သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းဒုံးက်ည္ေၾကာင့္ တပ္ဖြဲ႕ဝင္ ၉၀ နီးပါး ေသဆုံးေၾကာင္း ႐ုရွားအတည္ျပဳ


Aftermath of recent shelling in Makiivka

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံ Donetsk ေဒသက ႐ုရွားထိန္းခ်ဳပ္ထားတဲ့ Makiivka ၿမိဳ႕မွာ ႐ုရွားစစ္သား ၈၉ ေယာက္ ေသဆုံးသြားခဲ့ၿပီး ခြင့္မျပဳဘဲဖုန္းသုံးခဲ့တာေၾကာင့္ ယူကရိန္းရဲ႕အတိုက္အခိုက္ခံခဲ့ရတာလို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔က ေျပာပါတယ္။ အမ်ားစုက အသစ္စုေဆာင္းထားတဲ့ စစ္သားအသစ္ေတြ ျဖစ္ၾကတယ္လို႔ ေအအက္ဖ္ပီ သတင္းကေတာ့ ဆိုပါတယ္။

႐ုရွားတပ္ေတြက ေက်ာင္းတေက်ာင္းကို ေျပာင္းလဲထားခဲ့တဲ့ စစ္စခန္းကို အေမရိကန္လုပ္ HIMARS ေလာင္ခ်ာဒုံးက်ည္‌ ၄ ခုနဲ႔ ဇႏၷဝါရီလ ၁ ရက္ေန႔က ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ကနဦးက ႐ုရွား စစ္သား ၆၃ ေယာက္ ေသဆုံးခဲ့တယ္လို႔ ႐ုရွားက ေျပာခဲ့တာပါ။ တိုက္ခိုက္ခဲ့တဲ့အေျခအေနကို ေကာ္မရွင္က စုံစမ္းစစ္ေဆးေနတယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက လူမႈ စာမ်က္ႏွာ အင္စတာဂရမ္ေပၚမွာ ေျပာထားပါတယ္။

႐ုရွားစစ္သားေတြေနထိုင္တဲ့ေနရာနဲ႔ စစ္လက္နက္ပစၥည္းေတြ သိုေလွာင္ထားရာေနရာက နီးပုံရတယ္လို႔ ၿဗိတိန္ကာကြယ္ေရး ဝန္ႀကီးဌာနက ဗုဒၶဟူးေန႔က ေျပာပါတယ္။ ပ်က္စီးတဲ့ အတိုင္းအဆကိုၾကည့္ၿပီး ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ခုလို ေျပာတာပါ။ ေလာင္ခ်ာဒုံးက်ည္က်ေရာက္ၿပီး ဆက္လက္ ေပါက္ကြဲမႈေတြ ရွိခဲ့တယ္လို႔ဆိုပါတယ္။

အဲဒီတိုက္ခိုက္မႈကိုလက္တုံ႔ျပန္တဲ့အေနနဲ႔ Donetsk ေဒသမွာရွိတဲ့ Druzhkivka ရထားဘူတာ႐ုံအနီးက စစ္လက္နက္ပစၥည္းထားရွိရာေနရာကို ႐ုရွားက ေလေၾကာင္းကတိုက္ခိုက္ခဲ့ရာမွာ ယူကရိန္းဘက္က လူ ၂၀၀ နဲ႔ HIMARS ေလာင္ခ်ာ ၄ ခု၊ ေရာ့ကက္ ဒုံးက်ည္ ၈၀၀ ေက်ာ္ကို ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ ႐ုရွားကဆိုပါတယ္။

=====================

[[Unicode]]

ယူကရိန်းဒုံးကျည်ကြောင့် တပ်ဖွဲ့ဝင် ၉၀ နီးပါး သေဆုံးကြောင်း ရုရှားအတည်ပြု

ယူကရိန်းနိုင်ငံ Donetsk ဒေသက ရုရှားထိန်းချုပ်ထားတဲ့ Makiivka မြို့မှာ ရုရှားစစ်သား ၈၉ ယောက် သေဆုံးသွားခဲ့ပြီး ခွင့်မပြုဘဲဖုန်းသုံးခဲ့တာကြောင့် ယူကရိန်းရဲ့အတိုက်အခိုက်ခံခဲ့ရတာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အများစုက အသစ်စုဆောင်းထားတဲ့ စစ်သားအသစ်တွေ ဖြစ်ကြတယ်လို့ အေအက်ဖ်ပီ သတင်းကတော့ ဆိုပါတယ်။

ရုရှားတပ်တွေက ကျောင်းတကျောင်းကို ပြောင်းလဲထားခဲ့တဲ့ စစ်စခန်းကို အမေရိကန်လုပ် HIMARS လောင်ချာဒုံးကျည်‌ ၄ ခုနဲ့ ဇန္နဝါရီလ ၁ ရက်နေ့က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကနဦးက ရုရှား စစ်သား ၆၃ ယောက် သေဆုံးခဲ့တယ်လို့ ရုရှားက ပြောခဲ့တာပါ။ တိုက်ခိုက်ခဲ့တဲ့အခြေအနေကို ကော်မရှင်က စုံစမ်းစစ်ဆေးနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လူမှု စာမျက်နှာ အင်စတာဂရမ်ပေါ်မှာ ပြောထားပါတယ်။

ရုရှားစစ်သားတွေနေထိုင်တဲ့နေရာနဲ့ စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ထားရာနေရာက နီးပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ပျက်စီးတဲ့ အတိုင်းအဆကိုကြည့်ပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ခုလို ပြောတာပါ။ လောင်ချာဒုံးကျည်ကျရောက်ပြီး ဆက်လက် ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့ Donetsk ဒေသမှာရှိတဲ့ Druzhkivka ရထားဘူတာရုံအနီးက စစ်လက်နက်ပစ္စည်းထားရှိရာနေရာကို ရုရှားက လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ ယူကရိန်းဘက်က လူ ၂၀၀ နဲ့ HIMARS လောင်ချာ ၄ ခု၊ ရော့ကက် ဒုံးကျည် ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားကဆိုပါတယ်။

XS
SM
MD
LG