေယာက္ရွိပါတယ္။

အစ္ကိုျဖစ္သူ Trump ကို ရာႏႈန္းျပည့္ ေထာက္ခံသူ Robert Trump ဟာ ေနာက္ပိုင္းႏွစ္ေတြမွာ အၿငိမ္းစားအျဖစ္နဲ႔ နယူးေယာက္ၿမိဳ႕ Hudson Valley မွာ အေျခခ် ေနထိုင္ေနခဲ့ေပမယ့္ သူဟာ Trump အစိုးရကို ေထာက္ခံသူျဖစ္ေၾကာင္း ၂၀၁၆ ခုႏွစ္တုန္းက New York Post သတင္းစာနဲ႔ ေတြ႔ဆုံေမးျမန္းခန္းတခုမွာ ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

သမ္မတ Trump ရဲ့ ညီဖြစ်သူ နယူးယောက်မြို့မှာ ကွယ်လွန်

သမ္မတ Donald Trump ရဲ့ညီ အသက် ၇၂ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် Robert Trump ဟာ မနေ့ စနေနေ့ညပိုင်းက နယူးယောက်မြို့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အတော်နာမကျန်းဖြစ်နေတဲ့ သူ့ညီ ဆေးရုံတက် ဆေးကုသမှု ခံယူနေတာကို သောကြာနေ့တုန်းက သမ္မတ Trump သွားပြီး ကြည့်ခဲ့သေးတယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။

သူ့ညီဖြစ်သူ ကွယ်လွန်သွားတဲ့အပေါ်မှာ ဝမ်းနည်းမိကြောင်းနဲ့ သူ့ကို အမြဲအမှတ်ရနေမှာဖြစ်ကြောင်း သမ္မတ Trump က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အခုကွယ်လွန်သူ Robert Trump ဟာ အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ သမ္မတ Trump နဲ့ အနီးစပ်ဆုံးရှိတဲ့ ညီအငယ်ဆုံးလည်း ဖြစ်ပါတယ်။ ဒီလထဲမှာပဲ သူဟာ နာမကျန်းတာကြောင့် အရေးပေါ် ဆေးကုသမှု ရက်ရှည်ခံယူနေခဲ့ရပါတယ်။

Robert Trump က အစောပိုင်းက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခဲ့ပြီးနောက်မှာ မိသားစု စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လာတာဖြစ်ပြီး သမ္မတ Trump ပိုင် စီးပွားရေးလုပ်ငန်းတွေမှာ ထိပ်တန်း အိမ်ခြံမြေ အလုပ်အမှုဆောင်တဦးအဖြစ် စီမံအုပ်ချုပ်ခဲ့ပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်ကြီး Fred Trump ရဲ့ သားဖြစ်သူ Robert Trump ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့မှာ သမ္မတ Donald Trump အပါအဝင် မွေးချင်း ၅ ယောက်ရှိပါတယ်။

အစ်ကိုဖြစ်သူ Trump ကို ရာနှုန်းပြည့် ထောက်ခံသူ Robert Trump ဟာ နောက်ပိုင်းနှစ်တွေမှာ အငြိမ်းစားအဖြစ်နဲ့ နယူးယောက်မြို့ Hudson Valley မှာ အခြေချ နေထိုင်နေခဲ့ပေမယ့် သူဟာ Trump အစိုးရကို ထောက်ခံသူဖြစ်ကြောင်း ၂၀၁၆ ခုနှစ်တုန်းက New York Post သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG