သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ Vladimir Putin တွေ့ဆုံ


အာဂျင်တီးနား G 20 စည်းဝေးပွဲမှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြတဲ့ ရုရှားသမ္မတနဲ့ အမေရိကန် သမ္မတနှစ်ဦး။
အာဂျင်တီးနား G 20 စည်းဝေးပွဲမှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြတဲ့ ရုရှားသမ္မတနဲ့ အမေရိကန် သမ္မတနှစ်ဦး။

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတို့ဟာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က သမ္မတ Trump နဲ့ သမ္မတ Putin တို့ဟာ G-20 ထိပ်သီးပွဲရဲ့ သောကြာနေ့ည ညစာစားပွဲမှာ အလွတ်သဘောဆွေးနွေးခဲကြတယ်လို့ စနေနေ့မှာ ကြေညာချက် ထုတ်ခဲ့တာပါ။

ရုရှားအနေနဲ့ ယူကရိန်းသင်္ဘောတွေနဲ့ သင်္ဘောသားတွေကို ဖမ်းဆီးခဲ့တာကြောင့် ဒီ G-20 ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲမှာ အရင် ရုရှားသမ္မတနဲ့ တရားဝင်တွေ့ဖို့ပြင်ထားခဲ့တာကို သမ္မတ Trump ဘက်က ဖျက်ခဲ့အပြီးမှာ ခုလို အလွတ်သဘောတွေ့ဆုံတာဖြစ်လာခဲ့တာပါ။

အိမ်ဖြူတော်ပြောခွင့်ရ Sanders က ဆက်ပြီး သမ္မတ Trump နဲ့ဇနီးတို့ မနေ့က ညစာစားပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အလွတ်သဘောအများကြီးတွေ့ခဲ့ရာမှာ သမ္မတ Putin နဲ့လည်း အလားတူ တွေ့ခဲ့တာကခုလို နိုင်ငံတကာပွဲတွေရဲ့ သဘာဝပါပဲလို့ ဆိုပါတယ်။

ဒါပေမဲ့ ခုလို အမေရိကန်နဲ့ ရုရှား သမ္မတ (၂) ဦးတွေ့ရာမှာ ဘာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ် ဆိုတာ ကိုတော့ အိမ်ဖြူတော်ပြောခွင့်ရ Sanders က ရှင်းမပြခဲ့ပါဘူး။

ပြီးခဲ့တဲ တနင်္ဂနွေနေ့တုန်းက ယူကရိန်းသဘောၤနဲ့သဘောၤသားတွေဟာ ရုရှားရေပိုင်နက်ထဲကို ကျူးကျော်လာ တာကြောင့် ဖမ်းဆီးခဲ့ရတာလို့ ရုရှားက စွပ်စွဲထားပေမယ့် ယူကရိန်းဘက်ကတော့ ဒါက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ဖြစ်ခဲ့တာလို့ ပြန်ငြင်းထားပါတယ်။

please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG