သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားအတွက် ဒေါ်လာ ၂.၄ ဘီလီယံကူညီဖို့ နိုင်ငံတကာအလှူရှင်တွေ ကတိပြု


ဆီးရီးယားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေရဲ့ဒဏ်ကို ခံစားနေရသူတွေအတွက် နိုင်ငံတကာ အလှူရှင်တွေက ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံ ကူညီဖို့ ကတိပြုခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဆီးရီးယား ဒုက္ခသည်တွေအတွက် ဒေါ်လာ ၆ ဒဿမ ၅ ဘီလီယံ ရန်ပုံငွေရှာဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကူဝိတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ပထမအကြိမ် အလှူရှင်များ တွေ့ဆုံပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက အဲဒီလို ကြေညာလိုက်တာပါ။

ဒါဟာ ပဋိပက္ခတခုတည်းအတွက် အများဆုံး အလှူငွေ ကောက်ခံတာလည်း ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေက တိုင်းပြည်ကို ဆယ်စုနှစ်နဲ့ချီ အနောက်ကို ပြန်ပို့လိုက်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒီအထဲမှာ ကူဝိတ်နိုင်ငံက ဒေါ်လာ သန်း ၅၀၀ ကူညီခဲ့သလို အမေရိကန် ပြည်ထောင်စုက သန်း ၃၈၀ ကူညီမယ့်အကြောင်း နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံအတွင်း ဥရောပတိုက်သား စစ်သွေးကြွ ၁,၂၀၀ လောက် ဝင်ရောက် လှုပ်ရှားနေတဲ့ ကိစ္စအတွက် ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ ဥရောပသမဂ္ဂ အရာရှိတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဆီးရီးယား အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အနောက်နိုင်ငံတချို့က ထောက်လှမ်းရေးအဖွဲ့ ဆီးရီးယားအစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆီးရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Faisal Mekdad က ဗြိတိသျှ သတင်းဌာနကို ပြောခဲ့ပါတယ်။
XS
SM
MD
LG